"ရခိုင်မြီမှဗုဒ္ဓအမွီ"

ရာဇသခင်

ဘဝသျှင်ကောင်း"မင်းဖလောင်း"အား
လေးစားဦးညွတ်၊တွားခဝပ်ကာ
လိုရာခြွေဆု၊ကောင်းမူ့ပြုသည်
သာဓုခေါ်ယူနိုင်စေသော်ဝ်..........။
စိတ်မှာရည်စူး၊ဦးတင်ဖူးလျှက်
ဆုထူးပန်ဆင်၊"ဘဝအသျှင်"နှင့်
နောင်လျှင်မခြား၊ကုသိုလ်ပွားယူ
ချစ်ကြည်ဖြူသည့်၊ကြင်သူသက်ထား
ပတ္တမြားဒေဝီ၊"စိုးမဲကျီ"လျှင်
စိတ်ဘဝင်ကြွေ၊မြင်ယောင်လေကါး
လေးစားလိုက်ဖို၊လွန်ကြည့်ညိုမိ........။
အို..............
ရာဇာဘုန်းမြတ်၊ပြည့်ထွဋ်သခင်
"ဘဝအသျှင်"
အသျှင်တည်ထား၊မြတ်ဘုရားကါး
ထင်ရှားလက်ရှာ၊ပြောင်ပြောစွာနှင့်
ဂုဏ်တင့်ဝေဖြိုး၊ကျက်သရေတိုးကာ
ပြည်ရွာအနှံ၊မွှီးသင့်ပျံ့စွ
ဗုဒ္ဓအမွီ၊ရခိုင်မြီတွင်
အစဉ်တည်တံ့၊ထွန်းပြန့်စီရန်
စိတ်ရည်သန်ကာ၊တည်ထားပါသည်
ရာဇသခင်၊ဘဝသျှင်အား
ဝတ်တွားခညောင်၊ဆုမွန်တောင်း၍
ကောင်းမူ့စုစု၊မျှဝေပြုလျှက်
သာထုခေါ်သံ၊မိုးသို့လျှံသည်
နိဗ္ဗာန်သောင်ကမ်းလှမ်းစီသော်ဝ်...............။ 
 
 
 

စကားလှ နိုင်ငံရေး



^^^အဖသွီးသား၊ခွန်အားများနန့်
ထားဟိအသိ၊မျိုးသားတိတွက်
သူ့ဖက်ကိုယ့်ဖက်၊ကိုယ်ကျိုးဖက်သည့်
ပါတီအစွဲ၊ပုဂ္ဂိုလ်စွဲကို
ရွံ့စွာရှောင်ရှား၊ခိုင်မျိုးသားတွက်....။
^^^အုပ်စုဂိုဏ်းကွဲ၊သဘောလွဲကေ
ပါတီအစွဲ၊ပုဂ္ဂိုလ်စွဲနန့်
ပြောစကား၊သွီးစကားလည်း
ထင်သလောက်ပင်၊မဖြစ်ထင်ဘဲ
စိတ်ထားကွဲပြား၊မျိုးသားကြားမှာ
သွီးပျက်မျက်ရည်တိ၊ကျဖို့သိ.....။
^^^အမျိုးကိုချစ်၊သွီးသားစစ်ကေ
ပါတီထူထောင်၊ငါတစ်ကောင်စိတ်
ဖျောက်ဖျက်ရေးကို၊သတိရ......။
^^^မာနဟိန်းပြ၊စကားလှဖြင့်
နယ်လှည့်စည်းရုံး၊ငါ(ဖွဲ့)ကောင်းဆုံး
ဝင်ပါလာပါ၊ခွင့်ရေးသာဖို့
ကြားရသူနား၊ငါ့စိတ်ထားမှာ
ရွံ့ရှာအတိ၊သူရို့တိတွက်......။
^^^အတ္တဝင်စား၊သူရို့ကြားမှာ
အမျိုးသားလမ်းကြောင်း၊ပျောက်သည့်ကြောင်းပင်
မသိနိုင်ဘဲ၊အတွေးလွဲကာ
သွီးကွဲရန်များ၊ရှေးစကားကို
သတိမရ၊နူတ်စွမ်းပြကာ
အော်ဟစ်မျိုးချစ်၊ယောင်ယမ်းဖြစ်ကာ
မျိုးခရီးအတွက်၊အနှောင့်ချက်.....။
                       မျိုးဆက်သစ်အလင်းရောင်
                       စာစောင်အမှတ်(၁)

