“စာပီတန်ဖိုးကို မြှင့်တင်လားကတ်ပါမေ”

လွန်ခရေ လေးငါးခြောက်နှစ်ပတ်ဝန်းကျင်ကဆိုကေ ရခိုင်သားတိကိုယ်ပိုင်လွှင့်တင်ထားရေ ၀ပ်ဆိုတ်တိက သုံးလေးခုလောက်ရာဟိခပါ ရေ။ အွင်လိုင်းမှာ တွိကတ်ဆုံကတ်ဆွေးနွေးလို့ ရရေ သတင်းအချက်အလက်တိဖလှယ်လို့ ရရေ ကွန်ယှက်တိကလေ့ အနည်းချေပါ။ ယင်းအချိန်က အဂုအေအမ်ပီပိုင် အဖွဲ့ ဝင်ပေါင်းသုံးထောင်ကျော်လောက်စုနိန်လာကတ်တေ ရခိုင်လူ့ ဘောင်သစ်ချေတစ်ခု အိန်တာနတ်မှာ ဖြစ်တည်လာဖို့ လို့  ယောင်လို့ ပင် အိမ်မက် မက်ဖူးခကတ်ဖို့ မဟုတ်ပါ။ ယေကေလေ့ မထင်ထားစွာတိ ဖြစ်တတ်တေ စက္ကန့် နန့် လိုက်ပနာ ပြောင်းလဲလာရေ ကမ္ဘာ့ရွာက သတင်းနည်းပညာလက်ဆောင်သစ်တိ တစ်ခုပြီးကေ တစ်ခုပီးနိန်လို့  မစိုင်းစားဝံ့ခရေ စိတ်ကူးချေတိက လက်တွိကိုယ်ရောင်ပြပနာ ကိုယ့်ကွန်ပြူတာရှိကို ရောက်ပါလတ်စွာကို တစ်ယောက်လေ့ ငြင်းလို့ ရလီ
ဖို့ မထင်ပါ။

အေအမ်ပီကို စပြီးကေ ဖန်တီးလိုက်တေ အချိန်က ရခိုင်နန့် ရခိုင်ကြားကဆက်သွယ်ရေးလမ်းမကြီးထက်မှာ ဖြတ်သန်းလားနိန်ကတ်တေ စကားလုံးတိထဲမှာ ရခိုင်ရို့ ဘာသာစာပီစကားလုံးတိက လူရာမ၀င်ခလို့  ပြောကေ မှားလီဖို့ မထင်ပါ။ ယေကေလေ့ ကိုယ်ပိုင်ဘာသာစကားကို နှစ်ပေါင်းငါးထောင်ကျော်သုံးလာကတ်တေ လူမျိုးတစ်မျိုးအတွက် ကိုယ်ရို့ အမင်ဘာသာစကားစာပီကို ကိုယ်ရို့ ပိုင်ရေနယ်ပယ်ရပ်ဝန်းမှာ မကြာရေအချိန်ကာလချေတခုအတွင်း ရှိတန်းတင်သုံးစွဲလာနိုင်ကတ်စွာက မှန်ကန်သွီးစစ်မြင့်မြတ်တေ ရွီးချယ်မှုနန့်  မျိုးရိုးစိုင်လာယိုင်ကျေးမှုအမွီအနှစ်တိကို လက်ဖြန့် ယူ ထိန်းသိမ်းလိုက်ခြင်းပင် ဖြစ်ပါရေ။

ပိုပြီးကေတောက်ပရေ စာမျက်နှာတိကိုချယ်သလာကတ်တေ နောက်ပိုင်း အေအမ်ပီရင်ပြင်ထက်မှာ ရခိုင်စာပီပန်းခင်းကြီးတစ်ခုပွင့်လာရေပိုင် အရောင်အသွီးကာလာစုံရေ ရက္ခစာပီအညွန့် အဖူးအငုံအပွင့်ချေတိ စိမ်းစိုပွင့်လန်းလာစွာကို တွိမြင်လာကတ်ရပါရေ။ နိုင်ငံရေးစာပီ၊ ဘာသာရေးစာပီ၊ ရသစာပီ၊ သုတစာပီ၊ သရော်စာ၊ ဝေဖန်ရေး၊ ဘာသာပြန်၊ လူမှုရေးစီးပွါးရေးသာရေးနာရေး၊ ခရီးလားမှတ်တမ်း၊ သတင်း စရေ အရီးအသားမျိုးစုံကို ဖန်တီးလာနိုင်ကတ်ခြင်း
ဖြန့် ဝီပီးလာနိုင်ကတ်ခြင်းက ခေတ်သစ်ရခိုင်အီလက်ထရွန်နခ်စာပီသစ် (Modern Arakanese Electronic Literature) တစ်ခုကို ဆွဲဆောင်မှုဟိဟိ ပီပီပြင်ပြင်ထင်ထင်ယှားယှား မော်ကွန်းတင်လမ်းသစ်ခင်းလိုက်နိုင်ခြင်းပင်ဖြစ်ကြောင်း ဖော်ပြနိန်ပါရေ။

အေပိုင်စာပီခရီးကို ချီတက်လားကတ်တေအချိန်မှာ ရွှီစစ်မစစ် မှတ်ကျောက်တိုက်ကြည့်ကတ်တေပိုင် စာပီစိတ်ဓါတ်ဇာလောက်ခိုင်မာမှုဟိလဲ ဆိုစွာကို စမ်းသပ်လာကတ်ဖို့ စွာက လောကသဘောလို့ ပြောကတ်ရပါဖို့ ။ စိန်ခေါ်မှုစွာ ရှိဆက်လားဖို့  တွန်းအားတစ်ခုဖြစ်တေပိုင် လုံ့ လကို အပြည့်ဖြည့်လို့  ယုံကြည်မှုဇွဲသတ္တိကို နှနှောင်းကိုင်ပနာ ခြီလှမ်းလှမ်းလားကေ အောင်မြင်မှုပန်းဖူးကိုမျှော်မှန်းထားကတ်တေအတိုင်း ဆွတ်ခူးလာနိုင်ဖို့ စွာက ကျိန်းသီနိန်ပါရေ။

အေထက်ပိုပြီးကေ စာကောင်းစာသန့် တိကို ရီးလာနိုင်ဖို့  ကြိုးစားအားထုတ်ကတ်ရဖို့ စွာက ရခိုင့်စာပီလှုပ်ယှားမှုထဲမှာ ဟိနိန်ကတ်တေ အားလုံးသူရို့ တာဝန်ပင်ဖြစ်ပါရေ။ ရခိုင်သားရို့ ရင်ဖတ်အ၀ီစိတွင်းနက်ထဲက စိမ့်ယိုထွက်ကျလာရေ စကားလုံးတိကို နှလုံးသွီးနန့် ဆီးပနာ လက်ထဲက ကလောင်နန့်  မော်ကွန်းထိုးကတ်ရဖို့ စွာက သမိုင်းကပီးရေ အလုပ်ပင်ဖြစ်ပါရေ။ အရီးအသားတိ များလာလီလီ စာပီက ပိုလို့ 
ကျယ်ပြန့် တန်ဖိုးဟိလာလီလီဖြစ်တတ်လို့  ရခိုင့်လူ့  ဘောင်အတွက် အသက်သွီးကြောဖြစ်တေ ရခိုင့်စာပီကို အေထက်ပိုပြီးကေ ဆန်းသစ်တောက်ပြောင်လာအောင် မြင့်မြတ်တေအမျိုးချစ်စိတ်နန့်  ဖန်တီးတည်ဆောက်လားကတ်ပါမေ။ ။ ။

( စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး )

ရခိုင်စကားသံနန့် ရခိုင်စာလုံးပေါင်း


ရခိုင်လူမျိုးအချင်းချင်း ဆက်ဆံပြောဆိုသောစကားရေ ရခိုင်စကားဖြစ်တေလို့ အကြမ်းဖျင်းပြော
နှိုင်ရေပိုင် ရခိုင်ပြည်က ရခိုင်လူမျိုးရို့ပြောရေစကားတိနန့် ရှီးရခိုင်နိုင်ငံဧရိယာဖြစ်တေ သက်
ထောင်၊ဖလံထောင်၊ဘိုမင်းထောင်၊တြိပူရ ဒေသက ရခိုင်လူမျိုးရို့ပြောရေစကားတိကိုလေ့ ရခိုင်
စကားဖြစ်တေလို့ ဆိုနှိုင်ပါရေ။ရခိုင်ပြည်ရေ မြစ်ချောင်း၊အင်းအိုင်နန့် တောတောင်များရေ တိုင်း
ပြည်ဖြစ်ပြီး တစ်နီရာနန့်တစ်နီရာ လားလာရခက်ခဲရေအတွက်ကြောင့် ရခိုင်လူမျိုးရို့လေ့ သူရို့နီ

ထိုင်ရာ အရပ်ဒေသကိုလိုက်ပနာ စကားအမျိုးအစားကွဲကတ်ပါရေ။ အထူးသဖြင့် ရခိုင်နိုင်ငံတော်
ကျဆုံးရေနောက်ပိုင်းမာ အိန္ဒိယနိုင်ငံဧ့ အစိတ်အပိုင်းဖြစ်လားရေရခိုင်ဒေသက ရခိုင်လူမျိုးရို့က
အိန္ဒိယစာ၊ ဘင်္ဂလားနိုင်ငံဧ့ အစိတ်အပိုင်းဖြစ်လားရေ ရခိုင်ဒေသက ရခိုင်လူမျိုးရို့က ဘင်္ဂလီစာ
နန့် ဗမာနိုင်ငံဧ့ အစိတ်အပိုင်းဖြစ်လားရေ ရခိုင်ပြည်မက ရခိုင်လူမျိုးရို့က ဗမာစာကို သင်ယူကတ်
ရပြီး ရခိုင်လူမျိုးရို့တန်ဖိုးထားအပ်တေရခိုင်စာပီကား ပျောက်ခြင်းမလှ ပျောက်ဆုံးလားခပနာရခိုင်
စကားသံတိလေ့ တဆတ်ဆတ်နန့် ကွဲလားကတ်ပါရေ။ ကိုယ်ပိုင်နိုင်ငံပျောက်ဆုံးနီရေ ရခိုင်လူမျိုး
ရို့အနီနန့် ကိုယ်ပိုင်ရခိုင်စာပီကို သင်ကြားခွင့်မရခကေလေ့ မိမိရို့ဧ့ ကိုယ်ပိုင်ရခိုင်စကားတိကိုကား အတတ်နှိုင်ဆုံး ထိန်းသိမ်းထားနှိုင်ခကတ်ပါရေ။နှစ်ဆယ်ရာစုအလယ်ပိုင်းအထိ ရခိုင်ဘာသာစကား
ရေ (အောက်သားတိနန့် ဆက်ဆံမှုများရေ ဒေသတချို့ကလွဲလို့) မြောက်ဦးခေတ်ရခိုင်စကားတိနန့် တဆိချေလောက်ရာကွဲရေလို့ ယူဆမိပါရေ။ နှစ်ဆယ်ရာစုနှောင်းပိုင်းမာဆက်သွယ်ရီးနည်းပညာ
တိုးတက်မှုကြောင့် အောက်သားဗွီဒီယိုနန့် အောက်သားတေးခြင်းရို့ လွှမ်းမိုးလာကာ အောက်သား
စကားနန့် ရခိုင်ရို့ အကျွမ်းဝင်ပနာ နားယဉ်လှာပါရေ။ တခြားတစ်ဖက်မာ ရခိုင်လူမျိုးရို့အမျိုးသား
ရီးစိတ်ဓါတ်တိ ပြန်လည်နိုးကြားလှာကေလေ့ ရခိုင်ပြည်နီရာတိုင်းမာ အောက်သားစစ်သားတိ မကန်
မကန်ဖြစ်လှာရေအတွက် ရခိုင်လူမျိုးရို့ရေ အောက်သားစကားကို နားထောင်ရုံသတ်သတ်အဆင့်
ထက်ကျော်ပနာ မပြောမဖြစ်တေဘာသာစကားအဖြစ်ပြောလှာရပါရေ။ အကျွန်ရို့ရခိုင်လူမျိုးရို့ရေ
ယင်းအချိန်ကစပြီးကေ အောက်သားစကားကို ရခိုင်မှုပြုရေအကျင့်ကို ရလှာကတ်ပါရေ။ ယင်းအချိန်
ကပင်စပြီးကေ ရခိုင်ဘာသာစကားတိရေ ခေတ်ပညာတတ်ရခိုင်တိနန့် မြို့ပြရခိုင်ရို့ဧ့ ဂျောင်ထိုးစွာ
ကို ခံရပနာ ရခိုင်မှုပြုအောက်သားစကားတိ ခေတ်စားလှာပါရေ။အကျွန်ကြားဖူးရေ စကားအတိုင်း
ဆိုကေ ကပျက်(ဗန္ဒတ်) တိရေ မျိုးစစ်တေလူတိထက် သာလွန်ဥာဏ်ကောင်းကတ်တေပိုင် ရခိုင်စ
ကားမစစ်တေ အောက်သားတစ်ပိုင်းကပျက်စကားတိလေ့ ရခိုင်လူမျိုးရို့ခံတွင်းကို အရာဝင်လွှမ်းမိုး
နှိုင်စွာဖြစ်တေလို့ ယူဆပါက ယူဆနှိုင်ပါလိမေ။
ဒေနိ့ရခိုင်လူမျိုးရို့လူမှုဘဝထဲကို အောင်သားစကားက အားကောင်းကောင်းနန့် ထိုးဖောက်ဝင်
ရောက်လှာပါရေ။ယင်းအတွက်နန့် ရခိုင်ဘာသာစကားနန့် စာပီတော်လှန်ရီးကို အဟိန်ပြင်းပြင်းနန့် လုပ်ဆောင်လာကတ်စွာဖြစ်တေလို့ ဆိုနှိုင်ပါရေ။ယေရာလေ့ နှစ်ပေါင်းနှစ်ရာကျော်တောင်မှ ကိုယ့်
စာကိုယ့်ပီနန့် ဝီးနီခသော ရခိုင်လူမျိုးရို့ရေ ကိုယ့်စကားသံတိကို ဇာပိုင်စာလုံးပေါင်းပနာ ဇာပိုင်ချရီး
ရဖို့စွာကိုကား သိသူကယှား မသိသူတိများနီစွာကိုတွိရပါရေ။ ယေခါ ခွတ်ရာတခြား ပြတ်ရာတခြား
ဖြစ်ပနာ အမှားမှားအယွင်းယွင်းဖြစ်ကတ်ပါရေ။အောက်သားစကားနန့် ဆက်နွယ်ဖြစ်ပေါ်လာရေ ကပျက်စကားတိကို အောက်သားတိရီးရေပိုင်ရီးကတ်ပြီးကေ အောက်သားစကားနန့်မတူရေ ဒေသိ
ယရခိုင်စကားတိကိုကျခါ အောက်သားစကားသံကို အခြီပြုပနာ ရီးလာကတ်စွာကိုတွိရပါရေ။ တခြား
တစ်ဖက်မာလေ့ အောက်သားစကားနန့် အောက်သားစာပီကို ယှောင်လွှဲနိုင်ဖို့ကြိုးစားရာက မသုံးသင့်
သောရခိုင်စာလုံးပေါင်းတိကို သုံးစွဲရီးသားကတ်ပနာ အမှားများလှာကတ်ပါရေ။ရခိုင်စာပီပညာသျှင်ရို့
က ရခိုင်စာပီကို စစ်တွေဒေသိယစကားနန့် ရမ်းဗြဲဒေသိယစကားဆိုပြီးကေ နှစ်မျိုးခွဲကတ်ပါရေ။အရပ်
သုံးစကားမာကျခါ ရခိုင်စကားနန့် ရမ်းဗြဲစကား ဆိုပနာပြောဆိုကတ်စွာကိုတွိရပါရေ။ယေခါ ရမ်းဗြဲစ
ကားရေ ရခိုင်စကားမဟုတ်ဆိုရေ အဓိပ္ပါယ်မျိုးသက်ရောက်လားရေအတွက် စစ်တွေဒေသိယရခိုင်
စကားနန့် ရမ်းဗြဲဒေသိယရခိုင်စကားဆိုပြီးကေ ရခိုင်စကားတက်စား စစ်တွေဒေသိယစကားကို ရီး
သားကတ်စွာဖြစ်ပါရေ။ စစ်တွေဒေသိယစကားနန့် ရမ်းဗြဲဒေသိယစကားရို့ရေ ‘အံ’သရ၊ ‘အင်’သရ၊
‘အော’သရနန့်အော်သရသံရို့ကို ပြောဆိုကတ်စွာမာ အဓိကကွဲလွဲကတ်ပါရေ။စစ်တွေဒေသိယစကား
ဧ့ ‘အံ’သရသံကို ရမ်းဗြဲဒေသိယစကားပြောသူရို့က ‘အင်’သရသံနန့်ပြောကတ်ပြီးကေ စစ်တွေဒေသိ
ယစကားဧ့ ‘အင်’သရသံကိုကျခါ ရမ်းဗြဲဒေသိယစကားပြောသူတိက ‘အံ’သရသံနန့် ပြောကတ်ပြန်ပါ
ရေ။ နောက်တစ်ခါ စစ်တွေဒေသိယစကားမာစကားမာ ‘အော’နန့် ‘အွား’သရသံတူပြီးကေ ရမ်းဗြဲဒေ
သိယစကားမာ ‘အော’နန့် ‘အိုး’ သရသံတူပါရေ။ယင်းအတိုင်းပင် စစ်တွေဒေသိယစကားမာ ‘အော်’နန့်
‘အွာ’၊ ရမ်းဗြဲဒေသိယစကားမာ ‘အော်’နန့် ‘အို’ သရသံတူစွာကို တွိရပါရေ။
အထက်ကတင်ပြခရေသရသံတိမာ ရမ်းဗြဲဒေသိယစကားသံတိရေ အစဉ်အလာအရ တည်မြဲခပြီးကေ စစ်တွေဒေသိယစကားရို့ဧ့ ‘အော’သရ နန့် ‘အော်’ သရသံတိကျခါ မူလစကားသံတိပျောက်ပနာ အောက်သားစကားသံတိ နီရာယူလှာကတ်ပါရေ။စစ်တွေဒေသိယစကားမာ နဂိုကပင် ‘အော်’ နန့် ‘အွာ’သရသံတူရေအတွက်နန့် ‘အော်’သရသံအခြီယိုင်ရာဖက်ကိုလိုက်ပနာ ‘အွာ’သရကလေ့ အခြီယိုင်ပနာ အသံထွက်ဖက်မာတောင်မက အရီးအသားဖက်မာပါ ‘စွာ’ တက်စား ‘စော်’ ဆိုရေ ဖောက်ပြန်ရေ အ
ရီးအသားတိကို တွိလှာရပါရေ။ဧဟင့်ရေ စစ်တွေဒေသိယစကားသံဧ့ ဖောက်ပြန်ပြောင်းလဲမှုပင်ဖြစ်ပါ
ရေ။ ရခိုင်စာပီနန့်ဘာသာစကားကို ထိန်းးသိမ်းပြောဆိုကတ်တေ လူအများစုရေ ‘စွာ’အရီးအသားကို
ထိန်းသိမ်းနှိုင်ကေလေ့ အပြောအဆိုဖက်မာ အခြီယိုင်ရာဖက်သို့ လိုက်ပါလားကတ်စွာကို တွိရပါရေ။ စစ်တွေဒေသိယစကားတိ ယင်းပိုင်အခြီယိုင်လာကတ်တေခါ ယင်းစကားတိကို စံအဖြစ်ထားလို့ သီဆို
ကတ်တေ ရခိုင်တေးခြင်းတိနောက်ကိုလိုက်ပနာ ရမ်းဗြဲဒေသိယစကား ပြောသူတိကပါရောယောင်
လှာကတ်ပါရေ။
နောက်တစ်ချက်က စစ်တွေဒေသိယစကားသံဧ့ ‘အဉ်’သရအသံဖောက်ပြန်မှုဖြစ်ပါရေ။ယင်းဖောက်
ပြန်စကားသံကို ယှောင်လွဲနှိုင်ဖို့အတွက် ခေတ်သစ်ရခိုင်စာပီသမားတချို့က စာလုံးပေါင်းကို စွန့်ရွှတ်
ပနာ ‘အိုင်’ သရစာလုံးပေါင်းနန့် ရီးသားလှာကတ်စွာကိုတွိရပါရေ။ ယေခါ အစဉ်အလာရီးလှာရေ‘အဉ်’ သရအရီးအသားကို ဆုံးယှုံးလာရဖို့ဖြစ်တေပိုင် ညချေသတ်ဧ့ဖောက်ပြန်သံဖြစ်တေ ‘အိန်’သရသံကိုပါ အသိအမှတ်ပြုရာရောက်လားပါရေ။ဧဟင့်ကလေ့ စစ်တွေဒေသိယစကားသံဧ့ ဖောက်ပြန်မှုပင်ဖြစ်ပါ
ရေ။ရမ်းဗြဲဒေသိယစကားမာကျခါ ဒေပိုင်သရသံတိဖောက်ပြန်စွာကို မတွိရပါ။ဟိကောင်းဟိနှိုင်ကေ
လေ့ စံရခိုင်စာပီကို ထိခိုက်နှိုင်ရေအနီအထားမဟိပါလို့ ဆိုရပါလိမည်။ ရမ်းဗြဲဒေသိယစကားသံဧ့
အဓိကအားနည်းချက်ကား ရ-သံနန့်ယ-သံ မပီပြင်မှု သို့မဟုတ် ရ-သံအခြီယိုင်မှုပင်ဖြစ်ပါရေ။ဒေသိ
ယစကားတစ်ခုတည်းကို အားကိုးပနာရီးသားရရေဒေနိ့ခေတ်မာ ရ-သံမပီပြင်ရေဒေသိယစကားသံကို အမှန်ထင်ပနာ ထင်ရေအတိုင်းချရီးလိုက်တေခါ ရခိုင်ရ-သံနန့် ရ-အရီးအသားရို့ရေ တဆတ်ဆတ်နန့် လုံးပါးပါးလှာပါရေ။ရ-အရီးအသားနန့် ပတ်သက်လို့အဓိကထားရရေ စစ်တွေဒေသိယစကားမာတောင်
မှ ရ-သံတိ အခြီယိုင်ပါလတ်တေခါ ရခိုင်စာပီဧ့ ကံကြမ္မာကား စိုးရိမ်ကြောင့်ကြရရေ အနီအထားကို ရောက်လတ်ပါရေ။
ရခိုင်စာပီသမိုင်းကွင်းဆက်ပြတ်လားခရေအတွက် ရခိုင်စကားသံတိ ဖရိုးဖရာဖြစ်နီကတ်တေပိုင်ခေတ်
သစ်ရခိုင်စာပီတစ်ရပ်ပေါ်လှာပြန်ကေလေ့ စံမဟိသိ့ရေအတွက် အရီးနန့်အပြော ကရားငါးပါးဖြစ်နီစွာ
ကိုတွိရပါရေ။ အထက်က ပြောခရေပိုင် ရ(ရကောက်)ကို မှန်မှန်ကန်ကန် မသုံးတတ်မှုနန့် ဇာအရီးအ
သားရေ ဇာအသံထွက်တေ(ဇာအသံထွက်ကို ဇာပိုင်ရီးရေ)ဆိုစွာကို သီသီချာချာ မသိမှုတိရေ ရခိုင်စာ
ပီကို အဆိုးဖက်ကို ဦးတည်စီပါရေ။
ဘာသာစကားနန့်စာပီတိုင်းမာ ခြွင်းချက်တိဟိရေပိုင် ရခိုင်ဘာသာစကားနန့်စာပီမာလေ့ ခြွင်းချက်တိ
မကန်မကန်ဟိပါရေ။ သိသာထင်ရှားရေ ခြွင်းချက်တိဟိရေပိုင် သာမာန်လူတိမမြင်နှိုင်ရေ ခြွင်းချက်တိ
လေ့ မကန်ဟိပါရေ။ တချို့ခြွင်းချက်တိရေ ရခိုင်စာပီနန့်ဘာသာစကားကို ထူးခြားလှပစီရေအတွက် ဖော်ထုတ်ထိန်းသိမ်းသင့်ပါရေ။ ရမ်းဗြဲဒေသိယစကားမာ ‘အ’သရနန့် ‘အက်’သရသံ ကွဲပြားကေလေ့ စစ်တွေဒေသိယစကားမာ ကွဲပြားမှုနန့် တူညီရောထွီးမှုတိ ဟိနီစွာကို တွိရပါရေ။ ယင်းကြောင့် ရမ်းဗြဲ
ဒေသိယစကားပြောသူတချို့က စစ်တွေဒေသိယစကားမာ ‘အ’သရနန့် ‘အက်’သရသံမကွဲပြားကြောင်း အထက်ပေါ်ရီကို ကြည့်ပနာပြောတတ်ကတ်ပါရေ။ အမှန်က စစ်တွေဒေသိယစကားမာ ‘အ’သရနန့်
‘အက်’သရသံ ကွဲပြားရေလို့ ဆိုနှိုင်ပါရေ။ ရှီးခေတ်ရခိုင်စကားသံတိရေ ဇာပိုင်အသံထွက်လေဆိုစွာကို လိလာသိဟိနှိုင်ရေ ရှီးရခိုင်စာပီတိမာလေ့ ‘အ’သရနန့် ‘အက်’သရကို အသံတူအဖြစ်ကာရံယူထားစွာ
ကိုမတွိရပါ။ စစ်တွေဒေသိယစကားမာ ‘အ’သရနန့် ‘အက်’သရသံကွဲပြာမှုရေ အားမကောင်းကေလေ့ အဂုထက်ထိ သုံးနှုန်းပြောဆိုနီကတ်စွာကို လိလာသိဟိနှိုင်ပါရေ။
ဒေနိ့စစ်တွေဒေသိယစကားဧ့ အားအကောင်းဆုံးအစိတ်အပိုင်းကိုကြည့်ကေ ‘အ’ သရအုပ်စုနန့် ‘အက်’ သရအုပ်စုရို့ဧ့ အသံကာရံတူညီမှုနန့် ကွဲပြားမှုရေ ယှင်းလင်းမှုမဟိဘဲ ရောထွီးနီစွာကိုတွိရပါရေ။ ‘က’အက္ခရာကိုသုံးပနာ ရီးသားရဖို့ဆိုပါက ‘က၊ကျ၊ကြ၊ကက်၊ကြက်၊’ ရို့ရေအသံကာရံတူရေအုပ်စုဖြစ်ပနာ
‘အ’သရသံမာ အခြီတည်ထားစွာကိုတွိရပါရေ။ ကျန်သိ့ရေ ‘ ကြွ’ နန့် ‘ကြွက်’ ကား အသကာရံတစ်ထပ်
တည်းကျပနာ ‘အက်’ သရသံဖြစ်နီစွာကိုတွိရပါရေ။အက္ခရာ(၃၃)လုံးထဲက တစ်လုံးတည်းသော ‘ဝ’ အက္ခရာဧ့ ‘အ’ သရသံနန့် ‘အက်’သရဖြစ်တေ ‘ဝ’နန့် ‘ဝက်’ ကျပြန်ကေ အထက်ကပြောခရေပိုင် ‘အ’ သရသံအုပ်စုထဲမာမပါဘဲ ‘အက်’သရသံနန့် ဖြစ်နီစွာကိုတွိရပြန်ပါရေ။ အမှန်က သရနှစ်ခုကို ပီပြင်
အောင်ခွဲရဖို့ဆိုကေ ‘က၊ကျ၊ကြ၊ကျွ၊ကြွ’ အုပ်စုရေ ‘အ’သရသံအုပ်စုဖြစ်ပနာ‘ကက်၊ကျက်၊ကြက်၊ကျွက်၊
ကြွက်’ အုပ်စုရေ ‘အက်’ သရသံအုပ်စုဖြစ်ပါရေ။ယင်းအတွက်နန့် ‘ဝ’နန့် ‘ဝက်လေ့သော့အသံထွက်ကွဲ
သင့်ပါရေ။စစ်တွေဒေသိယစကားပြောရေ ရခိုင်အဆိုတော်တိရေ ‘အ’သရသံနန့် ‘အက်’သရသံကို ကွဲ
အောင်မသီဆိုနှိုင်ကေလေ့ စစ်တွေဒေသိယစကားသံကို လုပ်ပနာသီဆိုရရေ ရမ်းဗြဲဒေသိယစကား
ပြောသူအဆိုတော်တိဖြစ်တေ ကိုဝင်းကိုခိုင်နန့် ကိုစံမော်သိန်းရို့ဧ့ တေးခြင်းအများစုမာကား ‘အ’သရ
သံ နန့် ‘အက်’သရသံကို ကွဲအောင်သီဆိုထားစွာကို ကြည့်ခြင်းအားဖြင့် ‘အ’ သရသံနန့် ‘အက်’ သရသံ ကွဲပြားသင့်ကြောင်းကို ပိုလို့ ခိုင်မာစီပါရေ။ယင်းပိုင်မကွဲပြားရေအတွက် ပခုံး နန့် ပက်ခုံး အရီးမှားစွာတိ
ကိုလေ့ တွိရတတ်ပါရေ။
ဒေတင်ပြချက်မာ အကျွန်ရေ ခြွင်းချက်အသံထွက်တိကို ဆန့်ကျင်နီခြင်းကား မဟုတ်ပါ။ရောထွီးနီရေ စကားသံတိကို ယှင်းလင်းကွဲပြားသင့်ရေပိုင်ယှင်းလင်းကွဲပြားရေခြွင်းချက်တိကိုလေ့ အကျွန်လက်ခံရေ
ပိုင် စာပီမြတ်နိုးသူတိကလက်ခံသင့်ပါရေ။‘ခွင့်ရွှတ်’ ကို ‘ခေါက်ရွှတ်’ လို့ဖတ်ကတ်စွာကိုကြည့်ခြင်းအား
ဖြင့် ‘အင့်’သရသံ ခြွင်းချက်အသံရေ ‘အောက်’ သို့မဟုတ် ‘အောင့်’ ဖြစ်တေဆိုစွာကို လိလာသိဟိနှိုင်ပါ
ရေ။ ယင်းအတွက်နန့် ‘နန့်’ ကို ‘နောင့်’ လို့ အသံထွက်အတိုင်းရီးစွာရေ ဇာအရီးအသားကို ဇာပိုင်ရီးရ
ရေဆိုစွာကို မသိခြင်းဧ့ ဆိုးကျိုးပင်ဖြစ်ပါရေ။ ‘‘နောင့်’ ရေ မူလအရီးအသား ‘နှင့်’ကလာစွာဖြစ်ပြီးကေ ဟထိုးသံကို ဖျောက်ပနာ ပြောဆိုကတ်စွာရာဖြစ်ပါရေ။ ယင်းကြောင့် အသံထွက်ကို ဇာပိုင်ပင်ဖတ်
ပတ်စီ၊အရီးအသားမာ ‘ခေါက်ရွှတ်’ တက်စား ‘ခွင့်ရွှတ်’၊ ‘နောင့်’ တက်စား ‘နှင’့်(အများသုံး ‘နန့်’) ကိုရာ သုံးနှုန်းရီးသားသင့်ပါရေ။ကျန်သိ့ရေ ခြွင်းချက်အသံထွက်တိထဲက ‘အိ’ သရသံ တချို့ကို ‘အိန့်’ သရ
သံထွက်ကြောင်း(AI)က ‘အိ’သရနန့် ရခိုင်ဘာသာစကား ဆက်နွယ်မှုများ ဆောင်းပါးမာ ဖော်ပြပြီးဖြစ်
တေအတွက်နန့်‘အု၊ အူ၊ အူး’သရသံတချို့ကို‘အုန့်၊အုန်၊အုန်း(အုံ့၊အုံ၊အုံး)’သရသံနန့်ဖတ်တေအကြောင်း
ကို ကြည့်ကတ်ပါမည်။ရခိုင်အရီးအသား ရခိုင်အသံထွက်
ရီကူး ရီကုန်း
လောင်းဒဂူ လောင်းဒဂုန်
ငုပန်း ငုန်းပန်း
ညုသံ ညုန့်သံ
သဗ္ပညု သဗ္ပညုန့်
အဏုမြူ အနုန့်မြုန်
အတု အတုန့်
ဆောင်းဒူ ဆောင်းဒုန်
အနုအညွတ် အနုန့်အညွတ်
မဖူမလုံ မဖုန်မလုံ
ဂေါင်းမူး ဂေါင်းမုန်း
လူးတာ လုန်းတာ(လုံးတာ)
အထက်က တင်ပြချက်တိကို ကြည့်ခြင်းအားဖြင့် ဇာရခိုင်စကားကို ဇာပိုင်ရီးပနာ ဇာရခိုင်စာကိုကား ဇာပိုင်ဖတ်သင့်လေ့ဆိုစွာ စာဖတ်သူရို့ အနီနန့် ဆိကေတပွေ ဆင်ခြင်သတိပြုနှိုင်ကတ်လိမည်လို့ မျှော်လင်မိပါရေ။
စာပီသစ္စာဖြင့်
ခိုင်မင်းဇံ(ရခိုင်ပြည်)


           ဝန်ခံချက် ။ ကျွန်တော်၏ ဘလော့ တွင်ဖော်ပြထားသောအကြောင်းအရာများသည် 
               ကျွန်တော်၏ ကိုင်ပိုင်စိတ်ကူး ကိုင်ပိုင်အိုင်တီ နဲ့ ဖန်တီးထားတာ မဟုတ်ပါကြောင်း ... 
                         ကျွန်တော်ရဲ့ ဘလော့ ဧည့်သည်များကိုအမြဲခင်မင်လျှက်ပါ။ 
                                               ကျေးဇူးတင်ပါတယ်

ကျွန်စကားနန့်စာပီစစ် (ဂျွင်မိုးစက်ချေ)


နိုင်ငံဟိကေ လူမျိုးဆိုစွာဟိပါရေ။ လူမျိုးမာ ယဉ်ကျေးမှုဆိုစွာဟိပါရေ။ ယကေ ယဉ်ကျေးမှုမာ
စာပီဆိုစွာ ဟိရပါဖို့။ ကကြီးကကျယ်ပြောရကေ စာပီမြင့်မှ လူမျိုးတင့်ပါဖို့။လူမျိုးတင့်မှ နိုင်ငံအ
ဆင့် မွီဖို့ဖြစ်ပါရေ။ စာပီဆိုစွာကို ယဉ်ကျေးမှုဧ့ရီသောက်မြစ်လို့ အကျွန်က သတ်မှတ်ပါရေ။
လက်ဟိမာဖော်ဆောင်အသုံးချနီကတ်တေ (က)နိုင်ငံရီးအမြင်၊ (ခ)လူမှုရီးအမြင်၊ (ဂ)အုပ်ချုပ်
ရီးအမြင်၊ (ဃ)စည်းရုံးရီးအမြင်နန့် (င)စီးပွါးရီးအမြင် တိကြားထဲမာ အကျွန်ရို့က စာပီအမြင်
တစ်ခုကိုပေါင်းထည့်ဖို့ လိုအပ်လာနီဗျာလ်ဖြစ်ပါရေ။ ဇာအတွက်ကြောင့်ဆိုကေ ဒေဂုခေတ်ကာ
လ သားသမီးတိ (အကျွန်အပါအ၀င်)ရခိုင်သား၊ ရခိုင်သမတိနန့် အထက်က အစ်ကိုကြီး အစ်မ
ကြီးတချို့ရို့စွာအောက်သားစကား (အကျွန်ကတော့ ကျွန်စကားလို့တင်စားချင်ပါရေ)၊ ကျွန်စကား
ကို လိုအပ်လို့ တစ်မျိုး၊ မလိုအပ်ဘဲတစ်မျိုး လွှမ်းမိုးခံနီကတ်စွာ တွိလာရပါရေ။
ယင်းပိုင် လွှမ်းမိုးခံနီရရေထဲက အတိုင်းအတာတစ်ခုထိ ရုန်းထွက်ဖို့ကြိုးစားသင့်ပါဗျာလ်။ မဟုတ်
ဘဲနန့် အကျွန်ရို့သည် လူများလက်အောက်မာ ကျွန်ခံ၊ လူများစကားကို လျှာဖျားကမချဘဲ အ
လိုက်သင့်ချေပြောနီကတ်ပါဖို့လား။ ယကေတော့ခါ ကိုယ်ပိုင်စာပီ၊ ကိုယ်ပိုင်ယဉ်ကျေးမှု ပျောက်
လားဖို့ စွာ သီချာသလောက်ဖြစ်ခပါဗျာလ်။ စာပီမဟိ၊ ယဉ်ကျေးမှုမဟိကေ ဇာအမျိုးကို စောင့်
ယှောက်ကတ်ပါဖို့။ ရခိုင်စာပီအကြောင်းနန့်  ပတ်သက်လာကေ၊ ရခိုင်စကားပြောခြင်းနန့် ပတ်
သက်လာကေ ရက်ပြတ်မျက်စောင်းထိုးခံရပါရေ။ ဇာကြောင့်ပါချင့်။ အမြင်မတူလို့ရာဟိပါဖို့။ ယင်း
ပိုင် မတူရေအမြင်ချေတိကို တိုင်ပင်ယင်းနန့် လိုရေခရီးကိုရောက်အောင် လားကတ်ရဖို့ ဖြစ်ပါရေ။ မဟုတ်ကေ အကျွန် ရို့လူမျိုးဧ့စာပီဆိုစွာ ကျောက်စာထက်မာလောက်ရာ ဟိလီရပါဖို့ဗျာလ်။
အကျွန်ရို့ရိုးရာဝတ်စုံကိုဝတ်လို့ လူများစာကိုရာ ရီးပြနီကတ်ပါဖို့လား။ လူများစကားကိုရာ ပြော နီကတ်ပါဖို့လား။ ဒေနိ့လူတိုင်းသုံးနီကတ်တေ အွင်လိုင်းမာတွိရရေ ကဗျာချေတိ၊ ပို့စ်တိနန့် ကမန်း ပီးစွာတိမာ ရခိုင်အချင်းချင်းကြားမာတောင်မှ ရခိုင်စကားပြောဟန်၊ ရခိုင်လီသံတိ ပျောက်ဆုံးလာ
စွာ (ဝါ) ကျွန်စကားလွှမ်းမိုးခံနီရစွာကို တွိလာရပါရေ။ စာပီ၊ ယင်းကိစ္စကောင်းမြင့်လွန်းပါရေ။စကား
က စပြောကတ်ရပါဖို့။ စကားကနီ စာပီသရုပ်၊ စာပီရုပ်လုံးပေါ်လာဖို့ ယုံကြည်ပါရေ။ ရခိုင်စကား
ပြောရေလူ ရခိုင်စကားနန့် ရခိုင်ကဗျာကိုရီး၊ ရခိုင်လီသံနန့် အနီးစပ်ဆုံးသတ်ပုံကိုလိုက်ရှာ၊ ယကေ အကျွန်ရို့လိုချင်ရေ ရခိုင့်စာပီ သီးခြားထွက်မလာနိုင်ပါလား။ ပြောကေလွယ်ပါရေ။ လက်တွိမာခက်
ပါရေ။ မှန်ပါရေ။ လောင်ပေါ်မထိုးဘဲ လောင်ပေါ်တစ်ခါတောင်မပေါက်ဖူးလို့ပြောလို့ မရပိုင်ပါဗျာလ်။ ဧဂုဆိုကေ စာပီကိုလက်ထဲမာ လက်တွိဖော်ထုတ်ခွင့်ရလာရေ စာပီသင်ရိုးတိ ရနီကတ်ပါဗျာလ်။ အားရစရာဖြစ် လောက်အောင် ကြိုးစားပြထားကတ်ပါဗျာလ်။
ယင်းပိုင်တစ်တိုင်က ဖော်ထုတ်နီရေအချိန်မာ အကျွန်ရို့က မဆိုင်ဆိုပနာယှောင်ပြီးလို့လိုအပ်သည်
ထက်ပိုသော လွှမ်းမိုးမှုတိကို ဆက်လို့ထိန်းနီကတ်ပါဖို့လား။ လူမျိုးရီးကို မိ့ထားကတ်ပါဖို့လား။ကျွန်
ဘဝရှည်လို့ကျွန်စကားရာ သိကတ်တေအကျွန်ရို့တိ မြန်မာဖတ်စာအုပ်မာ သင်ဖူးခရေကျွန်စကား၊ ကျွန်စာပီတိကို အယုံမှတ် ပုံအပ်နီခြင်းက ရုန်းမထွက်သင့်ပါလား။ စာပီကိုအသုံးပြုပနာ ရခိုင့်အမျိုး
သားစိတ်ဓါတ်စစ်ဆင်ရီးကို ဖန်တီးယူနိုင်ပါရေ။ စာပီပျောက်ဆုံးနီခြင်းသည် ပြည်တွင်းလူမျိုးရီးစိတ်
ဓါတ် ပျက်စီးခြင်းကို အစပြုနီခြင်း၊ ယဉ်ကျေးမူပိတ်ပင်ခံနီရခြင်းဖြစ်ပါရေ။
တချို့ကပြောကတ်ပါရေ။ ရခိုင်ပိုင်အသံထွက်နန့် ကဗျာရီးလို့ မကောင်း၊ ဖွဲ့ နွဲ့လို့ မရ၊ စာလုံးပေါင်း
သတ်ပုံကိုလူတိုင်းက ဖတ်မရလို့ပြောပါသိ့ရေ။ဗမာပြည်က ဗမာစာရီးဆရာတိ မြန်မာစာကိုဗမာပိုင်
အသံထွက်နန့် ရီးပါရေ။ ယင်းချင့်တိကို လူတိုင်းနားလည်ရေလို့ အသူပြောပါလေ။ အသီအချာတွေး
ကြည့်ကေ ရခိုင့်ထီးနန်းပြိုပျက်ပြီးခါကပင် အင်္ဂလိပ်၊ ဂျပန်၊ ဗမာတိ လက်ဝါးကြီးအုပ် ကြီးစိုးခ ကတ်
ပါရေ။ ဂုချိန်ထိလူများလက်အောက်မာ အသက်ကြီးလာရေ အကျွန်ရို့ရခိုင်ပြည်ဧ့ စာပီနန့် လီသံ
သည် ရခိုင်သားရို့ပေါ့ဆမှုကြောင့်၊ သတိမမူခြင်းကြောင့်၊ကျွန်စကားကို ချစ်စိတ်ကြောင့်၊ကျွန်စကား
ကို အထင်ကြီးမှုကြောင့်၊ ကျွန်သွီးရောနီခြင်းကြောင့်ရာ ပျောက်ပျက်ခြင်းတိနန့် ကြုံရစွာဖြစ်ပါရေ။ မြီမျိုလို့လူမျိုးမပျောက်၊ လူမျိုမှလူမျိုးပျောက်တေအတွက်ကြောင့် ကျွန်စကားမျိုလို့ စာပီမပျောက်
အောင် အကျွန်ရို့ ထိန်းသိမ်းကတ်ရဖို့ဖြစ်ပါရေ။
ဂုချိန်ထိဖက်လို့အိပ်လာရေ ကျွန်သဘောက်ကို နိုင်ရေလုပ်အားနန့် ဖြိုဖျက်လားကတ်ပါမေ။စာပီလက်
နား ထုတ်ကတ်ပါမေ။ စာပီစစ်ကို ဆင်ကတ်ပါမေ။ စာပီကို ချစ်ကတ်ပါမေ။ ငါရို့လူမျိုးမာ ငါရို့စာဟိ
ရေဆိုစွာကို ပြကတ်ပါမေ။ နောက်လာဖို့ မျိုးဆက်သစ်ချေတိနန့်တတူ ရခိုင်စာသင်ရိုးသင်ဖို့ အားပြု
ယင်းနန့် ကျွန်စကားကို စာပီစစ်ဆင်ပနာ တိုက်ထုတ်ကတ်ပါမေ။

ရခိုင့်အက္ခရာစာပီဆိုင်ရာစာတမ်းများနန့် ရခိုင့်စာပီချစ်သူတိကို လေးစားယင်း

(ဂျွင်မိုးစက်ချေ)


         ဝန်ခံချက် ။ ကျွန်တော်၏ ဘလော့ တွင်ဖော်ပြထားသောအကြောင်းအရာများသည် 
            ကျွန်တော်၏ ကိုင်ပိုင်စိတ်ကူး ကိုင်ပိုင်အိုင်တီ နဲ့ ဖန်တီးထားတာ မဟုတ်ပါကြောင်း ... 
                 ကျွန်တော်ရဲ့ ဘလော့ ဧည့်သည်များကိုအမြဲခင်မင်လျှက်ပါ။ 
                                               ကျေးဇူးတင်ပါတယ်

"၉၆၉-လှုပ်ရှားမှုသာ အမျိုးဘာသာ သာသနာကို ကာကွယ်နိုင်မည်”


မြန်မာနိုင်ငံရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ အဓွန့်ရှည်ဖို့ ၉၆၉-ဆိုတာ ဖြစ်လာတာပါ။ မိမိအိမ်မှာ၊ မိမိဆိုင်မှာ၊ မိမိကားမှာ၊ မိမိရုံးမှာ ၉၆၉ တံဆိပ်ကို ရဲရဲကပ်ပြီး မိမိတို့ဟာ အမျိုး-ဘာသာ-သာသနာကို စောင့်ရှောက်သူတွေဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ခံယူကြပါ။ မြန်မာနိုင်ငံမှာ ၉၆၉ လှုပ်ရှားမှု ပေါ်ပေါက်ခဲ့တယ်။ ဒါကို မာဂျေ လုံးဝထောက်ခံတယ်။ ဘာလို့လဲဆိုတော့ ၉၆၉ ဆိုတာ ဘုရားဂုဏ်တော်ကိုးပါး၊ တရားဂုဏ်တော်ခြောက်ပါး၊ သံဃာ့ဂုဏ်တော်ကိုးပါး ရည်ညွှန်းတာဖြစ်တယ်။ သားဖြစ်သူက “အဖေ ၉၆၉ ဆိုတာဘာလဲ”လို့ မေးကတည်းက ၉၆၉ လှုပ်ရှားမှု အောင်မြင်သွားပြီဆိုတာ မာဂျေ သိလိုက်တယ်။ ၉၆၉ လှုပ်ရှားမှုဟာ သူများဘာသာကို တိုက်ခိုက်ဖို့မဟုတ်ဘဲ မိမိဘာသာ၊ သာသနာနဲ့ မိမိအမျိုးကို ကာကွယ်ဖို့သာ ဖြစ်တယ်။ ၉၆၉ လှုပ်ရှားမှုဟာ သူများဘာသာကို တိုက်ခိုက်တာမဟုတ်ဘူး။

မိမိအမျိုးကို ချစ်ဖို့၊ မိမိဘာသာကို စောင့်ရှောက်ဖို့ မိမိအမျိုးသား စီးပွားရေးကို အားပေးဖို့ဆိုတဲ့ ဝံသာနုရက္ခိတတရားပဲ ဖြစ်တယ်။ ဒါပေမဲ့ ၉၆၉ လှုပ်ရှားမှု ကြီးထွားလာမှာစိုးလို့ ပြည်ပက ဒေါ်လာစား မီဒီယာတွေကလည်း ၉၆၉ဟာ နာဇီလက်သစ်ဝါဒဖြစ်တယ်လို့ စွပ်စွဲလာကြတယ်။ အဲဒီစွပ်စွဲချက်ကို မာဂျေ လုံးဝရှုတ်ချတယ်။ ပြည်တွင်းမီဒီယာတွေကလည်း ကောလာဟာလတွေ ထုတ်လွှင့်လာကြတယ်။ အိမ်မှာ သားဖြစ်သူက သူ့ရဲ့ကားမှာ ၉၆၉ စတစ်ကာကပ်တာကို အမေလုပ်သူက ခွာပစ်တယ်။

အကြောင်းပြတာကတော့ “နင် အဖမ်း ခံရလိမ့်မယ်”တဲ့။ တစ်ချိန်တည်းမှာ ၉၆၉ စတစ်ကာဝေတဲ့ လူငယ်တစ်ယောက်ကို လူမျိုးခြားတွေက ဓားနဲ့ထိုးတယ် ဆိုတဲ့သတင်းတွေ ထွက်လာတယ်။ ၉၆၉ စတစ်ကာ ရိုက်ပေးတဲ့စက်ကို ဘာသာခြားတွေက ခြိမ်းခြောက်လို့ နောက်ထပ်မရိုက်ရဲပါဘူး ဆိုတဲ့သတင်းတွေ ထွက်လာတယ်။ ဒါဟာ ၉၆၉ လှုပ်ရှားမှုကို ဘာသာခြားတွေ ဘယ်လောက်ကြောက်တယ်ဆိုတာ ပြတာပဲ။ သူတို့ဆိုင်တွေ အားလုံးမှာ သူတို့ဘာသာ အမှတ်တံဆိပ် ကပ်ရဲချိန်မှာ မာဂျေတို့က ဘာလို့ ၉၆၉ စတစ်ကာ မကပ်ရဲရမှာလဲ။ သီတဂူဆရာတော်ကြီးကိုယ်တိုင် အတိအလင်း မြွတ်ကြားထားတာရှိတယ်။ အိမ်ရှင်ရဲ့ဘာသာကို ဧည့်သည်က မစော်ကားရဘူး။ လေးစားရမယ်ဆိုတာ။ ၉၆၉ စတစ်ကာဝေလို့ ဖုန်းဆက်ခြိမ်းခြောက်ရင် ဆက်သွယ်ရေးကို တိုင်လို့ရပါတယ်။ ဆက်သွယ်ရေးမှာ ဘယ်ဖုန်းကနေ ဘယ်ဖုန်းကို ဘယ်အချိန်မှာ ဘာပြောတယ်ဆိုတဲ့ အထောက်ထားနဲ့ အသံခွေတွေ ရှိပါတယ်။ အရေးယူလို့ ရပါတယ်။

အခုတော့ ကိုယ့်တိုင်ပြည်မှာနေပြီး ကိုယ့်ဘာသာရဲ့ အမှတ်တံဆိပ် ၉၆၉ တောင် မကပ်ရဲကြရအောင် သတ္တိတွေ နည်းနေကြပြီလား။ သင်္ကြန်းအတွင်း မာဂျေ ခရီးထွက်စဉ်က မြေလတ်မြို့ တစ်မြို့မှာ ၉၆၉ ရေးကစားမဏ္ဍပ်တောင် တွေ့ခဲ့တယ်။ အလွန်ပီတိ ဖြစ်စရာ ကောင်းပါတယ်။ ကိုယ်တွေ့တစ်ခု ပြောပြချင်တယ်။ အတန်တန်တားနေတဲ့ကြားက တပည့်မတစ်ဦး ဘာသာခြားနဲ့ကြိုက်တယ်။ တစ်ရုံးလုံး ပုဂံကို ဘုရားဖူးသွားချိန်မှာ ဘုရားဖူးသွားရမလားဆိုပြီး တစ်ချိန်လုံး ဘာသာခြားက ဖုန်းဆက်နှောက်ယှက်တယ်။ ဘာလို့နှောက်ယှက်သလဲဆိုတော့ သူနဲ့ကြိုက်နေလျက်နဲ့ ဘုရားဖူးလို့တဲ့။ တပည့်မမှာ ဘုရားသာဖူးနေရတယ်။ ဟိုက တစ်ချိန်လုံး နှောက်ယှက်နေလို့ မျက်ရည်နဲ့မျက်ခွက်။ ဘယ်လိုလုပ် ကုသိုလ်ရတော့မှာလဲ။ ကဲ… ဘယ်လောက်တောင် စော်ကားထားသလဲ။

ဒီလိုဖြစ်မှ တပည့်မ အမြင်မှန် ရသွားတယ်။ လူမျိုးခြား အသိုက်အဝန်းထဲ မဝင်ရသေးတာတောင် ဒီလောက်အနိုင်ကျင့်၊ ဗိုလ်ကျနေရင် တကယ်သာ အိမ်ထောင်ရက်သား ပြုခဲ့မိရင် ဒုက္ခဆိုပြီး နောက်ဆုတ်လိုက်တယ်။ မာဂျေ ရေးခဲ့ဖူးပါတယ်။ မြန်မာမလေးတွေရဲ့ ခန္ဓာကိုယ်ဟာ ဘာသာခြားတွေအတွက် လူကပြား သားဖောက်စက်တွေလို အသုံးတော် ခံနေရတာ ကြာနေပါပြီ။ တချို့ သားသမီးတွေ (အထူးသဖြင့် သမီးတွေ) ကို မိဘတွေက မနိုင်ကြဘူး။ တချို့ကတော့ သားသမီးလုပ်စာကို မှီခိုစားသောက်နေရလို့ မပြောရဲကြတာတွေ ကိုယ်တွေ့ကြုံဖူးပါတယ်။ အဲဒီလို ပါးစပ်ပိတ်ပြီး ကိုယ့်သားသမီးကို မဆုံးမရဲရင်ဖြင့် နောင်တစ်ချိန် အမျိုး-ဘာသာ-သာသနာကွယ်ရင် အဲဒီမိဘတွေမှာပါ တာဝန်ရှိပါတယ်။ လူမျိုးခြားနဲ့ ယူလိုက်တဲ့ သမီးတွေကော ဒီဘဝမှာ စိတ်ချမ်းချမ်းသာသာနေရတာကို ဘယ်မိဘများ မြင်ဖူးပါသလဲ။

မာဂျေရယ်… မင်းပြောသလို မဟုတ်ပါဘူး။ ငါတို့သမီးတွေ လူမျိုးခြား-ဘာသာခြားနဲ့ယူပြီး အေးအေးချမ်းချမ်း၊ စိတ် ချမ်းချမ်းသာသာ နေရပါတယ်ဆိုတဲ့ မိဘများရှိရင် မာဂျေ့ကို ဆက်သွယ်ဗျာ။ ပြန်ပြီး ရေးပေးမယ်။ နှစ်ဆန်းတစ်ရက်နေ့က ရွှေဒဂုံတောင်ဘက်မုဒ်ဝမှာ တောင်းရမ်းနေတဲ့ မြန်မာမိန်းမငယ်လေးတစ်ဦးကို တွေ့လိုက်ရတယ်။ ဘေးနားမှာလည်း ကလေးနှစ်ယောက်နဲ့။ ကလေးတွေက ဘာသာခြားရုပ်တွေ။ ဒါနဲ့ စိတ်ဝင်စားပြီး ကားရပ်၊ အလှူငွေနှစ်ရာပေးပြီး “ဒါ နင့်ကလေးတွေလား” မေးကြည့်တော့ “ဟုတ်တယ်”တဲ့။ “နင်က မြန်မာ။ နင်မွေးထားတာလေးတွေက လူမျိုးခြားရုပ်တွေပါလား။ နင့်ယောက်ျားက နင် ဒီလိုတောင်းတာ ခွင့်ပြုသလား”မေးတော့ ကလေးနှစ်ယောက်ရအပြီး သူ့ကို ကလေးတွေနဲ့ ထားခဲ့ပြီး ပစ်သွားလို့တဲ့။ နောက်ဆုံးတော့ ဘာသာခြားယူမိတဲ့ မိန်းကလေးဟာ သူတောင်းစားဘဝ ရောက်ရတော့တာပဲ။ အဲဒီမိန်းကလေးရဲ့ မိဘသာရှိခဲ့ရင် ဒီလိုတောင်းရမ်း စားသောက်ရတာကိုသာ မြင်ခဲ့ရင် ဘယ်လိုခံစားရမလဲ။ မိဘတွေ သတိကြပ်ကြပ်ပြုကြပါ။

မီးဆိုတာ မလောင်ခင် တားရသတဲ့။ ဖြစ်ပြီးမှ သမီးလည်း ဒုက္ခရောက်၊ မိဘတွေလည်း စိတ်ဆင်းရဲရရင် အားလုံး ရှုံးတာပါပဲ။ မြန်မာလူမျိုးတွေကိုလည်း သတိပေးချင်ပါတယ်။ ကိုယ့်အမျိုး- ဘာသာ- သာသနာအရေးကို ကာကွယ်ဖို့ အရေးမှာ မကြောက်ကြပါနဲ့။ ကိုယ့်ဘာသာက သူများဘာသာကို စော်ကားတဲ့ဘာသာမှ မဟုတ်တာ။ ကိုယ့်အထဲက ပဲ့ပါမသွားအောင်သာ ကာကွယ်တဲ့ဘာသာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် မြန်မာနိုင်ငံရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာအဓွန့်ရှည်ဖို့ ၉၆၉ ဆိုတာ ဖြစ်လာတာပါ။ မိမိအိမ်မှာ၊ မိမိဆိုင်မှာ၊ မိမိကားမှာ၊ မိမိရုံးမှာ ၉၆၉ တံဆိပ်ကို ရဲရဲကပ်ပြီး မိမိတို့ဟာ အမျိုး-ဘာသာ-သာသာနာကို စောင့်ရှောက်သူတွေ ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ ခံယူကြပါ။ ၉၆၉ လှုပ်ရှားမှုဟာ ကောက်ရိုးမီးလို ဟုန်းခနဲထပြီး ဟုန်းခနဲပျောက်သွားတာ မဖြစ်စေလိုပါဘူး။ တကယ်တော့ အမျိုး-ဘာသာ-သာသနာ ရေရှည်တည်တံ့ဖို့ နိုင်ငံရေးပါတီတွေလည်း မစွမ်းနိုင်ပါဘူး။ တပ်မတော်လည်း မလုပ်နိုင်ပါဘူး။ ပြည်သူတစ်ရပ်လုံးရဲ့ ဝံသာနုရက္ခိတ စိတ်ကသာ လုပ်နိုင်၊ ကာကွယ်နိုင်မှာမို့လို့ ၉၆၉ လှုပ်ရှားမှုမှာ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်သင့်ကြောင်း ဒီနေရာကနေ နှိုးဆော် လိုက်ရပါတယ်ခင်ဗျာ။ ။

မာဂျေ
“ထေရဝါဒ မော်ကွန်းဂျာနယ်

ဘာသာကြီး ၄-ရပ်ရဲ့ လက်ထပ်ထိမ်းမြားခြင်းဥပဒေများ




ဟိန္ဒူ
===
ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေအရ ဟိန္ဒူဘာသာဝင်အချင်းချင်းပင် ဇာတ်မတူပါက ထိမ်းမြားခြင်းမပြုနိုင်သဖြင့် ဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် ထိမ်းမြားခြင်းမပြုနိုင်ပေ။
ဟိန္ဒူဘာသာတွင် (၁)ဗြဟ္မဏ (၂)ခတ္တိယ (၃)ဝေဿ (၄)သုဒ္ဓဟူ၍ (၄)မျိုးရှိရာ ထို(၄)မျိုးတွင် ဟိန္ဒူဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ တရားဝင်ထိမ်းမြားရန် မဖြစ်နိုင်ဟု စီရင်ထုံးဟောင်းများက ပြဆိုထားသည်။

ခရစ်ယာန်
======
ခရစ်ယာန်ထိမ်းမြားခြင်းဥပဒေပုဒ်မ-၄အရ ခရစ်ယာန်နှင့်ခရစ်ယာန်မဟုတ်သူတစ်ဦး ထိမ်းမြားခြင်းပြုနိုင်သည်။
သို့ရာတွင် ထိမ်းမြားခြင်းကို ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင်လည်းကောင်း,ထိမ်းမြား
ခြင်းမှတ်ပုံတင်အရာရှိရှေ့တွင်လည်းကောင်း ထုံးပုံနည်းလမ်းတကျထိမ်းမြားမှသာလျှင် တရားဝင်သည်။အခြားနည်း ထိမ်းမြားမှုများ တရားမဝင်၊ ဥပဒေကို မလိုက်နာလျှင် ထောင်ဒဏ်ငွေဒဏ် သတ်မှတ်နိုင်သည်။ နမူနာအားဖြင့် ပုဒ်မ-၆ဝ ဤဥပဒေပုဒ်မ-၅
အရ ထိမ်းမြားပေးပိုင်ခွင့်ရှိသူမဟုတ်ဘဲ ခရစ်ယာန်(၂)ဦး သို့မဟုတ်(၁)ဦး ခရစ်ယာန်လက်ထပ်ပေးပါက ထောင်ဒဏ်(၁ဝ)နှစ်အထိ အပြစ်ပေးနိုင်သည်။

