ဦးချန်ထွန်း သို့မဟုတ် ရန်ကုန်မြို့ရှိ ဆူးလေးစေတီတော်မြတ်အား ကာကွယ်ခဲ့သူ


ဦးချန်ထွန်း ( ၁၈၅၉-၁၈၉၄) စစ်တွေမြို့မှ ရွှေစလွယ်ရ သူဌေးကြီးဦးရဲကျော်သူ ဆိုလျှင် ရခိုင်သားများ လောကတွင်မသိသူမရှိသလောက် ပင် ထင်ပေါ်ကျော်ဇောသည်။ သူ့သားဦးချန်ထွန်း အဖေခြေရာကိုနင်း၍ထိုခောတ်ထိုချိန်က မြန်မာနိုင်ငံမက ဥရောပနိုင်ငံများ အထိပင် သူ့အရှိန်အ၀ါ လွှမ်းမိုးခဲ့သော နာမည်ကြီး ဥပဒေ ပါရဂူတစ်ဦးဖြစ်သည်။ဦးရဲကျော် သူ၊ ဒေါ်သံဒါဖြူတို့ မိဘနှစ်ပါးတွင် သားသမီး(၁၀)ဦး ထွန်းကားခဲ့ရာ သားယောက်ျားများမှာ ဦးကျော်ဦး၊ ဦး ချန်ထွန်း၊ ဦးစံကျော်၊ ဦးရွှေဘန်း၊ ဦးသာဇံ၊ ဦးရွှေသာတို့ ဖြစ်ကြပြီး သမီးများမှာ ဒေါ်စံဝင်း၊ ဒေါ်စံမြခိုင်၊ ဒေါ်ရွှေခိုင်၊ ဒေါ်ရှင်ထွီးမတို့ ဖြစ်ကြသည်။ ဦးချန်ထွန်း အပါအ၀င် သား(၆)ယောက်စလုံးသည် ထိုခောတ်က အင်္ဂလန် ကျောင်းတွင် ကျောင်းနေခဲ့ကြ၍ စာတတ်ပေတတ် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ညီအစ်ကို လေး ယောက် ဖြစ်သော ဦးချန်ထွန်း အပါအ၀င် ဦးရွှေဘန်း၊ ဦးရွှေသာ၊ ဦးသာဇံတို့သည် ဘိလပ်မှ ဥပဒေဘွဲ့ Barrister at Law) ကို ရရှိခဲ့ကြသူများ ဖြစ်သည်။ ဦးချန်ထွန်းသည် ဥပဒေဘွဲ့ နောက်ဆုံးနှစ် ဖြစ်သော ၁၈၈၁ခုနှစ်တွင် ရောမ ဥပဒေဘာသာရပ်၊ ဥပဒေ အတတ်ပညာ ဘာသာရပ်၊ အင်္ဂလိပ် လူမျိုးတို့၏ ရှေ့ ဟောင်းထုံးတမ်းစဉ်လာ ဘာသာရပ် အားလုံးကို အမှတ်အများဆုံး ဂုဏ်ထူးနှင့် အောင်မြင်၍ ၀ိတိုရိယဘုရင် မကြီး ကိုယ်တိုင် ၀ိတိုရိယ ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့သည်။ ဘာသာရပ်တိုင်းတွင် ထူးချွန်ဆု ရရှိခဲ့၍ ဘာသာ ရပ်တခုလျှင် ထိုခောတ်က စတာလင်ပေါင် (၁၀၀)စီ ချီးမြှင့်ခံခဲ့သူဖြစ်သည်။ ဦးချန်ထွန်းရရှိခဲ့သော ဂုဏ်ထူးဆောင် အမှတ်မျိုးကို ဒုတိယကမ္ဘာစစ်ဖြစ်သော အချိန်အထိ နောက်ထပ် ထို ဆုမျိုးရရှိသူ လုံးဝမရှိကြောင်း သိရှိရသည်။ ရန်ကုန်ပြန်လာ၍ ၀ိတိုရိယ ဘုရင်မဆုကို ဆွဲ၍သွားလျှင် ဦးချန် ထွန်းနှင့် မျက်နှာချင်းဆိုင် ဆုံမိသော လူတိုင်းသူ့ကို အလေးပြုရသည်။ စက်ဘီးစီးလာသူ ဖြစ်နေလျှင် စက် ဘီးမှ ဆင်းရပ်၍ အလေးပြုရသည်ဟု ရှေ့နေဦးမောင်ကျော်ဇံဇနီး ဒေါ်ရီရီဇံ (အမှတ်-၂၈၊စမ်းချောင်း၊အောင် မင်္ဂလာလမ်း)တွင် ဦးချန်ထွန်း ဆောင်းပါးရေးရန် Interview သွားလုပ်စဉ်က ပြောပြလိုက်သည်ကို အမှတ်ရ မိပါသည်။ ၀ိတိုရိယ ဘုရင်မကြီးက သူပိုင်စိုးသော ကိုလိုနီနိုင်ငံများထဲမှ ဤမျှလောက် ပညာတော်သော ကလေးမျိုး ရှိသည်ကို တအံတသြ ဖြစ်ခဲ့ရသည်ဟု သိရှိရသည်။တွေ့ချင်လွန်း၍ အခေါ်ခံရသောအခါ တောသားလေးက ရခိုင်ရိုးရာဝတ်စုံဖြစ်သည့် တောင်ရှည်ပုဆိုး၊ ရင်ဖုံးအင်္ကျီဝတ်ဆင်၍ ရခိုင်ရိုးရာ ဖော့လုံးခေါင်းပေါင်း ၀တ်ပြီး သွားရောက်ခဲ့သည်။ ဘုရင်မကြီးက လက်ဆွဲ နှုတ်ဆက်ပြီး လက်ဖက်ရည်ပွဲနှင့် မောင်ချန်ထွန်းကို ဧည့်ခံခဲ့ သည်။ ၀ိတိုရိယ ဘုရင်မကြီးဆုကို သူကိုယ်တိုင် ချီးမြှင့်ပြီး ဘုရင်မကြီး၊ သားတော်နှင့် တော်ဝင် မြင်းရထား ကိုစီးခွင့်ရသော ဆုလည်းပါဝင်သည့်အပြင် နန်းတော်ထဲသို့ အချိန်မရွေး သွားလာနိုင်ခွင့် အခွင့်အရေးကိုပင် ဘုရင်မကြီးက ပေးအပ်ခဲ့သည်။ ဦးချန်ထွန်းသည် အင်္ဂလန်တွင်နေစဉ် သူမိတ်ဆွေများအနက် ကမ္ဘာကျော် စာရေးဆရာကြီး အော်စကာဝိုင်း (Mr.Oscar Wild) တစ်ယောက်လည်း အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦး ဖြစ်ခဲ့သည်။ အော်စတာဝိုင်းနှင့် အတူသွား အနေများခဲ့၍ ဦးချန်ထွန်းက ရခိုင်လူမျိုး၊ ရခိုင်ယဉ်ကျေးမှု၊ ရခိုင်သမိုင်းများကို ပြောပြခဲ့ဟန် ရှိ သည်။ အော်စကာဝိုင်းသည် ရခိုင်သမိုင်းကြောင်းများကို စိတ်ဝင်စားလာ၍ ရခိုင်သမိုင်းနှင့် ပတ်သတ်သော စာအုပ်စာတမ်းများ၊ ပေစာများကို စုဆောင်းရှာဖွေပေးရာ The King of Arakan (ရခိုင်မင်းတရားကြီး) ဆို သော စာအုပ်ကို အင်္ဂလန်တွင် ထုတ်ဝေခဲ့သည်။ ဦးချန်ထွန်းလည်း အင်္ဂလန်တွင် နေစဉ် The Nature and Value of Jurisprudence စာအုပ်ကို Messrs Sweet And Maswell စာအုပ်တိုက်မှ ထုပ်ဝေခဲ့သည်။ ယင်းစာအုပ်သည် အင်္ဂလန်တွင် အလွန်လူကြိုက် များ၍ တတိယအကြိမ်ပင် ထုတ်ဝေခဲ့သည်။ ဦးချန်ထွန်း ရန်ကုန်သို့ ပြန်ရောက်လာသောအခါ Leading Cases in BurmeseLaw စာအုပ်နှင့် Burmese Buddhist law စာအုပ်နှစ်အုပ်ကို ရေးသားခဲ့သည်။ ယင်းစာအုပ်(၂)အုပ်သည် ယနေ့ထက်တိုင် မြန်မာတရား ရေးရာ ဌာနတွင် လက်သုံး (Manual)အဖြစ် အသုံးပြုနေဆဲဟု သိရသည်။ Burmese Buddhist Law စာအုပ်သည် စာရေးသူ၏ ဖခင်ဦးမောင်သာဇံ (စက်ရှင်တရားသူကြီး -ငြိမ်း) ဗဟို တရားရုံးချုပ် ရှေ့နေက သူ၏ စာကြည့်တိုက်တွင် တရိုတသေ သိမ်းဆည်းထားခဲ့ရာ ယခု ယင်းစာအုပ်သည် စာရေးသူ၏ စာကြည်တိုက်တွင် ရှိနေပါသည်။ ယင်းစာအုပ်၏ မျက်နှာဖုံးကို ယခု ဦးချန်ထွန်း၏ အတ္ထုပ္ပတ္တိ ဆောင်းပါးနှင့်အတူ ဖော်ပြထားပါသည်။၁၈၅၄ ခုနှစ်တွင် ဗြိတိသျှ အစိုးရသည် စီမံကိန်းချ၍ ရန်ကုန်မြို့ကို ခောတ်မီမြို့တော် ပြုလုပ်ခဲ့ရာ အကွက်ရိုက်ပြီး အိမ်ရာတိုက်တာများ ဆောက်လုပ်ခဲ့သည်။ ထိုစဉ်ကယခုသိမ် ကြီးဈေး နေရာတွင် ဆူးလေစေတီလောက် ကြီးသော `ကျိုက်မြတ်သံချို` စေတီတစ်ဆူ ရှိခဲ့သည်ကို လမ်း နှင့် မလွတ်၍ ဖြိုဖျက်ပစ်ခဲ့သည်။ ရန်ကုန်မြို့ရှိ ဘုန်းကြီးကျောင်းများ အားလုံးနီးပါးကို အကွက်များချရာတွင် မလွတ်ဆိုပြီး လမ်းမတော်မြို့နယ် သရက်တောဥယျာဉ် အတွင်း စုပေါင်း၍ ရွှေ့ပြောင်းခဲ့သည်။ (ယနေ့တိုင် သရက်တော ကျောင်းဝင်းအတွင်း ထိုစဉ်ကအမည်အတိုင်း ဘုန်းကြီးကျောင်း မြောက်များစွာ ရှိနေပါသေး သည်။ ဒုတိယအကြိမ် လမ်းများ တိုးချဲ့ရာတွင် လမ်းမလွတ်ဟု ဆိုပြီး ဆူးလေဘရားကို ယခုနေရာမှအခြားတနေရာ သို့ ရွှေ့ပြောင်းရန် ဆွေးနွေးခဲ့ကြသည်။ ထိုစဉ်က ဗြိတိသျှ အရာရှိများ တင်ပြချက်တွင် နောက်အနှစ် ၅၀- ၁၀၀ အတွင်း ရန်ကုန်မြို့သည် ကမ္ဘာ့အဆင့်မှီ မြို့တော်ကြီး တမြို့ ဖြစ်လာမည်ဖြစ်ရာ ပတ်ချာလည် ၀ိုင်းရံ လျက်ရှိသော မိုးထိအောင် မြင့်မားသည့် အဆောက် အအုံများအောက် ရောက်နေမည်ဖြစ်၍ မသင့်တော်ဟု အကြောင်း ပြခဲ့ပါသည်။ မြန်မာလူမျိုးများ စိတ်ကြိုက် သင့်တော်သည့် နေရာ ရွှေ့၍ ပုံတူဆောက်ပေးရန် အ ကြောင်းပြခဲ့သည်။ ယင်းကိစ္စကို အင်္ဂလိပ် အရာရှိများ အပါအ၀င် မြန်မာအရာရှိများက ကန့်ကွက်သူမရှိ သဘောတူကြသည်။ ဦး ချန်ထွန်းတယောက်သာ အကြီးအကျယ် ကန့်ကွက်ခဲ့သည်။ အင်္ဂလိပ်ခောတ်တွင် အထက်မှ ချက်မှတ်ထား သော အမိန့်တခုကို လုပ်သင့်သည် ဖြစ်စေ မလုပ်သင့်သည် ဖြစ်စေ မပြောရဲသော ခောတ်။ အလုပ်ပြုတ်မှာ ကြောက်သည်က တကြောင်းကြောင့် မည်သူမျှ ဦးချန်ထွန်းဘက်မှ မားမားရပ်တည်၍ ပြောဝံ့သူမရှိပါ။မြန်မာ လူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် ဘုရားတည်ပြီးလျှင် ရွှေ့ပြောင်းခြင်း၊ ဖျက်ခြင်း ပြုလုပ်ရိုး ထုံးစဉ်မရှိဟု တင်ပြခဲ့သည်။ အလားတူ လန်ဒန်ကို ခောတ်မီမြို့တော် ဆောက်လုပ်စဉ်က Square Building အ၀ိုင်းကို ရှေ့ဟောင်း အဆောက်အအုံတစ်ခုအဖြစ် အနေဖြင့် ဘာကြောင့် ချန်ထားခဲ့သလဲဟု အရေးဆိုခဲ့သည်။ဦးချန် ထွန်း၏ ကန့်ကွက်ချက်များ လုံးဝ အရာမရောက်ခဲ့၍ စနေဒေါင့်မှစ၍ ဆူးလေဘုရားကို ဖျက်ပါတော့သည်။ ဦးချန်ထွန်းသည် အာဂသတ္တိရှင်တစ်ဦး ဖြစ်သည်။ လုပ်ရဲသည်။ လုပ်ရဲသောသတ္တိ ရှိသည်။ အလုပ်ပြုတ်ချင် ပြုတ်ပါစေ လုံးဝ နောက်မဆုတ်ခဲ့ပါ။ သူ့ကိုရွှေတံဆိပ်ဆု ပေးထားသောဝိတိုရိယ ဘုရင်မကို ချက်ချင်း သတိ ရလာခဲ့သည်။ ကြေးနန်းရိုက်ပြီး စာတစ်စောင်ကိုလည်း ဘုရင်မကြီးထံ အကျိုးအကြောင်း ရေးးသားပေးပို့ လိုက်သည်။ ဦးချန်ထွန်၏ ကျေးဇူး၊ ၀ိတိုရိယ ဘုရင်မကြီး၏အမိန့်ကြောင့် ယနေ့မြန်မာလူမျိုးတို့ ဆူးလေစေ တီကို ရန်ကုန်မြို့လည်တွင် တွေ့နေရခြင်း ဖြစ်သည်။ ဦးချန်ထွန်းကျေးဇူးကား အလွန် ကြီးမားပါသည်။ ဆပ် ၍ ကုန်နိုင်မည် မဟုတ်ပါ။ ဆူးလေစေတီကို ဖူးတွေ့ရတိုင်း ဦးချန်ထွန်းကို သတိရသင့်ပေသည်။ ဒေါက်တာတင်အောင်နှင့် တရားလွှတ်တော် တရားဝန်ကြီး မစ္စတာဒတ်(ခ်)တို့က အရှေ့တောင်အာရှ နိုင်ငံ များတွင် ဦးချန်ထွန်းလောက် ဥပဒေရေးရာ ကျွမ်းကျင်သူမပေါ်သေး။ အိန္ဒိယတိုက်တွင် အတော်ဆုံး(၃)ဦးကို ရွေးထုတ်၍ ပြောရလျှင် (၁)ဦးချန်ထွန်း၊ (၂)ဦးမဲအောင်၊ (၃)ဦးသိန်းမောင်တို့ ဖြစ်သည်ဟု သိရှိရသည်။ ဦးချန်ထွန်းသည် အင်္ဂလန်မှ ပြန်လာစဉ် အိုင်ယာလန်သူ Miss Cosgroves ကိုလက်ထပ်၍ ခေါ်လာခဲ့သည်။ ဦးချန်ထွန်းအား မြန်မာ ယဉ်ကျေးမှု ရှုထောင့်မှ ကြည့်လျှင် အမှားတစ်ခုကို ပြုလုပ်ခဲ့သည်ဟု ဆို၍ရပါမည်။ (ပြစ်မှုတစ်ခုကို ကျူးလွန်ခြင်းတော့ မဟုတ်ပါ) ဦးချန်ထွန်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်၍ စာရေးသူအနေ နှင့် ဝေဖန်ပိုင်ခွင့် မရှိပါ။ သို့သော်`ငါမှားလေခြင်း` ဆိုသော နောင်တ တစ်ခုကိုတော့ သူ၏ အသဲနှလုံးကြား ထဲတွင် ရင်နောင့်အောင် သေသည်အထိ ခံစားသွားရသည်ဟု စာရေးသူ ကောက်ချက်ဆွဲယူပါသည်။ ထိုခောတ် ထိုအခါသည် ဗြိတိသျှအင်ပါယာကြီး နေမ၀င်နိုင်ငံ တစ်နိုင်ငံ ဖြစ်လျက်ရှိသောအခြေအနေ အချိန် အခါ။ သူတို့ သွေးနားထင် ရောက်နေသောအချိန်။ အာရှတိုက်သားများကို လူညံ့၊ လူဖျင်း၊ လူအဟု ယူဆပြီး မတူမတန် ဆက်ဆံနေသော အချိန်။ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို တန်ဖိုးထားရမှန်းပင် မသိ၍ ဘုရား ကျောင်းကန်များကို ဖိနပ်စီး၍ တက်ခဲ့ကြသည်။ (Shoe's Question) ပေါ်ပေါက်ခဲ့သည်။ ဦးချန်ထွန်းသည် သူ၏ရှုမငြီး ချစ်ဇနီး အသားဖြူဖြူ ဘိုမလေး Miss Cosgrovesကို သူ၏မွေးရာ ဇာတိရပ် မိ သားစု နေထိုင်သော စစ်တွေမြို့သို့ ခေါ်လာခဲ့ပါသည်။ မိသားစုအားလုံးက ကြမ်းမှာထိုင်ပြီး ဂါဝန်ဝတ်ထား သောဘိုမကို ကုလားထိုင်နှင့် အပေါ်မှာ ထိုင်ခိုင်းခဲ့ရသည်။ ရခိုင်များ စားပွဲအ၀ိုင်းတွင် ၀ိုင်းထိုင်ပြီးထမင်းများ ကို လက်နှင့်နယ်၍ စားပြသည်။ ဘောင်းဘီမ၀တ်ဘဲ စားပွဲခြင်းအစ (လုံချည်ကိုဆိုလိုသည်)ကို ချုပ်၍ ၀တ် သောလူမျိုး၊ ကွမ်းစားသောလူမျိုး၊ ဘိုကေမထားဘဲ ဆံပင်မဖြတ် သျှောင်ထုံးထားသည်။ ဆံပင်ကိုအ၀တ်နှင့် ပတ်ထားသည် (ခေါင်းပေါင်းကို ဆိုလိုသည်) စသည်ဖြင့် အင်မတန်မှ အထင်သေး အမြင်သေးနှင့် ဝေဖန်ခံခဲ့ ရသည်ကို ဦးချန်ထွန်း အလူးအလဲ ခံခဲ့ရသည်။ မိဘလက်ထက်မှ သူ့ဘ၀ တလျှောက်လုံး အပွဲပွဲ နိုင်လာခဲ့ သမျှ ဇနီးသည် Miss Cosgroves နှင့်ကျမှ ဒူးထောက်အရှုံးပေးခဲ့ရသော စစ်သူကြီး။ ဦးချန်ထွန်းနှင့် Miss Cosgroves တို့၏ အိမ်ထောင်ရေးသည် မည်ရွေ့မည်မျှအထိအဆင်ပြေ မပြေ ဆိုသည့် အတိုင်းအတာ ဒီဂရီကို စာရေးသူမသိပါ။ ဦးချန်ထွန်းနှင့် ရခဲ့သော Miss Marie Chan Tun ကိုခေါ်ပြီး အင်္ဂ လန်သို့ ပြန်သွားပါသည်။ သူသည် မြန်မာလူမျိုး ယဉ်ကျေးမှုကို အထင်သေး အမြင်သေး များစွာဖြင့် ရှုမြင် သုံးသပ်ပြီး နောက်ပိုင်း`The Marriage in Burma` ဟူသော စာအုပ်တအုပ်ကို ရေးသားခဲ့ပါသည်။ မကြာသေးမီက ကမာရွတ်၊ လှည်းတန်းရှိ အတ္တိယလမ်းတွင် နေထိုင်သော ဦးချန်ထွန်းညီ၊ ဦးရွှေသာ၏မြေး ဘဏ်မန်နေဂျာ ဦးရွှေဖြူနှင့် တွေ့ဆုံစဉ် မေးမြန်းကြည့်ရာ ထိုစာအုပ်က လွန်ခဲ့သော(၃၀)ကျော်က ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှ ငှားရမ်း၍ သူကိုယ်တိုင် ဖတ်ဖူးကြောင်း ပြောပြပါသည်။ စာရေးသူသည် Miss Cosgroves ရေးသားသော စာအုပ်ကို ပြန်လည်ချေပ ရေးသားရန် ရန်ကုန် တက္ကသိုလ် စာကြည်တိုက်တွင် သွားရှာပါသည်။ လုံးဝမတွေ့ဘဲ ပြန်လာခဲ့ရသည်။ ယခုဤ စာအုပ်ရေးသားသော အချိန်ထိ လမ်းသွား လမ်း လာအခွင့်ရတိုင်း လိုက်ရှာနေဆဲ ဖြစ်ပါသည်။ လူမျိုးမတူ၊ ဘာသာမတူ၊ ယဉ်ကျေးမှုမတူလျှင် ယောင်္ကျားဖြစ် စေ၊ မိန်းမဖြစ်စေ မိမိဘ၀အတွက် တစ်သက်တာ အိမ်ထောင်ဖက် ရွေးချယ်သောအခါ အထူးသတိထားရန် အချက်တချက် ဖြစ်သည်ကို ဦးချန်ထွန်း၏ ကိုယ်တွေ့ တစ်သက်တာက သင်ခန်းစာယူစရာ ကျန်ရစ်ခဲ့ပါ သည်။ ဦးမောင်ကျော်ဇံ (BA.BL) ရှေ့နေကြီး၏ဇနီး ဒေါ်ရီရီဇံ ပြောပြချက်အရ Miss Cosgroves သည် ဦးချန်ထွန်း နေသော မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လုံးဝ ပြန်မလာတော့ပါဟု သိရှိရပါသည်။ ဦးချန်ထွန်းလည်း နောက်အိမ် ထောင် မပြုခဲ့ပါ။ သူ၏ဇနီးနှင့် သူအလွန်ချစ်သော သမီးငယ် ပြန်မလာတော့ပြီဟု သိသောအခါ ဦးချန်ထွန်း တစ်ယောက် မည်သို့သော ဝေဒနာမျိုးကို ခံစားရပါမည်နည်း။ မိမိဘ၀တွင် ဟာလာဟင်းလင်းနှင့် မည်သူကို မျှ ရင်ဖွင့်ပြောကြား၍ မဖြစ်။ ပြောလည်းမပြောချင်။ သူများနှင့်လည်း မဆိုင်။ ဘယ်သူမပြုမိမိမှု။ ဦးချန်ထွန်း မှလွဲ၍ မည်သူမျှ သိနိုင်မည် မဟုတ်ပါ။ နောက်ပိုင်းတွင် တယောက်တည်း ဦးတည်ရာမရှိ စိတ်သောက ဖိစီး ပြီး စက်ဘီးတစ်စီးနှင့် လျှောက်သွားနေခဲ့သည်။ *၀ိတိုရိယ ဘုရင်မကြီးကိုယ်တိုင် နန်းတွင်းခေါ်၍ လက်ဖက်ရည်ပွဲနှင့် ဧည်ခံပြီး ၀ိတိုရိယ ရွှေတံဆိပ်ဘွဲ့ကို ပေးခဲ့သည်။ နန်းတွင်းတွင် အချိန်မရွေး ၀င်ထွက်ခွင့် အမိန့်ရသူတဦး။ *ဒုတိယကမ္ဘာစစ် မဖြစ်မီအထိ အင်္ဂလန်နိုင်ငံ ဥပဒေဘာသာရပ်တွင် သူ့လို ဒီဂရီအမြင့်ဆုံး အမှတ်မျိုး မည် သူမျှ မရရှိခဲ့။ *သူရေးခဲ့သော ဥပဒေစာအုပ်များသည် မြန်မာနိုင်ငံ တရားရုံးချုပ်တွင် ယခုထိ အသုံးပြုနေဆဲ ရည်ညွှန်းကိုး ကား နေဆဲဖြစ်သည်။ *ဆူးလေဘုရားကို မဖျက်ရန် အရေးဆိုခဲ့ရာတွင် နေမ၀င်ဝိတိုရိယ ဘုရင်မကြီးထံ ကြေးနန်းနှင့်တစ်မျိုး၊ စာ ရေး၍ တစ်ဖုံ သတ္တိရှိရှိ ရဲရဲတောက်တင်ပြခဲ့သူ။ ဤမျှလောက် နိုင်ငံအတွက် အဖိုးတန် ရတနာသားကောင်း တစ်ဦးသည် အသဲကျွမ်းဝေဒနာ(၀ါ)စိတ်ထိခိုက် သော ဝေဒနာဖြင့် အသက်(၃၅)နှစ်တွင် ကွယ်လွန်ခဲ့ရသည်။ ရေတိမ်နစ်ခဲ့ရသည်။ နိုင်ငံအတွက်ဆုံးရှုံးမှု တ ရပ်အဖြစ် စာရေးသူဝမ်းနည်းစွာဖြင့် မှတ်တမ်းတင်ပါသည်။ တချို့သောရခိုင်အချို့က မိမိကိုယ်ကို သတ်သေ သွားသည်ဟု ပြောကြသည်။ ဟုတ်မဟုတ်တော့ စာရေးသူ အတိအကျ စုံစမ်း၍မရပါ။ ဒေါ်ရီရီဇံကို မေးကြည့် သောအခါ `မဟုတ်ပါဘူး`ဟုဆိုသည်။ ဦးချန်ထွန်း၏ဖခင် သူဌေးကြီးဦးရဲကျော်သူသည် ကွယ်လွန်ခါနီးတွင် သားသမီး(၁၀)ယောက်ကိုတစ်ယောက် လျှင် ရူပီး(၁၀)သိန်းကျစီ အမွေပေးခဲ့ရာ ဦးချန်ထွန်း၏သမီး Miss Marie Chan Tun သည် စစ်တွေမြို့သို့ လာ၍ အဘိုးပေးသော ရူပီ(၁၀)သိန်းကို လာယူပြီး အင်္ဂလန်သို့ ပြန်သွားပါသည်။