သမိုင်းညစ်သစ်ပင်

မမြင်ခီရေ၊သမိုင်းတိကိုရာ
အလှဆင်၊အမွန်းတင်လို့
သတိလှစ်၊မျက်မှောက်အဖြစ်ကို
မမြင်နိုင်ကတ်စွာ၊အကမ်းတိလား....။
မျိုးချစ်တေ၊အပြောနန့်
လက်ဆက်သူ၊လူမျိုးခြား(ဘာသာခြား)
အကြောင်းပြချက်၊အထစ်ထစ်နန့်
အတွေးခေါင်၊လုပ်ရပ်တိက
အမည်းစက်နန့်၊မှတ်တမ်းဝင်
သမိုင်းညစ်၊သစ်ပင်.....။
အမှောင်ကို၊ဦးတည်နီချိန်မှာ
လူမျိုးခြားကို၊လက်ချင်းဆက်ကေ
မျိုးချစ်တေ၊အပြောသမား
မျိုးပျောက်အောင်ရာ၊လုပ်စွာလား
မိန်းကြည့်ချင်ရေ၊လမ်းလွဲသူတိကို...။
အဟောင်းသမိုင်းက၊မျိုးဇာနီရို့
သီလကိုလည်းထိမ်းကတ်လီရေ၊
အမျိုးသားအတွက်လည်းအသကိုယ်စီ၊
ပီးလှူခကတ်တေ၊
တိုင်းပြည်နန့်၊လူမျိုးအပေါ်
ဘဝနန့်၊အသက်ထက်ပင်
သူရို့က၊မြတနိုးခလီရေ
လက်ဟိအမျိုးသား၊အမျိုးသွီးသစ်တိ
သမိုင်းကိုလှန်ကေ၊အသိမလွန်မိစီလို.......။
                           ခိုင်နီလ(လခြမ်းမြီ)

သမိုင်းမပျောက်ခင်

ဘေးလူစကား၊နားယောင်ကြား၍
အတ္တကိုးကွယ်၊မျိုးနယ်ပယ်၌
ပြည်ရွာပျက်အောင်၊လုပ်ကြံဆောင်သည့်
ကျုးကျော်နယ်ချဲ့၊မိစ္ဆာဖွဲ့နန့်
ပြည်သစ္စာဖေါက်၊ကျွန်သဘောက်အား
တသွီးတည်းသား၊ရခိုင်သားရို့
ပြည်ရွာအရေး၊အမျိုးသားရေးကို
မကြီးမီးစ၊သမိုင်းမပျောက်ခင်
သူငါမကွဲ၊စုပေါင်းဖွဲ့လို့
ကာကွယ်သျှင်းထား၊ရခိုင်သားရို့....။
ဇါတိရို့ပြည်၊ရခိုင်ပြည်ကို
တိုးတက်စည်ပင်၊ပြုံပန်းဆင်၍
ဂုဏ်တင့်တည်ရေး၊တိုးတက်ရေးမှာ
လောဘဇောတက်၊မိစ္ဆာဖွတ်က
ကူညီနတ္တိ၊ရခိုင်ရို့သိဖိ....။
ဇာတိပြည်ရွာ၊သာသနာနန့်
တိုးတက်စီးပွား၊ပြည်သူများကို
အပြုံဝီဖို့၊စွမ်းဆောင်ဖို့ကေ
ပြည်ချစ်မျိုးသိ၊ရခိုင်တိရာ
စည်းလုံးလက်တွဲ၊စုပေါင်းဖွဲ့၍
ပြည်လှတန်ဆာ၊ဆင်နိုင်ကတ်ပါ၏.....။
                            "မျိုးဆက်သစ်အလင်းရောင်"
                            စာစောင်အမှတ်(၁)

အသိနန့်တန်ဖိုး

သင်သေသွားသော်
သင်ဖွားသောမြေ၊သင်တို့မြေသည်
အခြေတိုးမြင့်၊ကျန်ကောင်းသင့်၏
သင်၏မျိုးသား၊စာစကားလည်း
ကြီးပွားတက်မြင့်၊ကျန်ကောင်းသင့်၏.......။
ဆရာဇော်ဂျီ၊စာလုံးစီဗျာယ်
ကိုယ့်မြီအကျိုး၊ရွက်သယ်ပိုးဖို့
ဆော်နိုးတိုက်တွန်းခစွာယေ........။
ကိုင်..........
ရခိုင်မြီဖွား၊ရခိုင်သားရို့
သင်ဖွားရေမြီ၊တိုးတက်စီဖို့
သင်ရို့ဇာတိ၊လုပ်လို့ဟိလဲ
သတိထားကြည့်ကတ်ယင့်လား
လုပ်ဖို့အသိဟိယင့်လား...........။
ကိုယ့်မြီအကျိုး၊မသယ်ပို့ကေ
လမ်းရိုးတလျှောက်၊ကျောက်ခဲလောက်ပင်
အသင်တန်ဖိုး၊ဟိဖို့မဟုတ်.........။
 