***လူအခွင့်အရေးဆိုပြီးမျက်စိမှိတ်စွတ်အော်နေသူများ ကြပ်ကြပ်သတိထားလေ့လာပါရန်

အစ္စလာမ်
======
ဘာသာကွဲနှင့် လုံးဝလက်ထပ်ခွင့်မပြု၊ ဘာသာမတူသူဖြစ်ပါက အစ္စလာမ်ဘာသာသို့ တရားဝင်ကူးပြောင်းပြီးသည့်အခါမှသာ လက်ထပ်ခွင့်ရှိသည်။
သူတို့ကျမ်းစာကို စော်ကားပါက သေဒဏ်အထိချမှတ်နိုင်သည်။
အိမ်ထောင်ရေးဖောက်ပြားပါက လူအများရှေ့တွင် လူတိုင်းက ခဲနှင့်ထုသတ်ခြင်း၊ လူတိုင်းက မေထုန်ကျင့်နိုင်ခြင်း အပြစ်များပေးပါသည်။

ဗုဒ္ဓဘာသာ
======
မည်သည့်ဘာသာခြားကမဆို ၄င်းတို့ ဘာသာကို စွန့်လွှတ်ရန်မလိုဘဲ ထိမ်းမြား လက်ထပ်ခြင်းကို ခွင့်ပြုထားသည်။ ဘာသာခြားများက ဗုဒ္ဓဘာသာဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားများကို ၄င်းတို့ဘာသာကို စွန့်လွှတ်ရန်မလိုဘဲ ထိမ်းမြားလက်ထပ်ခွင့်ပြုထားသည်။
အလွန်သဘောကောင်းသော အလွန်ရက်ရောသောဥပဒေဖြင့်
ကာကွယ်ထားခြင်းမရှိသော ဒလဟောခွင့်ပြုထားသော ဘာသာဖြစ်နေပါတယ်။
အလွန်ဝမ်းနည်းဖွယ်ရာ အလွန်ရှက်စရာကောင်းတဲ့ အနေအထားကို အတိုင်းသားတွေ့မြင်ပါတယ်။
ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို အုတ်ကြားမြက်လောက်မှ တန်
ဖိုးမထားဘာသာခြားများက အလွယ်တကူ စော်ကားဖို့ ခွင့်ပြုထားသလို ဖြစ်နေပါတယ်။
----------
ဟိတဓရဆရာတော်စီစဉ်ပူဇော်သောရွှေနှစ် ရွှေသား ရွှေစကား(၃)စာအုပ်မှ
(ကျမ်းကိုး)
ပြည့်သူ့တရားသူကြီးအဖွဲ့ (အငြိမ်းစား)၊ သံအမတ်ကြီး(အငြိမ်းစား) ဦးဘမော်(B.A Hons B.l)ရေးတဲ့ မြန်မာနိုင်ငံအိမ်ထောင်ခန်းများ(Marriage
Laws of Myanmar)စာအုပ်မှ ဘာသာကြီး ၄-ရပ်ရဲ့ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာများ
https://www.facebook.com/photo.php?fbid=564679723650956&set=a.401123083339955

ရခိုင်ရှေ့ဟောင်းမြို့တော်မြောက်ဦးသို့ ......

ဒီတစ်ပတ် ခရီးသွားမှတ်တမ်းအဖြစ် မြောက်ဦးခရီးစဉ်အကြောင်း ဆက်ရေးပါဦးမယ်ရှင်... ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်းမြို့တော်ဖြစ်ခဲ့တဲ့ မြောက်ဦးမြို့ဟာ ရခိုင်ဘုရင်တို့ တည်ထားခဲ့တဲ့  ရှေးဟောင်း ဘုရား စေတီများ ပေါများလှတဲ့ အပြင် ရခိုင်မင်းဆက်တို့ စိုးစံခဲ့တဲ့ မြောက်ဦးနန်းတော်ရဲ့ နန်းမြို့ရိုးနဲ့ နန်းတော်ရာဟောင်းကို ယခုတိုင် ခိုင်ခိုင်မာမာ တွေ့ရှိနိုင်ပါတယ်။ 
ရန်ကုန်ကနေ စစ်တွေကို Air Mandalay နဲ့ ထွက်ခဲ့ရာမှာ လေယာဉ်ပေါ်က ခရီးသည် ၈၀ ရာခိုင်နှုန်းဟာ နိုင်ငံခြားသားများ ဖြစ်ပါတယ်။ သူတို့ဟာ ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ကို သွားရောက်ကြမဲ့ သူတွေချည်းဖြစ်တယ်လို့ သတိရတဲ့အချိန်မှာ မြောက်ဦးမြို့ဟာလည်း ပုဂံမြို့ဟောင်းလိုဘဲ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခု ဖြစ်နေပါလားဆိုတာ သိခဲ့ရပါတယ်။ ကျွန်မတို့အတွက်ကတော့  မိခင်ဖြစ်သူလဲ ပါတာကြောင့် ကားလမ်းခရီးကတော့ အနည်းငယ်ခက်ခဲ ကြမ်းတမ်းတယ် ဆိုတာရယ်၊ အချိန်လည်း သိပ်မရတဲ့အတွက် လေယာဉ်ခရီးကို ရွေးချယ်ခဲ့တာပါ။ လမ်းပန်းဆက်သွယ်ရေးနဲ့ ယခုဆိုရင် ဒေသတွင်းအခြေအနေပါ တိုးတက် ကောင်းမွန်လာခဲ့မယ်ဆိုရင် မြောက်ဦးမြို့ဟာ ကမ္ဘာလှည့်ခရီးသည်တွေ ခုထက်ပိုပြီး လာရောက်လှည်ပတ်ကြမဲ့ နေရာဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ကနေ ကားလမ်းရော ရေလမ်းနဲ့ပါ သွားရောက်နိုင်တဲ့ မြောက်ဦးမြို့ကို ကျွန်မတို့က ကားလမ်းကနေ သွားမှာဖြစ်လို့ မနက်စောစော စစ်တွေမြို့ကနေ ထွက်ခွာလာခဲ့ပါတယ်။ မနက်စောစော ထွက်လာရတာမို့ မိုးမလင်းသေးတဲ့အပြင် ဆောင်းရာသီမို့ အေးလည်းအေးတဲ့အတွက် ကားပေါ်မှာ ငိုက်လာပေမဲ့ အပြင်လောကကို စပြီး မြင်ရတဲ့ ရောင်နီ သန်းချိန်မှာတော့ လမ်းဘေးဝဲယာရှုခင်းတွေက အိပ်ချင်စိတ်တွေကို ဆွဲယူပစ်လိုက်ပါတယ်။ ဆောင်းမနက်ခင်းရဲ့ နှင်းမြူတွေနဲ့ လှပသာယာလှတဲ့  ရှုခင်းတွေဟာ မြို့ပေါ်မှာ မြင်ဖို့တွေ့ဖို့ခက်တဲ့ အဖိုးတန် သဘာဝ ပန်းချီကားချပ်တွေ ပမာပါဘဲ။ မောင်းနေတဲ့ ကားပေါ်ကနေ ကားကခုန်၊ လက်ကတုန်တဲ့အပြင် ဖွင့်မရတဲ့ မှန်တံခါးနောက်က ဓာတ်ပုံရိုက်ရတဲ့အခါ လိုချင်တဲ့မြင်ကွင်းကို ကွက်တိ မရခဲ့ပေမဲ့ ရသလောက်နဲ့ ကျေနပ်ရပါတယ်။ ပုံတစ်ချို့ကို အောက်မှာ ဖော်ပြချင်ပါတယ်နော်.

Image Hosted by PicturePush - Photo Sharing
မှုန်ပြာရီမနက်ခင်းမှာ ဓနိပင်တန်းတွေကလည်း လွမ်းစရာ .. ဓနိပင်တွေကတော့ အလွန်ပေါပါတယ်။ 
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
နှင်းမှုန်တို့ဖြင့် ရစ်သိုင်းခြုံလေတဲ့ လွမ်းစရာ မနက်ခင်း


Image Hosted by PicturePush - Photo Sharing

နှင်းထုကိုထွင်းဖောက်ပြီး တဖြေးဖြေး ထွက်လာတဲ့နေမင်းကို ကြည့်ရတာကလည်း ကဗျာတစ်ပုဒ်ကိုဖတ်ရသလို ညွှတ်နူးလှပလို့.. နေထွက်တဲ့ပုံထဲမှာ ဒီတစ်ပုံဘဲ ကောင်းတာ ပါပါတယ် ကျန်တာကတော့ စောင်းနေတာနဲ့ နေလုံးက ဝါးနေတာနဲ့ အဆင်မပြေလှပါဘူး။ မနက်ခင်းနှင်းထုတွေပါးလျလာတဲ့နောက် ကစ္ဆပနဒီ မြစ်ကြီးနဲ့ ကစ္ဆပနဒီ တံတားကြီးကို ရောက်ပါတယ်။ နာမည်ကျော် တံတားကြီးနဲ့ မြစ်ကြီးကတော့ လှိုက်လှဲစွာ ကြိုဆို နှုတ်ခွန်း ဆက်နေပါတယ်။ ရခိုင်မှာ ထင်ရှားတဲ့ လေးဝတီလို့ ဆိုနိုင်တဲ့ မြစ်ကြီးလေးစင်းမှာ တစ်စင်း အပါအဝင်ဖြစ်တဲ့ ကစ္ဆပနဒီမြစ်ကြီးဟာ ရခိုင် လူမျိုးတို့ရဲ့ ကြီးကျယ် ထင်ရှားခဲ့တဲ့ သမိုင်းအစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ ကစ္ဆပနဒီမြစ် တစ်ဖက်ကမ်း က ကျောက်တော်တောင် ကတော့ ရခိုင်မှာ ဗုဒ္ဓဘာသာ စတင်ထွန်းကားရာ အထိမ်းအမှတ် နေရာတစ်ခု ဖြစ်ပြီး မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ရခိုင်ဘုရင်ထံသို့ ကြွလာတော်မူတဲ့ ဒီကျောက်တော်တောင် အကြောင်းတော့ နောက်များမှ သီးသန့် ရေးချင်ပါသေးတယ်။

Image Hosted by PicturePush - Photo Sharing
နာမည်ကျော် ကစ္ဆပနဒီ တံတားကြီးပါ.. 

Image Hosted by PicturePush - Photo Sharing

ရခိုင်ပြည်နယ်ရဲ့ အသက်သွေးကြော မြစ်တစ်စင်းဖြစ်တဲ့ ကစ္ဆပနဒီမြစ်ပါ.. ကုလားတန်မြစ်လို့လည်း ခေါ်ကြပါတယ်။
ကစ္ဆပနဒီမြစ်ကြီးပေါ်က ကစ္ဆပနဒီတံတားကြီးကို ကျော်လာပြီးနောက် မကြာခင်မှာတော့ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ရခိုင်ပြည်ကို ကြွချီတော်မူလာစဉ်ကတည်းက သွန်းလုပ်ခဲ့တယ်လို့ ဆိုကြတဲ့ သမိုင်းဝင် ရှေးဟောင်း မဟာမြတ်မုနိဘုရား တည်ရှိရာ မဟာမုနိရွာကို ရောက်ပါတယ်။ အဲဒီမှာကားတွေအားလုံး ရပ်နားပြီး ထမင်းစား၊ ဘုရားဖူးကြပါတယ်။ မဟာမြတ်မုနိဘုရား အကြောင်း အပြည့်အစုံကိုတော့ ( ဒီနေရာမှာ ) ရေးခဲ့ပြီးပြီမို့ မဖတ်ရသေးရင် ဒီနေရာမှာဆိုတာကို ကလစ်လုပ်ပြီး ဖတ်နိုင်ပါတယ်။ ကျွန်မတို့ စီးလာတဲ့ကားဟာ မဟာမြတ်မုနိ မရောက်ခင် သရက်တစ်ပင် ရွာနားမှာ ကားပျက်ပါတယ်။ အဲဒီနေရာမှာ ကားပြင်ဖို့ နားနေချိန်မှာ ရွာထဲက လူတွေက ဘုရားနဲ့ မဝေးတော့ဘူး။ ဘုရားကို ဆိုင်ကယ် ကယ်ရီနဲ့ သွားလိုက်ကြပါလားလို့ ပြောလာတာကြောင့် ကျွန်မရယ် အမေရယ် ညီမလေးရယ်တို့ဟာ မဟာမြတ်မုနိဘုရား တည်ရှိရာ မဟာမုနိရွာကို ဆိုင်ကယ် ငှားစီးပြီး ထွက်ခဲ့ကြပါတယ်။ ကားဆရာကိုတော့ ဘုရားမှာ စောင့်မယ်လို့ အသိပေးခဲ့ပါတယ်။ ကားပျက်ချိန် အတော်ကြာတာကြောင့် ထမင်းစားပြီးနောက် ဘုရားကို အေးအေးဆေးဆေး အချိန်ယူပြီး ဓာတ်ပုံရိုက်ခွင့် ၊ ဖူးခွင့်ရခဲ့တာမို့ ကားပျက်တာကို ကျေးဇူးတင်ရမလို ဖြစ်ရပါသေးတယ်း)

Image Hosted by PicturePush - Photo Sharing
ရခိုင်ပြည်နယ်ရဲ့ ကျက်သရေဆောင် မဟာမြတ်မုနိရုပ်ပွားတော် (မဟာမြတ်မုနိဘုရားအကြောင်း တင်ခဲ့ဖူးပေမဲ့ မဖူးရသေးသူများအတွက် ဓာတ်ပုံ ပြန်လည်တင်ပေးလိုက်ပါတယ်) 

Image Hosted by PicturePush - Photo Sharing

မဟာမြတ်မုနိဘုရား ပရဝုဏ်အတွင်းက မြတ်စွာဘုရားနဲ့ ရဟန္တာများ ရုပ်ပွားတော်.. ( ဒီနေရာဟာလည်း နိုင်ငံခြားသား ဓာတ်ပုံဝါသနာရှင်များ ရှုထောင့်အမျိုးမျိုးကနေ ဓာတ်ပုံရိုက်လေ့ရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ကျွန်မလည်း ခပ်တည်တည်နဲ့ ဝင်ရိုက်ခဲ့တာပါ :P ) 