ဓါတ်ပုံ၊ ဦးချန်ထွန်း၏ ဖခင် သူဌေးကြီးဦးရဲကျော်သူ ဆောက်လုပ်လှုဒါန်းခဲ့သော ဘုန်းတော်ကြီးကျောင်းကို ၁၉၄၂ ခုနှစ်က တွေ့ရစဉ်။

ဦးချန်ထွန်း (၁၈၅၉-၁၈၉၄)

စစ်တွေမြို့မှရွှေစလွယ်ရသူဌေးကြီးဦးရဲကျော်သူဆိုလျှင် ရခိုင်သားများလောကတွင်မ
သိသူမရှိသလောက်ပင် ထင်ပေါ်ကျော်ဇောသည်။သူ့သားဦးချန်ထွန်း အဖေခြေရာကိုနင်း၍
ထိုခောတ်ထိုချိန်က မြန်မာနိုင်ငံမက ဥရောပနိုင်ငံများအထိပင် သူ့အရှိန်အ၀ါ လွှမ်းမိုးခဲ့
သော နာမည်ကြီးဥပဒေပါရဂူတစ်ဦးဖြစ်သည်။ဦးရဲကျော်သူ၊ဒေါ်သံဒါဖြူတို့မိဘနှစ်ပါးတွင် သားသမီး(၁၀)ဦးထွန်းကားခဲ့ရာ သား

ယောင်္ကျားများမှာ ဦးကျော်ဦး၊ဦးချန်ထွန်း၊ဦးစံကျော်၊ဦးရွှေဘန်း၊ဦးသာဇံ၊ဦးရွှေသာတို့ဖြစ်ကြ
ပြီး သမီးများမှာ ဒေါ်စံဝင်း၊ဒေါ်စံမြခိုင်၊ဒေါ်ရွှေခိုင်၊ဒေါ်ရှင်ထွီးမတို့ ဖြစ်ကြသည်။
ဦးချန်ထွန်းအပါအ၀င် သား(၆)ယောက်စလုံးသည် ထိုခောတ်က အင်္ဂလန်ကျောင်း
တွင် ကျောင်းနေခဲ့ကြ၍ စာတတ်ပေတတ်ပုဂ္ဂိုလ်များဖြစ်ကြသည်။ညီအစ်ကိုလေးယောက်
ဖြစ်သော ဦးချန်ထွန်းအပါအ၀င်ဦးရွှေဘန်း၊ဦးရွှေသာ၊ဦးသာဇံတို့သည် ဘိလပ်မှ ဥပဒေဘွဲ့
(Barrister at Law)ကို ရရှိခဲ့ကြသူများဖြစ်သည်။ ဦးချန်ထွန်းသည် ဥပဒေဘွဲ့နောက်ဆုံးနှစ်
ဖြစ်သော ၁၈၈၁ခုနှစ်တွင် ရောမဥပဒေဘာသာရပ်၊ဥပဒေအတတ်ပညာဘာသာရပ်၊ အင်္ဂလိပ်
လူမျိုးတို့၏ ရှေ့ဟောင်းထုံးတမ်းစဉ်လာဘာသာရပ်အားလုံးကို အမှတ်အများဆုံးဂုဏ်ထူးနှင့်
အောင်မြင်၍ ၀ိတိုရိယဘုရင်မကြီးကိုယ်တိုင် ၀ိတိုရိယရွှေတံဆိပ်ဆုကိုချီးမြှင့်ခဲ့သည်။ဘာသာ
ရပ်တိုင်းတွင် ထူးချွန်ဆုရရှိခဲ့၍ ဘာသာရပ်တခုလျှင် ထိုခောတ်ကစတာလင်ပေါင် (၁၀၀)စီ
ချီးမြင့်ခံခဲ့သူဖြစ်သည်။
ဦးချန်ထွန်းရရှိခဲ့သော ဂုဏ်ထူးဆောင်အမှတ်မျိုးကို ဒုတိယကမ္ဘာစစ်ဖြစ်သော အ
ချိန်အထိ နောက်ထပ်ထိုဆုမျိုးရရှိသူလုံးဝမရှိကြောင်းသိရှိရသည်။ရန်ကုန်ပြန်လာ၍ ၀ိတို
ရိယဘုရင်မဆုကို ဆွဲ၍သွားလျှင် ဦးချန်ထွန်းနှင့်မျက်နှာချင်းဆိုင်ဆုံမိသော လူတိုင်းသူ့ကို
အလေးပြုရသည်။စက်ဘီးစီးလာသူဖြစ်နေလျှင် စက်ဘီးမှဆင်းရပ်၍ အလေးပြုပြုရသည်ဟု
ရှေ့နေဦးမောင်ကျော်ဇံဇနီးဒေါ်ရီရီဇံ(အမှတ်-၂၈၊စမ်းချောင်း၊အောင်မင်္ဂလာလမ်း)တွင် ဦး
ချန်ထွန်းဆောင်းပါးရေးရန် Interview သွားလုပ်စဉ်က ပြောပြလိုက်သည်ကို အမှတ်ရမိ
ပါသည်။
ဝိတိုရိယဘုရင်မကြီးက သူပိုင်းစိုးသော ကိုလိုနီနိုင်ငံများထဲမှ ဤမျှလောက် ပ
ညာတော်သောကလေးမျိုးရှိသည်ကို တအံတသြဖြစ်ခဲ့ရသည်ဟု သိရှိရသည်။တွေ့ချင်လွန်း