သူ့အမြင် ကိုယ့်အမြင်

သမိုင်းဆိုစွာ၊ရှည်ကြာကာလ
ကြောင်းရာစုံစုံ၊ဖြစ်ပျက်ပုံကို
အာရုံမျက်မြင်၊မထင်မရှား
မူန်ဝါးဝါးနန့်၊ရွီးသားဖော်ထုတ်
ဟုတ်လိမ့်နိုးနိုး၊မှန်လိမ့်နိုးဟု
ကျမ်းကိုးတင်ပြ၊သက်သီပြကတ်
ငြင်းခုံကတ်နန့်၊ရပ်တန့်မနား
အမှန်တရားလျှင်၊ဘဝင်စွဲမိ
ဖြေမညှိနိုင်။
ကျမ်းပြုဆရာ၊ဘယ်ဝါဘယ်သူ
မည်သည့်သူက၊ကာလကြာညောင်း
အတိတ်ကြောင်းကို၊အဟောင်းအသစ်
မွှီနှောက်ပစ်လည်း၊ဇစ်မြစ်တိကျ
မသိရနိုင်၊သူနိုင်ကိုယ်နိုင်
ကိုယ်ပိုင်သလောက်၊ထောက်ထားရွီးသား
မှန်းဆအားပြု၊သုတေသန
မှန်လီစွာဟု၊စိတ်မှအထင်
သူ့အမြင်ရာ။
သမိုင်းကြောင်းကို၊ကိုယ်မြင်သူမြင်
ကိုယ်ထင်သူထင်၊ထင်မြင်ယူဆ
ရွီးသားကြ၏။သူကအမှန်
ငါအမှန်ဟု၊အမှန်အတ္တ
ယူဆကိုယ့်ဟန်၊ကိုယ်ကမှန်ဟု
သူ့ဟန်အမှား၊မထောက်ထားနှင့်
လေးစားဖွယ်ပင်၊ချစ်ကျွှန်းဝင်၍
ခရီးလမ်းပေါက်၊ပန်းဖူးရောက်လိမ့်။  ။
                             မောင်မင်းမာ(မြောက်ဦး)

သမီးကျောင်းဆရာမထံသို့ပီးစာ - သားလှ(ရသေ့တောင်)


သို့

   သမီးသဇင်
ဘာဘာစာရီးလိုက်ပါရေ။ သမီး ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာစွာနန့် တာဝန်ဝတ္တရားတိကို ထမ်းဆောင်နိုင်ပါစီလို့ ဘာဘာဆန္ဒပြု ဆုတောင်းလိုက်ပါရေ။ ဘာဘာလည်း ကျန်းမာစွာနန့် နိုင်ငံ့တာဝန် ထမ်းဆောင်နီပါရေ သမီး။

အဂုတခါ သမီးဘားသို့ စာရီးစွာ ပြောစရာစကားဟိလို့။ ပြောချင်ရေစကားကို မပြောခင်၊ ဘာဘာရေ သမီးရို့နန့် ခွဲခွာပနာ တာဝန်ကျရာမြို့သို့ ပညာရေးဌာန စစ်ဆေးရေးတာဝန်နန့် ရောက်နီစွာ သုံးနှစ် ဘုံးဘုံးပြည့် ဖြစ်တေပိုင်၊ သမီးလည်း ပညာရေးကောလိပ်ကဆင်းလို့ နယ်မြို့ချေတစ်မြို့မှာ ကျောင်း ဆရာမချေအဖြစ် တာဝန်ထမ်းဆောင်နီစွာ (၂)နှစ်တောင် အကျော်ကြီးကျော်လားယာ။ ဒေစာကို သုံးနှစ်ပြည့်မြောက်အနေနန့် ဘာဘာအတွိအကြုံထဲက၊ ကြားသိမြင်တွိရသမျှထဲက သမီးအတွက် အကျိုးဟိစီဖို့ ရည်ရွယ်လို့ ရီးဖြစ်စွာ။