Image Hosted by PicturePush - Photo Sharing


ကားပျက်တဲ့ သရက်တစ်ပင်ရွာက ရွာသူ ရခိုင်သူမတွေပါ။ 

ရခိုင်တွေဟာ ခုလို ဒန်အိုးကို တစ်ပြည်နယ်လုံး သုံးကြတာမို့ စစချင်းမှာတော့ တစ်ခြားဒေသတွေနဲ့ မတူတဲ့အတွက် အမြင်မှာ တစ်မျိုးဖြစ်ခဲ့ရပါတယ်။ သို့ပေမဲ့ မြို့တိုင်းရွာတိုင်းမှာ ဒီလိုအိုးကိုသာ သုံးကြတာမို့ တွေ့ဖန်များတော့မှ အထူးအဆန်းမဖြစ်မိတော့ပါဘူး။ သူတို့ကိုင်ထားတဲ့ ရေအိုးကို ကျွန်မ ညီမက သဘောကျပြီး ခဏတောင်းယူကာ ဓာတ်ပုံ ရိုက်ခံတော့ ဘေးကလူတွေ တဝါးဝါးနဲ့ ပွဲကျခဲ့ရပါသေးတယ်။ အဲဒီရွာမှာ ကားပျက်တဲ့အချိန်ဟာ အတော် ကြာသွားတဲ့ အတွက်ကြောင့် မြောက်ဦးမြို့ကို ရောက်ချိန်ဟာ ခန့်မှန်းထားတာထက် အများကြီး နောက်ကျသွားခဲ့ပါတယ်။ မူလအစီအစဉ်က မြောက်ဦးမှာ ၂ရက်လောက် နေပြီး ငပလီကို ခရီးဆက်ဖို့အတွက် သံတွဲ လေယဉ်လက်မှတ်ပါ တစ်ခါတည်း ဖြတ်ထားခဲ့တာပါ။ ဒါပေမဲ့ မြောက်ဦးမြို့ထဲ ဝင်ချိန်မှာတော့ အချိန်နောက်ကျတာရော၊ များပြားလှတဲ့ ဘုရားတွေ ဖူးဖို့ဆိုတာ ကျန်ရှိတဲ့အချိန် တစ်ရက်ကျော်ကျော်နဲ့ ဘယ်လိုမှ လုံလောက်မှာမဟုတ်ဘူးလို့ တွေးမိတာကြောင့် နောက်ထပ် ၂ရက်တိုးပြီး ၄ရက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါနဲ့ သံတွဲကိုသွားဖို့ လေယာဉ်လက်မှတ် ဖြတ်ခဲ့တဲ့ Air Bagan (စစ်တွေ)ကို ဖုန်းဆက်ပြီး ကျွန်မဝယ်ခဲ့တဲ့ လက်မှတ်ကိုနောက် ၂ရက် နောက်ဆုတ်ပြီး ရွေ့ပေးဖို့ တောင်းဆိုတဲ့အခါ Air Bagan က လွယ်လွယ်ကူကူ ၂ရက် ရွေ့ပေးခဲ့ပါတယ်။ အဲဒီအတွက် ဘုရားတွေကို စိတ်အေးလက်အေး အသေးစိတ် ဖူးခွင့်ရတာကြောင့် AirBagan စစ်တွေရုံးခွဲက လက်မှတ် စီစဉ်ပေးသူများကို ကျေးဇူးတင်ပါကြောင်း ဒီနေရာကနေ ပြောချင်ပါတယ်။ လက်မှတ်ဝယ်နေတုန်းမှာ သူတို့ စားပွဲပေါ်က ရခိုင်ပြည်နယ်မှာ ထုတ်ဝေတဲ့ မဂ္ဂဇင်းလေး တစ်အုပ်ကိုလည်း ကျွန်မစာရေးရင် အကိုးအကားပြုဖို့ လိုချင်တာကြောင့် ပြန်ရောင်းပါလားလို့ဆိုတော့ သူတို့က ယူသွားပါဆိုပြီး လက်ဆောင် ပေးလိုက်ပါသေးတယ်။ အဲဒီ မဂ္ဂဇင်းအတွက်လည်း ကျေးဇူးတင်ကြောင်း ထပ်ပြောချင်ပါတယ်။

Image Hosted by PicturePush - Photo Sharing
လမ်းဘေးတစ်လျှောက် ဓနိပင်တန်းများ 


မြောက်ဦးအဝင် ဆိုင်းဘုဒ်

Image Hosted by PicturePush - Photo Sharing


နဝရတ်ဟိုတယ် ရောက်ပါပြီ.. ဟိုတယ်ရဲ့ တံတိုင်းတွေက ရှေးဟောင်းပုံစံ တည်ဆောက်ထားတာပါ။ 

Image Hosted by PicturePush - Photo Sharing


ဟိုတယ်ရှေ့က ရခိုင်စည်ကြီး

မြောက်ဦးကို မဖြစ်မနေသွားချင်တဲ့ ကျွန်မရဲ့ စိတ်ကို ပိုပြီးခိုင်မာစေတာက Flickr.Com မှာ တွေ့လိုက်တဲ့ မြောက်ဦးမြို့ရဲ့ မနက်ခင်း ဓာတ်ပုံလေးတစ်ပုံပါ။ အဲဒီပုံလေးကို မြင်လိုက်တာနဲ့ မြောက်ဦးကို သွားဖြစ်အောင် သွားမယ်လို့ ဆုံးဖြတ်ချက် ခိုင်မာစေခဲ့ပါတယ်။ ပြီးတော့ မြောက်ဦးကိုသွားရမဲ့ လမ်းကြောင်းနဲ့ တည်းခိုရမဲ့ ဟိုတယ်၊ ဆက်သွယ်ရမဲ့ သူတွေကိုပါ မိတ်ဆက်ပေးတဲ့ မြောက်ဦးဓာတ်ပုံပိုင်ရှင် ဦးစိုင်းကို ကျေးဇူးအထူးတင်ပါကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။ မြောက်ဦးကို မရောက်ခင် ကတည်းက ကျွန်မတို့အတွက် အစစ အဆင်ပြေအောင် ကူညီပေးတဲ့ မြောက်ဦးမြို့ နဝရတ်ဟိုတယ်က ရခိုင်သူလေး ညီမလေးမကျော့ကိုလည်း ပြောမပြတတ်အောင် ကျေးဇူးတင်ရပါတယ်။ သူ လမ်းညွှန်ပေးတဲ့အတွက် ဘုရားတွေ စုံအောင်၊ နေရာတွေ စုံအောင်လည်း ရောက်ခဲ့ရပါတယ်။
မြောက်ဦးမှာ ရှိစဉ်အတွင်း သွားဖို့လာဖို့ ကားတွေ၊ စက်လှေတွေကအစ စီစဉ်ပေးပြီး ဘုရားသမိုင်းတွေကိုလည်း မြေပုံနဲ့တကွ စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးတာကြောင့် ညီမလေးမကျော့ဟာ တကယ်ကို ကျေးဇူးတင်စရာ ကောင်းပါတယ်။
ကျွန်မတို့ မြောက်ဦးရောက်တဲ့အချိန်မှာ ကားဂိတ်မှာ မကျော့ စီစဉ်ပေးထားတဲ့ကား လာစောင့်နေတာကြောင့် အဆင်သင့်စီးပြီး နဝရတ်ဟိုတယ်ကို ရောက်လာရပါတယ်။ ဟိုတယ်မှာ ရေမိုးချိုးခဏတဖြူတ် နားပြီးတာနဲ့ ကားနဲ့ဘဲ လေ့လာရေးခရီး စတင်ပါတော့တယ်။ စစချင်း ဟိုတယ်နဲ့ သိပ်မဝေးတဲ့ မြောက်ဦးနန်းတော်ဟောင်းကို အရင်ဝင်ပြီး လေ့လာကြပါတယ်။ မြောက်ဦးမြို့ရဲ့ နန်းတော်ဟောင်း အကြောင်းနဲ့ မြောက်ဦးမြို့ရဲ့ လှပအေးချမ်းတဲ့ ဆောင်းမနက်ခင်း ဓာတ်ပုံများကိုတော့ နောက်ထပ်ပိုစ့်မှာ သီးသန့် ဖော်ပြပါမယ်ရှင်.. အားလုံးဘဲ စိတ်ဝင်တစား ဖတ်ရှုပေးကြတာ ကျေးဇူး တင်ပါတယ် လို့နော်။ 




သီရိလင်္ကာနိုင်ငံမှ PhD သာသနာ့အာဇာနည်တပါး ထပ်မံပေါ်ထွက်




March 10, 2014

အရှင်ပညာစက္က (YEEBS – ဘန်ကောက်)
မတ်လ ၁၀၊ ၂၀၁၄

ဒုတိယအကြိမ်မြောက် သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့ရယူခဲ့သော ရဟန်းတော်မှာ အရှင်ဣန္ဒသာရဖြစ်သည်။ အရှင်ဣန္ဒသာရသည် သီရီလင်္ကာ နိုင်ငံ၊ ကိုလံဘိုမြို့၊ ကေလနိယတက္ကသိုလ်၊ ဗုဒ္ဓဘာသာလေ့လာရေးဋ္ဌာနသို့ “ A Critical Study of Historical Development of Subject-matter Related to Dhammanupassana in Theravada Buddhist Tradition- ထေရ၀ါဒဗုဒ္ဓဘာသာဓလေ့ရှုထောင့်မှ ဓမ္မာနုပဿနာဆိုင်ရာအကြောင်းအရာ၏တိုးတက်မှုကို သမိုင်းကြောင်းအားဖြင့် ဆန်းစစ်လေ့လာခြင်း” အမည်ရှိသော “ Dissertation- ပါရဂူစာတမ်း” ကိုတင်သွင်းခဲ့ပြီး အရှင်ဣန္ဒသာရသည် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလတွင် ပါရဂူဘွဲ့ယူစာတမ်း၏ Final Defense ကို အောင်မြင်ခဲ့ပါသဖြင့် ပါရဂူဘွဲ့ကိုရရှိခဲ့ခြင်းဖြစ်သည်။

အရှင်ဣန္ဒသာရသည် “ An Analytical Study of Theory of Kamma according to Buddhism- ဗုဒ္ဓဘာသာအဆိုအရ ကမ္မအယူအဆကိုခွဲခြမ်းစိပ်ဖြာလေ့လာခြင်း” ဟူသော စာတမ်းဖြင့် “ မဟာဝိဇ္ဇာ (MA)” ဘွဲ့ကိုရယူခဲ့သည်။



အရှငဣန္ဒသာရသည် သီရီလင်္ကာနိုင်ငံတွင် ပါရဂူတန်းကိုတက်ရောက်သင်ယူေ
နစဉ်အတွင်း တခြားသော ပညာရေးနှင့် သာသနာရေးဆိုင် ရာကိစ္စများကိုပါ အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သေးသည်။ အရှင်ဣန္ဒသာရသည် ပါရဂူဘွဲ့ယူစာတမ်းရေးသားရင်း တဘက်မှာည်း သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုရှိ Sunday School ကျောင်းများနှင့် Universal School of English သင်တန်းကျောင်းတွင် ဒါရိုက်တာ(Director) အဖြစ်ဆောင်ရွက်ပေးခဲ့သည်။ ၄င်းအပြင် အရှင်ဣန္ဒသာရသည် မြန်မာနိုင်ငံမှရောက်ရှိလာသော တချို့သော MA ဘွဲ့ယူမည့် ရဟန်းတော်များအား Academic English များကို ပညာဒါန ပြသပေးခဲ့သည်။ အရှင်ဣန္ဒသာရသည် ပါရဂူဘွဲ့ယူစာတမ်းကို တင်သွင်းပြီး သည့်တိုင်အောင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် MA, M.Phill, PhD ကျောင်းသား ရဟန်းတော်များအား သုတေသန စာတမ်း ရေးသားပုံများကို guide လုပ်ပေးလျှက် တနှစ်ကျော်ခန့်ဆက်ဆက်သီတင်းသုံးနေခဲ့သေးသည်။ လာအို၊ ကမ္ဘောဒီယား၊ တရုတ်၊ ထိုင်းနှင့် ကိုးရီးယာနိင်ငံများမှ သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်တွင် ဗုဒ္ဓဘာသာဖြင့် M.Phill နှင့် PhD ဘွဲ့အတွက် စာတမ်းများပြုစုနေကြ သော ကျောင်းသူ၊ သားများအားလည်း အဘိဓမ္မာသင်တန်း များကိုဖွင့်လှစ်လျှက် ပို့ချပေးခဲ့သည်။ အရှင်ဣန္ဒသာရသည် MA (မဟာဝိဇ္ဇာဘွဲ့) နှင့် PhD (ဒေါက်တာဘွဲ့) အပြင် ၀ိနယာဓိကဓမ္မာစရိယဘွဲ့၊ အစိုးရသာသနဓဇဓမ္မာစရိယဘွဲ့၊ ၀ိနယပိဋကတစ်ပုံပါဠိ တော်သက်သက်ကို ရေးဖြေအောင်မြင်ခဲ့သဖြင့် ၀ိနယ၀ိဒူဘွဲ့များကိုပါ ရရှိထားသော ရဟန်းတော်တစ်ပါးဖြစ်သည်။ အရှင်ဣန္ဒသာရသည် ပရိယတ္တိဘက်တွင်သာ ထူးချွန်သည်မဟုတ် အကျင့်ပဋိပတ္တိဘက်တွင်လည်း အလေ့အလာရှိသူတဦးဖြစ်သည်။ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ ပါရဂူဘွဲ့အတွက် စာတမ်းရေးနေစဉ် ကိုလံဘိုမြို့ရှိ သုဿာန်များသို့သွားရောက်ပြီး ကမ္မဋ္ဌာန်းတရားကိုလက်တွေ့အားထုတ်ခြင်း၊ လက်တွေ့နဲ့ဆက်စပ်ပြီးသိလာသည့်အတိုင်း အထောက်အထားများဖြင့် စာတမ်းတွင်ထည့်ရေးခြင်း စသည်ဖြင့် လက်တွေ့နဲ့စာတွေ့ကိုညှိ လျှက်သူ၏ ပါရဂူစာတမ်းကိုပြုစုခဲ့ခြင်းဖြစ်သည်။ အရှင်ဣန္ဒသာရသည် စာရေးရာ တွင်လည်း ၀ါသနာကြီးသူဖြစ်သည်။ သူသည် စကြာဝဠာ ဟူသော ကလောင်နာမည်ဖြင့် ဆောင်းပါး များရေးသားပြီး ၂၀၀၆ ခုနှစ်တွင် စာပေလောကကို စတင်ဝင်ရောက်ခဲ့သည်။ ကေလနိ ယတက္ကသိုလ်မှကျင်းပသော ဒုတိယအကြိမ်မြောက် နိုင်ငံတကာလူမှုရေးသိပ္ပံကွန်ဖရင့် (conference) သို့ “ ပါပနိကသုတ္တနှင့် ဓမ္မစွမ်းရည် များအားလျှောက်စွာ ဈေးကွက်စီးပွားရေးစနစ်ကိုနားလည်ခြင်း” သူသော သုတေသနစာတမ်းကိုလည်းတင်သွင်းခဲ့သည်။ ထို့အပြင် တခြား သော မဂ္ဂဇင်းများတွင်လည်း ဆောင်းပါးများရေးသားခဲ့သေးသည်။

အရှင်ဣန္ဒသာရကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ခမည်းတော် ဦးရဲသိန်းအောင်+ မေတော်ဒေါ်မဖြူတို့မှ ၁၉၈၅ ခုနှစ်တွင်မွေးဖွားခဲ့သည်။ အရှင်ဣန္ဒသာရသည် သိရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့ယူခဲ့ကြသော မြန်မာနို်င်ငံမှ ရဟန်းတော်များတွင် အသက်အငယ်ဆုံးဖြစ်သည်။ ဒေါက်တာဘွဲ့ရချိန်တွင် သူ့အသက်သည် ၂၈ နှစ်ပြည့်ပြီဖြစ်သည်။ ယခုအခါ အရှင်ဣန္ဒသာရသည် စင်ကာပူုနိုင်ငံ မဟာမုနိဗုဒ္ဓဘာသာအသင်း- Mahamuni Buddhist Society တွင် ဒေါက်တာဦးဇဝနနှင့် ဒေါက်တာဦးသုပီယတို့၏သြဝါဒကိုခံယူလျှက် သာသနာရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိသည်။ သူသည် ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် မြန်မာနိုင်ငံများမှ ရဟန်းတော်များ၊ ကျောင်းသူ၊ သား များဖြင့်ဖွဲ့စည်းထားသော ဗုဒ္ဓဘာသာလူငယ်ပညာရေးအသင်း- Youth Education Enhancement Buddhist Society (YEEBS) တွင် လည်း အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်နေသူတဦးဖြစ်သည်။

https://www.facebook.com/photo.php?fbid=613004375443985&set=a.161902937220800.40167.100002032836415&type=1&theater