၍အခေါ်ခံရသောအခါ တောသားလေးက ရခိုင်ရိုးရာဝတ်စုံဖြစ်သည့် တောင်ရှည်ပုဆိုး၊ရင်
ဖုံးအင်္ကျီဝတ်ဆင်၍ ရခိုင်ရိုးရာဖော့လုံးခေါင်းပေါင်းဝတ်ပြီး သွားရောက်ခဲ့သည်။
ဘုရင်မကြီးက လက်ဆွဲနှုတ်ဆက်ပြီး လက်ဖက်ရည်ပွဲနှင့် မောင်ချန်ထွန်းကိုဧည့်
ခံခဲ့သည်။ဝိတိုရိယဘုရင်မကြီးဆုကို သူကိုယ်တိုင်ချီးမြှင့်ပြီး ဘုရင်မကြီးသားတော်နှင့်တော်
ဝင်မြင်းရထားကိုစီးခွင့်ရသော ဆုလည်းပါဝင်သည့်အပြင် နန်းတော်ထဲ့သို့ အချိန်မရွေးသွား
လာနိုင်ခွင့် အခွင့်အရေးကိုပင် ဘုရင်မကြီးက ပေးအပ်ခဲ့သည်။
ဦးချန်ထွန်းသည် အင်္ဂလန်တွင်နေစဉ် သူမိတ်ဆွေများအနက် ကမ္ဘာကျော်စာရေးဆရာကြီး အော်စကာဝိုင်း(Mr.Oscar Wild) တစ်ယောက်လည်း အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦးဖြစ်ခဲ့သည်။ အော်စတာဝိုင်းနှင့် အတူသွားအနေများခဲ့၍ ဦးချန်ထွန်းက ရခိုင်လူမျိုး၊ရခိုင်ယဉ်ကျေးမှု၊ရခိုင်သမိုင်းများကို ပြောပြခဲ့ဟန် ရှိသည်။အော်စကာဝိုင်းသည် ရခိုင်သမိုင်းကြောင်းများကို စိတ်ဝင်စားလာ၍ ရခိုင်သမိုင်းနှင့်ပတ်သတ်သော စာအုပ်စာတမ်းများ၊ပေစာများကို စုဆောင်းရှာဖွေပေးရာ The King of Arakan(ရခိုင်မင်းတရားကြီး)ဆိုသော စာအုပ်ကို အင်္ဂလန်တွင်ထုပ်ဝေခဲ့သည်။
ဦးချန်ထွန်းလည်း အင်္ဂလန်တွင်နေစဉ် The Nature and Value of Jurisprudence စာအုပ်ကို Messrs Sweet And Maswell စာအုပ်တိုက်မှ ထုပ်ဝေခဲ့သည်။ ယင်းစာအုပ်သည် အင်္ဂလန်တွင် အလွန်လူကြိုက်များ၍ တတိယအကြိမ်ပင်ထုပ်ဝေခဲ့သည်။
ဦးချန်ထွန်း ရန်ကုန်သို့ပြန်ရောက်လာသောအခါ Leading Cases in Burmese
Law စာအုပ်နှင့် Burmese Buddhist law စာအုပ်နှစ်အုပ်ကို ရေးသားခဲ့သည်။ယင်းစာအုပ်
(၂)အုပ်သည် ယနေ့ထက်တိုင် မြန်မာတရားရေးရာဌာနတွင် လက်သုံး(Manual)အဖြစ် အ
သုံးပြုနေဆဲဟုသိရသည်။
Burmese Buddhist Law စာအုပ်သည် စာရေးသူ၏ဖခင်ဦးမောင်သာဇံ(စက်ရှင်
တရားသူကြီး-ငြိမ်း) ဗဟိုတရားရုံးချုပ်ရှေ့နေက သူ၏စာကြည့်တိုက်တွင် တရိုတသေ သိမ်း
ဆည်းထားခဲ့ရာ ယခုယင်းစာအုပ်သည် စာရေးသူ၏ စာကြည်တိုက်တွင် ရှိနေပါသည်။
ယင်းစာအုပ်၏မျက်နှာဖုံးကို ယခု ဦးချန်ထွန်း၏ အတ္ထုပ္ပတ္တိဆောင်းပါးနှင့်အတူ ဖော်ပြထားပါသည်။
၁၈၅၄ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် စီမံကိန်းချ၍ ရန်ကုန်မြို့ကို ခောတ်မီမြို့
တော်ပြုလုပ်ခဲ့ရာ အကွက်ရိုက်ပြီး အိမ်ရာတိုက်တာများဆောက်လုပ်ခဲ့သည်။ထိုစဉ်က ယခု
သိမ်ကြီးဈေး နေရာတွင် ဆူးလေစေတီလောက်ကြီးသော `ကျိုက်မြတ်သံချို`စေတီတစ်ဆူရှိခဲ့
သည်ကို လမ်းနှင့်မလွတ်၍ ဖြိုဖျက်ပစ်ခဲ့သည်။ ရန်ကုန်မြို့ရှိ ဘုန်းကြီးကျောင်းများ အားလုံး
နီးပါးကို အကွက်များချရာတွင် မလွတ်ဆိုပြီး လမ်းမတော်မြို့နယ် သရက်တောဥယျဉ်အ