ဒေပိုင်ပါ သမီး။ တစ်ရက်နိန့် ဘာဘာ ကိစ္စတစ်ခုဟိလို့ မြို့ထဲကိုလားရေအခါ သမီးရို့ပိုင် ကျောင်းဆရာမချေ တစ်ယောက် ၀တ်စားဆင်ယင်ပုံ မဟန်စွာကို တွိရရေ။ အမှန်ပါ သမီး၊ ဘာဘာ ပြောတောင်မပြောချင်။ ယကေလေ့ ပက်ပင်းတိုးနီယာဖြစ်လို့ "ဆရာမချေမှာ ၀တ်ထားစွာတိ မဟန်ဒေလို့" ပြောလိုက်စွာမာ "ဆရာကြီးကလည်း ဒေချင့်စွာ ခေတ်ရီစီးကြောင်းပါ။ ဆရာကြီး ဇာတစ်ခုလည်း မသိဘဲ ပြောမနီပါဂေ့။ သမီးရို့က ကျောင်းမာရာ ဆရာမပိုင်နီစွာ။ အပြင်မာ နီချင်ပိုင်နီ၊ ၀တ်ချင်ပိုင်ဝတ်။ အေချင့်စွာ သမီးရို့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ။ ဆရာကြီးရို့နန့် မဆိုင်၊ ကျောင်းကိစ္စမာရာ ဆရာကြီးရို့ ဆရာလုပ်ပါ။ လမ်းကိစ္စ ကို ဆရာမလုပ်ပါဂေ့။" ယင်းပိုင်ယှောင် ပြောလိုက်တေစကား။ ဘာဘာနားမာ ပူလိုက်စွာ၊ ဘာဘာ ကောင်းကောင်း စိတ်ထိခိုက်လားရေ။ ယင်းအတွက်နန့် ဘာဘာလည်း ၀ယ်စရာဟိစွာတောင် မ၀ယ်ယာ၊ ချက်ချင်း အဆောင်ကိုတန်းပြန်လာပနာ၊ ဘာဘာ့သမီး ကျောင်းဆရာမဆီသို့ ဒေစာကို ရီးဖြစ်အောင် ရီးလိုက်စွာပါ။

ခေတ်ရီစီးကြောင်းဆိုဝါ သမီး။ ဒေပိုင် ဟိရေသမီး၊ ဘာဘာရို့က ရခိုင်လူမျိုးတိပါ သမီး။ ဘာဘာရို့က ရခိုင်လူမျိုးတိပါ သမီး။ ရခိုင်စကားပြော၊ ရခိုင်ပိင်ဝတ်မှ ဂုဏ်ဟိဖို့နှင့်ရာ။ ဘာဘာရို့ အမိရို့မာ သမီးကို နာမေကင်းပွန်းတပ်တေကပင် သမီးနာမေကို "ခိုင်သဇင်"လို့ ပီးခစွာ။ ၀တ်စွာ၊ စားစွာ၊ နီစွာ၊ ထိုင်စွာ အချေခါကပင် ယဉ်ယဉ်ကျေးကျေးဖြစ်အောင် သွန်သင်ဆုံးမ သြ၀ါဒပီးခရေမနား။ ယင်းကို သမီးအသိဆုံးပါ။ ရခိုင်သမဖြစ်တေ သဇင်မချေတိရေ ရိုးရိုးချေနန့် ယဉ်သင့်ရေ။ မျိုးရိုးဓလေ့နန့်ရာ အမှန်တင့်တယ်ရေ သမီး။ ရခိုင်သမဖြစ်ရစွာ ရခိုင်ပိုင်ယဉ်စွာ ရခိုင်ပိုင်လှစွာ ဂုဏ်ငယ်စရာမဟုတ်ပါ သမီး။ (ထမိန်အကွဲ၊ စကတ်အပြဲ၊ မလုံတလုံအင်္ကျီတိနန့်...။ ဘာဘာ စာထဲမာတောင် ထည့်မပြောချင်။ ကောင်းယှက်ဖို့ ကောင်းရေ)။

ခေတ်ရီစီးကြောင်း Globalization (ဂလိုဘယ်လိုင်ဇေးချဲန်း)နန့် ပတ်သက်လို့ ဘာဘာပြောပြမယ် သမီး။