စစ်မှန်သော ပြည်ထောင်စုသို့


လူမျိုးတစ်မျိုး တိုင်းပြည်တစ်ပြည်ဆိုလျှင် တိကျပြတ်သားသော ရည်ရွယ်ချက်ရှိရပေမည်။ ရည်ရွယ်ချက် ပန်းတိုင်မရှိဘဲ စမ်းတ၀ါးဝါးနှင့် လျှောက်သွားနေသော လူမျိုးတစ်မျိုးသည် လူမျိုးခြားတို့၏ မျိုဝါးခြင်းကို ခံယူရမည်မှာ ဓမ္မတာဖြစ်၍ အမျိုးကွယ်ပျောက် ဆိတ်သုဉ်းသွားရမည်မှာ သဘာဝပင်ဖြစ်သည်။

ရခိုင်ပြည် လူမျိုးတစ်မျိုးအနေနှင့် မိမိတို့ ချီတက်ရမည့် ခရီးစဉ်ကို တိတိကျကျ စီမံကိန်းချထားရန် အရေး ကြီးပေသည်။ ရခိုင်လူမျိုးသည် နှစ်ပေါင်း (၁၇၀)ကျော်ခန့် တိကျပြတ်သားသော ရည်ရွယ်ချက်မရှိဘဲ၊ ဟိုမှသည်သို့ စုန်ဆန်လွင့်မျောခဲ့ချေပြီ။ အကယ်၍ ဤကဲ့သို့သော ဆက်လက်ခရီးသွားနေမည်ဆိုက မကြာလင့်ပြီဖြစ်သော ဆယ်စုနှစ်အနည်းငယ်အတွင်းတွင် ရခိုင်ဆိုသော ဝေါဟာရသည် ဒဏ္ဍာရီ စကား သဖွယ်သာ ကျန်ရစ်ခဲ့ရရှာမည် မလွဲပေ။

လူမျိုးတစ်မျိုး၏ ချီတက်ရမည်ဖြစ်သော ရည်ရွယ်ချက် မှန်မှန်ကန်ကန်ချမှတ်နိုင်ရေးအတွက် နောက်ခံ ရာဇ၀င်နှင့် လက်ရှိအခြေအနေကို ရေရေလည်လည် နားလည်သဘောပေါက်ရန် အရေးကြီးပေသည်။

လွန်ခဲ့သော ရာစုနှစ်အနည်းငယ်၏ ဟိုမှာဘက်တွင် ရခိုင်သည် သီးခြားလွတ်လပ်သော လူမျိုးတစ်ရပ် အနေနှင့် တည်ရှိခဲ့ကြောင်းကို ရာဇ၀င်သမိုင်းသည် အမှန်အတိုင်း ဟစ်ကြွေးကြော်လျက် ရှိပေသည်။ ဤကြွေးကြော်ချက်ကို အဖြာဖြာသော ရခိုင်ရှေးဟောင်း လက်ရာအနုပညာများက ဟုတ်မှန်ကြောင်း ၀န်ခံသက်သေပြလျက် ရှိပေသည်။

သို့သော် ၁၇၈၅ ခုနှစ်တွင်ကကား ရခိုင်အမျိုးသားလွတ်လပ်ရေးသည် တိုင်းခြားလက်အောက်တွင် သက်ရောက် အရှုံးပေးခဲ့ရပေသည်။ ဤကဲ့သို့ လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်မှာ ပြည်တွင်းပြဿနာ သက်သက်မျှသာဖြစ်သော နန်းတွင်းမကျေနပ်မှုကို အိမ်နီးချင်းဗမာလူမျိုးအား ဖြေရှင်းပေးရန် ဖိတ်ခေါ်ပင့်ဆောင်ခဲ့သောကြောင့်ပင် ဖြစ်ချေသည်။ ရခိုင်ပြည်အား သိမ်းပိုက်ရန် အခွင့်ကို သာ စောင့်မျှော်နေသော ဘိုးတော်မောင်ဝိုင်း၏ ကလိမ်ဥာဏ်ကို သတိမမူသောကြောင့် ရခိုင် အမျိုးသားလွတ်လပ်ရေး မတော်တရား ဆုံးပါးခဲ့ရချေသည်။

လူမျိုးခြား၏ ညှင်းဆဲနှိပ်စက်သော လက်အောက်တွင် မနေလိုကြသည့် မျိုးချစ်သူရဲကောင်းတို့သည် အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ကြသည်ကား မှန်ပေ၏။ "သို့သော် မညီညွတ် ဘဲနှင့် စွန့်စားသည်" ဆိုသကဲ့သို့ စည်းလုံးညီညွတ်ရေးကို မတည်ဆောက်ဘဲ တော်လှန်တိုက်ပွဲဝင်ကြသော ဗိုလ်ချင်းပျံတို့ ကြိုးပမ်းချက်သည် အချည်းအနှီးဖြစ်ခဲ့ရပေသည်။

ဤသို့ ဗမာအုပ်ချုပ်ရေးကို ရခိုင်အမျိုးသားများ တော်လှန်နေကြသည့် အချိန်တွင် အင်္ဂလိပ်-ဗမာ ပထမ စစ်ပွဲ ဖြစ်ပွားလာခဲ့သည်။ ဤသည်အခါတွင် ရခိုင်တို့၏ ချိုးနှိမ်မရပြီဖြစ်သော မျိုးချစ်စိတ်ဓါတ်နှင့် တက်ကြွ ရဲရင့်သော စွမ်းအားကို နယ်ချဲ့အင်္ဂလိပ်သည် မိမိတို့၏ နယ်ပယ်ချဲ့ထွင်ရေးအတွက် လိမ္မာပါးနပ်စွာနှင့် အသုံးချခဲ့ကြသည်။ အချက်ဆယ်ချက်ပါဝင်သော စာချုပ်နှင့် ရခိုင်လွတ်လပ်ရေးကို ပြရုပ်ပြကာ ရခိုင် အမျိုးသားတို့အား လှည့်စားချုပ်ဆိုခဲ့ကြသည်။ ရခိုင်တို့သည် သွေးကိုရင်းနှီးကာ ဗမာ့အုပ်ချုပ်ရေးကို အသက်ပေးတော်လှန်ခဲ့ကြသော်လည်း မြတ်နိုးသော လွတ်လပ်ရေးကိုကား မရရှိခဲ့ကြပေ။ အင်္ဂလိပ် နယ်ချဲ့ကြီး လက်အောက်သို့သာ ကျွန်သဘောက်အဖြစ်နှင့် ထပ်မံကျဆင်းရပြန်သည်။ ကျွန်ဆက်ပြောင်း ခဲ့ရချေသည်။ အမှန်မူ တော်လှန်ရေးခေါင်းဆောင်တို့သည် အရှေ့တလွှားတွင် နယ်ချဲ့လာကြသော အင်္ဂလိပ်၏ ကလိမ်ဥာဏ်ကို တင်ကြိုမမြင်နိုင်စွမ်းခဲ့ကြချေ။ နှောင်ကြိုးမလွတ်ကင်းသော နိုင်ငံခြား အကူအညီကို ယူမိခြင်းများမှာ ရခိုင်လူမျိုး၏ ဒုတိယမဟာအမှားတော်ပုံပင် ဖြစ်ချေသည်။ နယ်ချဲ့တစ်ဦး၏ လက်မှ လွတ်မြောက်လိုသည့်အတွက် အခြားနယ်ချဲ့နိုင်ငံ၏ အကျိုးကို ပြလိုက်သကဲ့သို့ပင် ဖြစ်တော့သည်။

ရခိုင်ပြည် အင်္ဂလိပ်လက်အောက်သို့ ကျရောက်သောအချိန်နှင့် ကျရောက်ပြီးသောအချိန်သည်ကား ဗမာ နယ်ချဲ့ဝါဒ ထိပ်ဆုံးသို့ရောက်နေသော ကာလပင်ဖြစ်ချေသည်။ ၎င်းအချိန်တွင် ဗမာသည် မွန်၊ ရခိုင်၊ ကချင်၊ ရှမ်း အစရှိသည်တို့အပြင် အာသံ၊ မဏိပူရ၊ ယိုးဒယား၊ ဇင်းမယ်၊ အစရှိသည့် အနီးအနား နိုင်ငံငယ်တို့ကို ကျူးကျော်သိမ်းပိုက်ကာ၊ ဗမာ့အင်ပါယာကို ထူလွှင့်နေချေသည်။ တချိန်တည်းမှာပင် အင်္ဂလိပ်တို့သည် အနောက်ဥရောပမှနေပြီး ကမ္ဘာနှင့်ချီကာ နယ်ပယ်ချဲ့ထွင်လာခဲ့သည်။ နယ်ချဲ့နိုင်ငံဖြစ်သော အင်္ဂလိပ်နှင့် ဗမာသည် နယ်စပ်ချင်းထိတွေ့ ထူစပ်လာခဲ့သောအခါတွင် သဘာဝအလျောက် အငြင်းပွားရန်ဖြစ်ခဲ့ကြ သည်။ နောက်ဆုံးတွင် ပိုမိုအားကောင်းသော အင်္ဂလိပ်သည် ဗမာ့အင်ပါယာတစ်ခုလုံးကို အလွယ်တကူနှင့် အနိုင်ယူသိမ်းပိုက်နိုက်ခဲ့ပေသည်။

နယ်ချဲ့အင်္ဂလိပ်၏ လက်အောက်တွင်ကား ဗမာ၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်၊ ကယားတို့သည် အဆင့်အတန်း အားဖြင့် ကွဲပြား၊ ခြားနားခြင်းမရှိချေ။ အားလုံးသည် အင်္ဂလိပ်၏ကျွန်ဘ၀တွင် ရပ်တည်၍ အားလုံးကပင် အင်္ဂလိပ်နယ်ချဲ့ဝါဒကို ရန်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။

သို့ကြောင့်လည်း ရခိုင်ဇာနည် ဦးဥတ္တမ၏ နိုးကြားတက်ကြွသော ရှေ့ဆောင်လမ်းပြမှုအောက်တွင် လွတ်မြောက်လိုသောစိတ်ဓါတ်သည် တဖွားဖွားရင့်သန်လာကာ လူမျိုးစုသွေးစည်းညီညွတ်ရေးကို အရတည်ဆောက်ခဲ့ကြသည်။ ပင်လုံညီလာခံကို ကျင်းပကာ လူမျိုးစု သဘောတူညီချက်များ ကို ရေးဆွဲပြီး ပြည်ထောင်စုစိတ်ဓါတ်ကို မြှင့်တင်ခဲ့ကြသည်။

အုံကြွနိုးကြားသော လူမျိုးစုအားလုံးသည် တစ်ခုတည်းသော ရန်သူဖြစ်သည့် အင်္ဂလိပ်နယ်ချဲ့အား တော် လှန်ရန် စိုင်းပြင်းကြလေပြီ။ အရှေ့အာရှ ညီညွတ်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးရမည် ဆိုသော ကြွေးကြော်သံသည် ကျယ်ပြန့်လာခဲ့သည်။ အရှေ့တခွင်မှ အင်အားကြီးမားလာသော ဂျပန်ကို မဟာမိတ်ဖွဲ့ကာ အင်္ဂလိပ်ကို တော်လှန်ခဲ့ကြသည်။

ဤသည်တွင် တဖန် ရခိုင်-ဗမာနှင့်တကွ လူမျိုးစုအားလုံးသည် လိမ်လည်ခြင်း ခံရပြန်သည်။ ဂျပန်သည် လွတ်လပ်ရေး၏ ကယ်တင်ရှင် မဟုတ်ချေ။ နယ်ချဲ့ဟောင်းတို့၏လက်မှ နယ်ပယ်လုနေသော နယ်ချဲ့ အင်အားသစ်သာ ဖြစ်လေသည်။ သို့ကြောင့်လည်း ပြည်ထောင်စုကို အတုအယောင်ဆောင် ရွှေရည်စိမ် လွတ်လပ်ရေးကို ပေးအပ်ကာ ဖက်ဆစ်စနစ်ဖြင့် အုပ်ချုပ်ကြပြန်သည်။

သို့ကြောင့် လွတ်လပ်ရေးအတွက် သွေးမြောက်နေကြသော လူမျိုးစုများသည် ခေါင်းငုံ့ခံမနေကြတော့ချေ။

ကမ္ဘာ့နိုင်ငံရေးအခြေအနေသည်လည်း တိုင်းပြည်တစ်ပြည်က အခြားတိုင်းပြည်တစ်ပြည်အား မတရား သဖြင့် အုပ်ချုပ်မှုကို ခွင့်မပြုတော့ချေ။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် ကိုလိုနီစနစ်သည် အသက်ငင်လျက် ရှိချေပြီ။ လွတ်မြောက်ရေးကို မြတ်နိုးသော လူသားတို့သည် ဖက်ဆစ်စနစ်ကိုလည်း မကြောက်၊ ချော့မြှူခြင်း တွင်လည်း မပျော့ညံ့တော့ချေ။ အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သော သူတို့၏ တရားသော တိုက်ပွဲသည် အောင်မြင်ရမည်သာ ဖြစ်ချေသည်။

သို့ကြောင့်လည်း ဖက်ဆစ်စနစ်ကို ဗြိတိသျှနယ်ချဲ့နှင့် ပူးပေါင်းတိုက်ထုတ်ကာ တက်ကြွသော နိုင်ငံရေးနိုး ကြားမှုနှင့် ကမ္ဘာ့အခြေအနေ ခွင့်ပြုချက်အရ ဗြိတိသျှတို့အား တဖန်တွန်းလှန်နိုင်ခဲ့ကြသည်။

၁၉၄၈-ခု ဇန်န၀ါရီလတွင် ရခိုင်လူမျိုးတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ်နှင့် လွတ်လပ်ရေးရသည်ဟု အသိအမှတ်ပြုခံရလေပြီ။

ယနေ့တွင်ကား ရခိုင်သည် ပြည်ထောင်စုအဖွဲ့ဝင်နိုင်ငံဟု ကြွေးကြော်နေချေပြီ။ ဤစခန်းသည် ရခိုင်တို့၏ ခရီးလမ်းအစလော၊ လမ်းခုလတ်လော၊ လမ်းဆုံးလောဆိုသော အချက်ကို လေ့လာရန်လိုသည်။

ဤသည် ပြဿနာကို သဘောပေါက်ရန် "ပြည်ထောင်စုစနစ်ကို တကယ်တမ်း နားလည်ရန်၊ ရခိုင်ပြည်၏ လက်ရှိအခြေအနေနှင့် ယှဉ်တွဲသုံးသပ်ရန် အရေးကြီးပေသည်။