ဘာဘာရို့ သမီးရို့ဧ့ ဒေကမ္ဘာကြီးမာ ခေတ်တိ စနစ်တိ အမျိုးမျိုးဖြတ်သန်းယာ သမီး။ စိုက်ပျိုးရေးခေတ်၊ စက်မှုခေတ်၊ သတင်းအချက်အလက်ခေတ်တိ။ စိုက်ပျိုးရေးခေတ်က (၆၀၀၀)ကျော် ကြာခရေ။ စက်မှုခေတ် က နှစ်(၁၀၀)။ ညဇာကရာသိမ့် စက်မှုခေတ်ကနီ သတင်းအချက်အလက်ခေတ်သို့ အရှိန်အဟုန်နန့်် ရောက် လာစွာ။ ခေတ်ရီစွးကြောင်းတိဧ့ဒဏ်ကို လူသားတိ အမျိုးမျိုးခံရရေ။ စက်မှုခေတ်ဧ့ မြန်ဆန်မှုဒဏ်ကို ခံရလို့ မပြီးသိမ့်၊ အဂု သတင်းအချက်အလက်ခေတ်ကြီး ၀င်ပနာဆောင့်လို့ အချိန်နန့်အမျှ ဘာဘာရို့ သမီးရို့ အနာဂါတ်သို့ မရွိ့ချင်ကေလည်း ရွိ့နီဂတ်ရရေ။ မရွိ့လို့ကိုမရ။

ဒေခေတ်ကြီးမာ သတိစွာ ထားဖို့လိုရေ။ အရေးကြီးရေ။ ခေတ်ရီစီးကြောင်း နောက်ကိုရာလိုက်ပနာ မိမိရို့ဧ့ ရိုးရာယဉ်ကျေးမှုတိကို သတိကြီးစွာနန့် မထိန်းသိမ်း မစောင့်ယှောက်ခကေ နောက်ထပ်ရောက်လာ ဖို့ ခေတ်တိအတွက် စိုင်းစားကြည့်ဖို့တောင် မစဉ်းစားဝံ့။

ဒေသတင်းအချက်အလက် ခေတ်ဧ့နောက်မှာ ဇိမ်ခံခေတ်ကြီး (Leisure Era)၊ အသက်ဇီဝဆိုင်ရာခေတ် (Life Science Era)၊ မက်ဂါရုပ်ဝတ္ထုပစ္စည်းခေတ် (Mega-Meterial Era)၊ အဏုမြူခေတ်သစ် (New a Tonic Age)၊ အာကာသခေတ်ကြီး (New Space Age)၊ ခေတ်တိ ခေတ်တိ၊ တစ်ခေတ်မပြီးခင် တစ်ခေတ် ၀င်ရောက်လာဖို့ဆိုပနာ ပညာရှင်တိက ပြောကတ်တေ သမီး။ ဘာဘာ ဒေကိစ္စကို ဇာကြောင့်ပြောနီရရေလဲ ဆိုစွာကို သမီးသဘောပေါက်ပါရေနှမ်း။

Globalization အရ ကမ္ဘာစွာ ရွာဖြစ်လားယာဆိုစွာ၊ ဟုတ်တော့ဟုတ်တေ သမီး။ ယေဒါလေ့ ဒေအခြေ အနေမာ ရိုးရာယဉ်ကျေးမှုတိကို ပြောင်းလဲပစ်ဖို့ မဟုတ်ပါ သမီး။ သမီးရေ အများကို ပညာသင်ပီး နီရေ ကျောင်းဆရာမပါ သမီး။ ယေအတွက်နန့် သမီးကပိုလို့ အနီအထိုင် အ၀တ်အစား သပ်သပ်ရပ်ရပ်ဟိဖို့ လိုရေ။ ယင်းပိုင်ရာ မဟုတ်ဆိုကေ အတုမြင်အတတ်သင်တတ်တေ နုနယ်ပျိုရွယ်အချေတိကို မကောင်းရေ အမွီတိကို ပီးရာကျဖို့။

ခေတ်အခြေအနေအရ ဇာလောက်ထိ ကြောက်ဖို့ကောင်းလဲဆိုစွာ သမီးချက် စဉ်းစားကြည့်။ မျက်မှောက်ခေတ်ဧ့ ယဉ်ကျေးမှု (Culture)ကို စက္ကန့်ပိုင်းအတွင်း လက်ခံနိုင်ရေပိုင်။ မိမိယဉ်ကျေးမှု (Tradition)ကိုဒေါ့ တစ်စ တစ်စ ရောနှောရာက ကွယ်လား ပျောက်လားအောင် ကြိုးစားနီကတ်တေ။ ဘာဘာရို့ သမီးရို့ဧ့ အချုပ်အခြာအာဏာနိုင်ငံမာ ကိုယ်ပိုင်ယဉ်ကျေးမှုတိ ဟိရေသမီး။ ကိုယ့်ယဉ်ကျေးမှုကို အထင်မကြီးဘဲ သူတစ်ပါးယဉ်ကျေးမှုကို အထင်ကြီးကြီး ၀တ်စားနီစွာရေ နိုင်ငံအချုပ်အခြာအာဏာကို သွယ်ဝိုက်လို့ ထိခိုက်စွာ၊ စော်စားစွာလို့ ဘာဘာမြင်ရေ သမီး။ ဇာလဲ သမီး "ရခိုင်"စွာ "ရခိုင်"ရာမနား သမီး။ ရခိုင်သမချေစွာ ရခိုင်ဆံပင် ပုံစံနန့် ရခိုင်ဆံပင်အရောင်နန့်ရာ လှရေမလှား။ ဇာတစ်ခု အရောင်တိအမျိုးမျိုး ဆိုး၊ ကာလာစုံချယ်ပနာ ဒေါင်းယောင်ဆောင်ရေ ဇကန်းပိုင် ဖြစ်ဖို့စွာကို မကြောက်ဟိဖို့ သမီး။

ဘာဘာသမီးက လိမ္မာပါဆိုစွာကို ဘာဘာရို့ ယုံကြည်စိတ်ချပါရေ။ ယေဒါလေ့ စိတ်မယိုင်ရအောင်၊ ပိုသိအောင်၊ လိမ္မာအောင်လို့ ဘာဘာ သတိပီးစွာပါ သမီး။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ယဉ်ကျေးမှုကို ပြည်ကြီးသားဖြစ်တေ သမီးရို့ပိုင် ဆရာမရို့တိက စောင့်ယှောက်စွာ သဘာဝကျပါရေ သမီး။ ယင်းယှင့်စွာ သမိုင်းကပီးရေ တာဝန်လည်းဖြစ်တေ သမီး။ သမီးကို ဘာဘာ ခေတ်နောက်ပြန်ဆွဲခိုင်းနီရေလို့ မထင်စီချင်ပါ သမီး။

ဒေမှာ သမီးသဇင်၊ ဒေခေတ်ရေ သောကခေတ်၊ မရေမရာခေတ် (World of uncertinly) တစ်နည်းပြောရဖို့ ဆိုကေ ပညာခေတ်၊ သတင်းအချက်အလက်ခေတ်ကြီး (Age of Knowledge) ဖြစ်နီလို့ ဂလိုဘယ်လိုင်ဇေး ချဲန်းအရ တိုင်းတစ်ပါး ယဉ်ကျေးမှုတိ မ၀င်ရောက်လာစီဖို့ကို သမီးရို့ ကျောင်းဆရာမချေတိဧ့ တာဝန်ပါ သမီး။ သမီးရို့ပိုင် ကျောင်းဆရာမချေတိကို ကျောင်းမာဒင်မက အပြင်မာပါ အထင်ကြီးကြီးနန့် အတုခိုးနီ ကတ်တေ။ ဆရာမချေကိုယ်နှိုက်က Globalization မာ ခေတ်မီအောင်ဆိုပျာ Americanization (အမေရိ ကန်နိုင်ဇေးချဲန်း)၊ Englandization (အင်္ဂလန်နိုင်ဇေးချဲန်း)၊ Korieinization (ကိုးရီးယန်နိုင်ဇေးချဲန်း)တိရာ လုပ်နီကတ်ဖို့ဆိုကေ မကြာခင်မာ ရခိုင်တိရေ ရခိုင်ရိကန်၊ ရခိုင်ဂလန်၊ ရခိုင်ကိုးရီးယန်း ဖြစ်လား ပနာ မြန်မာတိလည်း မြန်မာရိကန်၊ မြန်မာဂလန်၊ မြန်ကိုးရီးယန်တိ ဖြစ်လားကေ မခက်လား သမီး။

ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုတိကို အထင်ကြီးပနာ Globalization မှာ Arakanization (အာရကန်နိုင်ဇေး ချဲန်း)ဖြစ်အောင် ရခိုင့်ယဉ်ကျေးမှုကို ထိန်းသိမ်းစီချင်စွာ ဘာဘာဧ့ တကယ့်စစ်မှန်ရေ ဆန္ဒမှန်ပါ သမီး။ Thinking နန့် ပတ်သက်လို့ လူမျိုးတိုးတက်ရာ တိုးတက်ကြောင်း၊ နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်း၊ "Convention Thinking" ကနီ "Strategic Thinking" ဖြစ်အောင် ကြိုးစားပြီးကေ နောင်လာဖို့ မျိုးဆက်သစ် တိကို ဇာပိုင် မြီတောင်မြှောက်ပီးကေ ရဖို့လဲဆိုစွာကို စဉ်းစားလုပ်ဆောင်စီချင်ရေ သမီး။ Think Global Act Local လို့ ပြောစွာ ယင်းယှင့်ယေ သမီး။ ဆရာဆိုစွာ တပည့်တိကို စာတစ်ခုတည်းကို သင်စွာမဟုတ်။ "ပညာကိုလည်းသင် လူလည်းပြင်"မှ ဆရာ။ သမီးနားလည်ပါရေ သမီး။ ရိုးရိုးစာသင်ရုံ ဆရာမမျိုး သမီးကို ဘာဘာ လက်မခံနိုင်။ ပဲ့ပြင်စရာဟိကေ ပဲ့ပြင်၊ ဆုံးမဆရာဟိကေ ဆုံးမ။ အတုခိုးနိုင်ရေ အရည်အချင်းတိ အားလုံး ကောင်းမွီတိကို ပီးရဖို့စွာက ကျောင်းဆရာမတစ်ယောက်ဧ့ လုပ်သင့်လုပ်ထိုက်တေကိစ္စဆိုစွာကို သမီးကို ထပ်လောင်းလို့ နားလည်စီချင်ရေ။

"အမြင်မနည်းစီဂေ့ သမီး။ အမြင်နည်းကေ အသိနည်းရေ။ အသိနည်းလို့ ကျွန်ဖြစ်ရေရေအကြောင်း သာဓကကို ဘာဘာ ရင်နာလို့ ထပ်မပြောချင် သမီး။" တစ်နည်းပြောဖို့ဆိုကေ သူတစ်ပါး ၀တ်စားဆင်ယင်မှု ကို အထင်ကြီးလို့ အသုံးပြုစွာရေ ကျွန်ခံနီရစွာ တစ်မျိုးလို့ ဘာဘာပြောရဲရေ သမီး။ ယပြီးကေ မြင်လို့လည်း မကောင်း သမီး။ မ,မချေတိဆိုစွာ အလှကို မက်မောကတ်တေ။ "လှရေ"ပြောမှ သဘောကျရေ။ လှအောင် လည်း နီကတ်တေ။ လှလည်း လှကတ်တေ။ ယေဒါလည်း အလှဆိုစွာမာ သဘာဝအလှနန့် ပကာသနအလှ လို့ ဟိသိမ့်ရေ။ သဘာဝအလှက ရိုးရေ။ ရိုးစွာ ကောင်းရေ။ အလှမာ အယဉ်ဆင့်စွာ ကောင်းရေ။ ခေတ်ဆန် လွန်ကေ ဟိုဘက်သို့ ရောက်လားရေဆိုစွာကို ရခိုင်ပိုင် အမှန်တကယ် ခံစားကြည့်မှ နားလည်ဖို့ ဖြစ်တေ။ အထက်တန်းပညာ အဆင့်မြင့်ပညာတိ သင်ထားပနာ အောက်တန်းကျရေစိတ်တိကို လုံးဝ(လုံးဝ) မထား ပါဂေ့ သမီး။ ကိုယ့်ရခိုင်ယဉ်ကျေးမှုကို ကာကွယ်ပါ၊ မြတ်နိုးပါ သမီး။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ လူမှုရေး ဦးတည်ချက်မာလည်း အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွီအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုရေ ဦးတည်ချက် အလကားသက်သက် ထည့်ထားစွာ မဟုတ်ဆိုစွာကို သမီးကို ထပ်ပြောပါရစီ။