ပြည်ထောင်စုဟူသည် တစ်ဦးချင်းအနေဖြင့် ရပ်တည်ခြင်းငှာ မစွမ်းနိုင်သော (၀ါ) သီးခြားတစ်ဦးချင်းစီ ရပ်မနေလိုကြသော နိုင်ငံငယ်များက တစ်ပြည်ထောင်တည်းစနစ်ကိုလည်း မနှစ်မြို့သောကြောင့် "လွတ်လပ်မှု၊ ညီညွတ်မှု၊ တရားမျှတမှု"တည်းဟူသော အခြေခံ သုံးချက်အပေါ်မူတည်ကာ မိမိတို့သဘောဆန္ဒအလျောက် ပူးပေါင်းဖွဲ့စည်းထားသော အစုဝေး ပြည်ထောင်ဖြစ်ပေသည်။

"မိမိတို့ ဆန္ဒအလျောက် ပူးပေါင်းခြင်း"ဆိုသော စကားအရ ပြည်ထောင်စုအဖွဲ့ဝင်နိုင်ငံများသည် ပြည်ထောင် စုမှ ခွဲထွက်ပိုင်ခွင့်၊ ပူးပေါင်းပိုင်ခွင့် ရှိပေသည်။ ပြည်ထောင်စုနိုင်ငံသည် လက်နက်နှင့် ကျားကန် တည်ဆောက်ထားသော နိုင်ငံမျိုးမဟုတ်ဘဲ "ဆန္ဒ"နှင့် တည်ဆောက်ထားသော နိုင်ငံဖြစ်ပေသည်။ အခြေခံအချက်များဖြစ်သော "လွတ်လပ်မှု၊ ညီညွတ်မှု၊ တရားမျှတမှု" ပျက်သုဉ်းလျှင် ပြည်ထောင်စုမှ ခွဲထွက်ပိုင်ခွင့် ရှိပေသည်။

"လွတ်လပ်မှု"ဆိုသော အပိုင်းတွင် ပြည်ထောင်စုအဖွဲ့၏ လူမျိုးများ ပြည်များ၌ မိမိကိုယ်ပိုင် သီးခြားသော လွတ်လပ်မှုသည် တည်တံ့ရပေမည်။ ပြည်နယ်များ (၀ါ) ပြည်ထောင်စုအဖွဲ့နှင့် နိုင်ငံများအားလုံး သဘော တူ ပြည်ထောင်စုအစိုးရသို့ အပ်နှင်းထားသော အခွင့်အာဏာမှအပ၊ ကျန်အာဏာများသည် ပြည်နယ် များနှင့်သာ သက်ဆိုင်ရပေမည်။ ပြည်နယ်တစ်ပြည်၏ အတွင်းရေး (ဥပမာ- ပြည်နယ်အစိုးရ ရွေး ချယ်ခြင်း၊ ပြည်နယ်ဥက္ကဋ္ဌ တင်မြှောက်ခြင်း) တို့တွင် တခြားလူမျိုးစု တစ်ရပ်က ၀င်ရောက်ချယ်လှယ်ခြင်း မပြုရပေ။ ပြည်နယ်တစ်ပြည်နယ် (၀ါ) လူမျိုးစုတစ်ရပ်သည် အခြားလူမျိုးစုတစ်ရပ်၏ သြဇာခံ၊ လက်အောက်ခံ မဖြစ်ရချေ။ ပြည်နယ်အဖွဲ့ဝင် လူမျိုးစုအားလုံးသည် မိမိပြည်နယ်နှင့် မိမိ လွတ်လပ်ရေး ရရှိပြီး ဖြစ်ရမည်ပင် ဖြစ်လေသည်။ (The States are co-equally Supreme within their own Sphere; in no Sense are they Subardinate Co-operations. P-2. Federal Governments)

"တရားမျှတမှု"ဆိုသော အပိုင်းတွင် ပြည်ထောင်စုအဖွဲ့ဝင် လူမျိုးစုအားလုံးသည် တူညီသော အခွင့်အရေး ကို ခံစားရမည် ဖြစ်ပေသည်။ ပြည်နယ်ကြီးသည်ဖြစ်စေ၊ ပြည်နယ်ငယ်သည်ဖြစ်စေ လူမျိုးစုလွှတ်တော် (Second Chamber) (လူမျိုးစုလွှတ်တော်သည် ပြည်ထောင်စုနိုင်ငံတွင် ပိုမိုအရေးကြီးသည်) သို့ တူညီသော ကိုယ်စားလှယ်အမတ်ကို လွှတ်ရပေမည်။ (And among independent soverign states, bound together by a simple league, the parties, however unequal in size, ought to have an equal share in the council (Second Chamber) P-117 on the constitution)

ပြည်ထောင်စုအစိုးရကို ဖွဲ့စည်းသည့်နေရာတွင်လည်း တစ်ပြည်ထောင်တည်းနိုင်ငံ (Uniterary State) မှာကဲ့သို့ ပြည်သူ့ကိုယ်စားလှယ်များ သက်သက်ပေါ်တွင် မူမတည်ဘဲ လူမျိုးစုနှင့် ပြည်သူ့ ကိုယ်စားလှယ်အမတ်များအပေါ် ပူးပေါင်းသဘောတူညီချက်အရသာ ဖွဲ့စည်းရမည်ဖြစ်ပေသည်။

ပြီးလျှင် ပြည်ထောင်စုနိုင်ငံတွင် လူမျိုးစုတစ်ရပ်က သြဇာအာဏာလွှမ်းမိုးခြင်း မရှိရချေ။ လူမျိုးစုအားလုံး သည် တူညီသော ပြည်နယ်များအဖြစ်သာ ရပ်တည်သင့်ပေသည်။ ကိုလိုနီ(၀ါ) အင်ပိုင်ယာနိုင်ငံတွင် သာ ပြည်မနိုင်ငံ (အမိနိုင်ငံ)နှင့် အင်ပိုင်ယာပြည်နယ် နယ်ပယ်ဟူ၍ ခွဲခြားရှိသည်။ ပြည်ထောင်စုနိုင်ငံတွင် လူမျိုးစုတစ်ရပ်က ပြည်မဟုခံယူပြီး တခြားလူမျိုးစုများကို ပြည်နယ်များအဖြစ် သတ်မှတ်ထားလျှင် ၎င်းနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဘ၀မှ ကိုလိုနီ အင်ပိုင်ယာနိုင်ငံဘ၀သို့ လျောဆင်းခဲ့လေပြီ။ ၁၉၁၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ၀ီးမားရီးပါးဘလစ်(Weimer Republic)ကို (Germen Empire)ဟုသာ ကင်းပွန်းတပ် အသိအမှတ်ပြုခဲ့ကြသည်။ အကြောင်းမူ ၎င်းနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဟုပင် ခံယူသော်လည်း (Prussia)နိုင်ငံကသာ သြဇာအာဏာ အားလုံးကို လွှမ်းမိုးသိမ်းယူထားသည်။ တခြား အဖွဲ့ဝင်နိုင်ငံတို့ မှာ ပြရုပ်သဘောသာ ရှိသည်။ သို့ကြောင့်လည်း (The old German Empire was neither truely federal nor truely democratic, for in no truely federal system, do you find the predominence of on state)ဟု စာမျက်နှာ ၁၁၉ Modern Constitution တွင် ရေးသားထားပေသည်။

သို့ဖြစ်ရာ လွတ်လပ်ရေး၊ တရားမျှတရေး၊ ညီညွတ်ရေးဆိုသော အချက်သုံးချက်သည် ပြည်ထောင်စု၏ အနှစ်သာရပင် ဖြစ်ချေသည်။ ဤအချက်သုံးချက် ကွယ်ပျောက်မည်ဆိုက ပြည်ထောင်စုသည် ပြည်ထောင် စုနိုင်ငံမဟုတ်ချေ။

ဤသို့ ပြည်ထောင်စုနိုင်ငံ၏ အခြေခံသဘောတရားကို နားလည်ပြီးနောက် ယနေ့ ရခိုင်ပြည်အပါအ၀င် ဖွဲ့စည်းထားသော နိုင်ငံကို ချိန်ထိုးကြည့်သင့်ပေသည်။

မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံ၏အမည်ကိုပင် ဆောင်ယူထားသော်လည်း စစ်မှန်သော ပြည်ထောင် စုနိုင်ငံကား မဟုတ်ပေ။

လွတ်လပ်မှုဆိုသော တရားနှင့် ဖီလာဆန့်ကျင်ကာ ရခိုင်လူမျိုးစုနှင့် မွန်လူမျိုးစုတို့သည် ပြည်နယ်အဆင့် တွင်မှ မရပ်တည်ကြပေ။ ယနေ့ ချင်းသည်လည်း ၀ိသေသတိုင်း၏ သြဇာအာဏာနည်းပါးမှုကို တင်ပြတောင်းဆိုနေကြသည်။ ဖဆပလ နှစ်ခြမ်းကွဲပြီးနောက် သန့်ရှင်းအစိုးရဖွဲ့သောအခါ ကချင်ပြည်နယ် သူ/သားတို့၏ ဆန္ဒနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ကာ ဦးနုသည် မိမိသဘောနှင့် ကချင်ပြည်နယ် ဥက္ကဋ္ဌ ကို ရွေးခဲ့သည်။ ဤသို့ရွေးမြှောက်နိုင်အောင်လည်း အခြေခံဥပဒေက ခွင့်ပြုထားပေသည်။ တခြားသော ပြည်နယ်တို့ကလည်း မိမိတို့တွင် ရသင့်သောအခွင့်အရေးများ မပြည့်စုံကြောင်း ဟစ်ကြွေးနေ ကြသည်။

တရားမျှတမှုကား ဤပြည်တွင် မရှိချေ။ ဗမာလူမျိုးစုသည် လူမျိုးကြီးဟုဆိုကာ ပြည်ထောင်စုအစိုးရ (Federal Authority) အားလုံးကို သိမ်းယူထားပေသည်။ အမှန်က ဗမာလူမျိုးစုသည် ပြည်ထောင်စု အစိုးရဆိုသောစကားကို ပြည်မအစိုးရ (Central Burma Government) နှင့် ရောထွေးရှက်ထင် ပြုထားသည်။ အမှန် လူမျိုးစုတစ်ရပ်၏ အစိုးရနှင့် ပြည်ထောင်စုအစိုးရသည် တိကျပြတ်သားစွာ ကတ္တားခြားထားရ မည်ဖြစ်ပေသည်။

လူမျိုးစုလွှတ်တော်တွင်မူ လူမျိုးစုတစ်ရပ်စီမှ တူညီသော ကိုယ်စားလှယ်ဦးရေ လွှတ်ခြင်းမရှိသည် မှာ တွေးတောစရာဖြစ်နေသည်။

သို့ဖြစ်ရာ ယနေ့ပြည်ထောင်စုသည် မည်သည့်နည်းနှင့်မျှ စစ်မှန်သော ပြည်ထောင်စု မဖြစ်နိုင်ပေ။

သို့ဖြစ်ရာ ပြည်ထောင်စု မစစ်မှန်သေးပါဟုဆိုလျှင် ရခိုင်အမျိုးသားတို့၏ လွတ်မြောက်ရေးသည်လည်း မည်သည့်နည်းနှင့်မျှ မစစ်မှန်နိုင်ပေ။

ရာစုနှစ် နှစ်ခုတိုင်တိုင် သွေးကို ရင်းနှီးကာ တော်လှန်တောင်းဆိုလာကြသော လွတ်လပ်ရေးကို ရခိုင် အမျိုးသားတို့ မပိုင်ဆိုင်သေးဟုဆိုလျှင် စစ်မှန်သော လွတ်လပ်ရေးရရှိအောင်ထိ ချီတက်ကြရန်မှာ တာဝန်ပင် ဖြစ်ချေသည်။ သို့ဖြစ်ရာ ရခိုင်အမျိုးသားလွတ်မြောက်ရေးသည် ရခိုင်အမျိုးသားတို့ ချီတက်ရမည့် ပန်းတိုင်ပင်ဖြစ်ချေသည်။

သို့သော် ယနေ့သည် တိုင်းငယ်၊ ပြည်ငယ်ကလေးများက ပြည်ထောင်စုများကို အရေးတယူ ဖွဲ့စည်းနေကြသော "ပြည်ထောင်စုခေတ်" ဖြစ်ပေသည်။

"စစ်မှန်သော ပြည်ထောင်စု"များသည် အဖွဲ့ဝင် ပြည်ငယ်များ၏ လွတ်လပ်ရေးနှင့် တိုးတက်ရေးကို ထိန်းသိမ်းမြှင့်တင်ပေးနေသော ကာလဖြစ်ပေသည်။ နိုင်ငံကြီးများသည် တိုင်းငယ်ပြည်ငယ်များကို ၀ါးမျိုရန် ကြံရွယ်နေကြသည်ကို တိုင်းပြည်ငယ်ကလေးများက စုပေါင်းစနစ်ဖြင့် ကာကွယ်နေကြသော ကာလဖြစ်သည်။

ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ ရခိုင်၊ ဗမာစသော လူမျိုးငယ်များသည် တသီးတခြားစီ ရပ်တည်ခြင်းထက် ၊ ပြည်ထောင်စုအဖြစ်နှင့် ရပ်တည်ခြင်းက ပိုမိုသင့်တော်ပေမည်။

သို့ကြောင့် အမျိုးသားလွတ်မြောက်ရေး စစ်မှန်မှုရှိသော ပြည်ထောင်စုသစ်တစ်ရပ်ကို ဖွဲ့စည်းရန် လုံးပမ်း ကြိုးစားကြရမည်မှာ ကျွန်ုပ်တို့၏ တာဝန်ပင်။ စစ်မှန်သော ပြည်ထောင်စု ပြည်လည် ဖွဲ့စည်းရေးသည် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ပင်။ ချီလှမ်းရမည့်အစား တစ်ပြည်ထောင်တည်းနိုင်ငံ အဖြစ်သို့သာ သွားနေမည် ဆိုက ပြည်ထောင်စုကြီးကို ဖြိုခွဲဖျက်ဆီးပစ်သည်နှင့် တူညီပေသည်။

လွတ်လပ်ရေးကို မြတ်နိုးသော ရခိုင်အမျိုးသားတို့သည် တခြားလူမျိုးစုတို့နှင့် လက်တွဲကာ ခေတ်နှင့်လျော် ညီပြီး အမြင်ကျယ်သော ရည်ရွယ်ချက် ဖြစ်သည်။ "စစ်မှန်သော ပြည်ထောင်စု"သို့ ချီတက်ကြရန် ပြင်ဆင် ညီညွတ် ကြသင့်ပေပြီ။

စောမောင်မောင်

၁၉၆၂ ခုနှစ်ထုတ် ရခိုင်တန်ဆောင်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးသူ စစ်တွေစောနောင်၏ (စောမောင်မောင်)အမည်ဖြင့် ရေးသားခဲ့သော စာတမ်းဖြစ်ပါသည်တိုးတက်ရေးသတင်းလွှာ အတွဲ(၃)၊ အမှတ်(၁)တွင် ပြည်လည်ဖော်ထုတ် တင်ပြထားပါသည်။


 http://www.arakanfolks.com  မှကူးယူဖော်ပြပါသည်။