နောက်ဆုံးမှာချင်စွာက သမီး၊ ဇာသူက အမေရိကန်နိုင်ဇေးချဲန်း၊ ကိုးရီးယားနိုင်ဇေးချဲန်းဖြစ်ဖြစ်၊ ဘာဘာ သမီး ခိုင်သဇင်ရို့ ဆရာမချေတိ ရခိုင်နိုင်ဇေးချဲန်းဖြစ်အောင် နီထိုင်ဖို့ မှာချင်ရေ။ မှာပါရစီ။ ဘာဘာပြောစွာကို လက်ခံပါ သမီး။ ဘာဘာ သမီးကို သွီးကချစ်လို့ ပြောနီရစွာပါ သမီး။ အတင်းလက်ခံခိုင်းစွာ မဟုတ်သမီး။ လက်ခံသင့်လို့ပါ သမီး။

နိုင်ငံတိုင်း နိုင်ငံတိုင်း၊ လူမျိုးတိုင်း လူမျိုးတိုင်းမာ သက်ဆိုင်ရာ ယဉ်ကျေးမှုအမွီအနှစ်တိ ဟိကတ်တေ။ အမျိုးသားယဉ်ကျေးမှုတိရေ သက်ဆိုင်ရာ နိုင်ငံလူမျိုးတိဧ့ ထုးခြားရေ ၀ိသေသလက္ခဏာတိ ဖြစ်ကတ်တေ။ ရခိုင်တိဧ့ ယဉ်ကျေးမှုရေ ရခိုင်လူမျိုးတိ အဖိုးအဖီး၊ အဇူအဇာရို့ ဦးဏှောက်နန့် နှလုံးသားက ထွက်ပေါ် လာရေ သွီးသားအဆီအနှစ်တိဖြစ်တေလို့ ခံယူစီချင်ရေ။ မိမိရို့ခေတ်နန့် လျော်ညီအောင်၊ အယှက်သရေ လုံအောင်၊ ကောင်းသည်ထက် ကောင်းအောင် ပြုပြင်မွမ်းမံကတ်ရဖို့လို့ ဘာဘာမြင်ရေ။ ယေမှရာ သမီး ရို့နောက် ဆက်ခံဖို့မျိုးဆက်သစ်တိကို ကောင်းမွီတိ ပီးရာရောက်ဖို့။

ယဉ်ကျေးသိမ်မွေ့ခြင်းကို မြင်ရသူတိုင်းက စိတ်ချမ်းမြေ့သာယာရေ။ ကြည်နူးရေ။ ချစ်ခင်လေးစား ကတ်တေ။ ဟော့ရမ်းသူတိကို ပြူးတူးပြဲတဲ ရိုင်းစိုင်းရေ အမူအရာတိနန့် ကိုက်စားပစ်ဖို့ပိုင် မရိုးသားရေ အကြည့်တိနန့် ကြည့်ကတ်တေ။ ယဉ်ကျေးသိမ်မွေ့ခြင်းရေ လူသားတိကို  တိရစ္ဆာန်နန့် ကွဲပြားခြားနားစီရေ အဓိက အချက်ကြီးတစ်ရပ်ဖြစ်တေ။ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံး အပြုအမူမှန်သမျှကို အယှက်(ရှက်) အကြောက်နန့်ယှဉ်လို့ ထိန်းချုပ်ခြင်းရေ ယဉ်ကျေးခြင်းဖြစ်တေလို့ ဘာဘာပြောလိုက်ပါရစီ။

ကိုင်း စာလည်းရှည်လားယာ၊ နောက်ဆုံးအနေနန့် Globalization မာ လူမြင်မတင့်တယ်ရေ၊ သရုပ်ပျက် စီရေ၊ အမျိုးသားယဉ်ကျေးမှုကို ဆန့်ကျင်ရေ ၀တ်စားဆင်ယင်မှုတိကို သည်းခံရှောင်ကွင်းနိုင်သော ရခိုင်စစ်စစ် ဆရာမချေ သမီးခိုင်သဇင်တိ အများကြီးဖြစ်နိုင်ကတ်ပါစီလို့...။

စေတနာ၊ မေတ္တာတိ အများကြီးနန့်။

(ရခိုင်ပြည် တစ်နံတစ်လျားမှာဟိကတ်တေ ကျောင်းဆရာမချေ ခိုင်သဇင်တိ အားလုံးသို့)

ချစ်စွာသော
ဘာဘာ

သားလှ(ရသေ့တောင်)

တိုးတက်ရေးသတင်းလွှာ အတွဲ(၃)၊ အမှတ်(၁)မှ-


 http://www.arakanfolks.com  မှကူးယူဖော်ပြပါသည်။