တွင်း စုပေါင်း၍ရွှေ့ပြောင်းခဲ့သည်။(ယနေ့တိုင် သရက်တောကျောင်းဝင်းအတွင်း ထိုစဉ်က
အမည်အတိုင်း ဘုန်းကြီးကျောင်းမြောက်များစွာ ရှိနေပါသေးသည်။
ဒုတိယအကြိမ် လမ်းများတိုးချဲရာတွင် လမ်းမလွတ်ဟုဆိုပြီး ဆူးလေဘရားကို
ယခုနေရာမှ အခြားတနေရာသို့ ရွှေ့ပြောင်းရန်ဆွေးနွေးခဲ့ကြသည်။ ထိုစဉ်က ဗြိတိသျှ
အရာရှိများတင်ပြချက်တွင် နောက်အနှစ် ၅၀-၁၀၀ အတွင်း ရန်ကုန်မြို့သည် ကမ္ဘာအဆင့်
မှီ မြို့တော်ကြီးတမြို့ဖြစ်လာမည်ဖြစ်ရာ ပတ်ချာလည်ဝိုင်းရံလျှက်ရှိသော မိုးထိအောင်မြင့်
မားသည့် အဆောက်အအုံးများအောက်ရောက်နေမည်ဖြစ်၍ မသင့်တော်ဟုအကြောင်းပြ
ခဲ့ပါသည်။မြန်မာလူမျိုးများ စိတ်ကြိုက်သင့်တော်သည့်နေရာရွှေ့၍ ပုံတူဆောက်ပေးရန်အ
ကြောင်းပြခဲ့သည်။
ယင်းကိစ္စကို အင်္ဂလိပ်အရာရှိများအပါအ၀င် မြန်မာအရာရှိများက ကန့်ကွက်သူ
မရှိ သဘောတူကြသည်။ ဦးချန်ထွန်းတယောက်သာ အကြီးအကျယ်ကန့်ကွက်ခဲ့သည်။အင်္ဂ
လိပ်ခောတ်တွင် အထက်မှချက်မှတ်ထားသောအမိန့်တခုကိုလုပ်သင့်သည်ဖြစ်စေ မလုပ်သင့်သည်
ဖြစ်စေ မပြောရဲသောခောတ်။အလုပ်ပြုတ်မှာကြောက်သည်က တကြောင်းကြောင့် မည်သူမျှဦး
ချန်ထွန်းဘက်မှ မားမားရပ်တည်၍ ပြောဝံ့သူမရှိပါ။ မြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင်
ဘုရားတည်ပြီးလျှင် ရွှေ့ပြောင်းခြင်း၊ဖျက်ခြင်း ပြုလုပ်ရိုးထုံးစဉ်မရှိဟုတင်ပြခဲ့သည်။ အလားတူ
လန်ဒန်ကိုခောတ်မီမြို့တော်ဆောက်လုပ်စဉ်က Square Building အ၀ိုင်းကို ရှေ့ဟောင်းအ
ဆောက်အအုံတစ်ခုအဖြစ်အနေဖြင့် ဘာကြောင့်ချန်ထားခဲ့သလဲဟု အရေးဆိုခဲ့သည်။
ဦးချန်ထွန်း၏ကန့်ကွက်ချက်များ လုံးဝအရာမရောက်ခဲ့၍ စနေဒေါင့်မှစ၍ ဆူးလေဘု
ရားကို ဖျက်ပါတော့သည်။ဦးချန်ထွန်းအာဂသတ္တိရှင်တစ်ဦးဖြစ်သည်။လုပ်ရဲသည်။လုပ်ရဲသောသတ္တိ
ရှိသည်။အလုပ်ပြုတ်ချင်ပြုတ်ပါစေ လုံးဝနောက်မဆုတ်ခဲ့ပါ။ သူ့ကိုရွှေတံဆိပ်ဆုပေးထားသော
ဝိတိုရိယဘုရင်မကိုချက်ချင်းသတိရလာခဲ့သည်။ကြေးန်းရိုက်ပြီးစာတစ်စောင်ကိုလည်း ဘုရင်မကြီး
ထံ အကျိုးအကြောင်းရေးးသားပေးပို့လိုက်သည်။ ဦးချန်ထွန်၏ကျေးဇူး၊ ၀ိတိုရိယဘုရင်မကြီး၏
အမိန့်ကြောင့် ယနေ့မြန်မာလူမျိုးတို့ ဆူးလေစေတီကိုရန်ကုန်မြို့လည်တွင် တွေ့နေရခြင်းဖြစ်သည်။
ဦးချန်ထွန်းကျေးဇူးကား အလွန်ကြီးမားပါသည်။ ဆပ်၍ကုန်နိုင်မည် မဟုတ်ပါ။ဆူးလေစေတီကိုဖူး
တွေ့ရတိုင်း ဦးချန်ထွန်းကို သတိရသင့်ပေသည်။
ဒေါက်တာတင်အောင်နှင့် တရားလွတ်တော်တရားဝန်ကြီး မစ္စတာဒတ်(ခ်)တို့က အ
ရှေ့တောင်အာရှနိုင်ငံများတွင် ဦးချန်ထွန်းလောက် ဥပဒေရေးရာကျွမ်းကျင်သူမပေါ်သေး။အိန္ဒိယ
တိုက်တွင်အတော်ဆုံး(၃)ဦးကိုရွေးထုတ်၍ ပြောရလျှင် (၁)ဦးချန်ထနွ်း(၂)ဦးမဲအောင်(၃)ဦးသိန်း
မောင်တို့ဖြစ်သည်ဟုသိရှိရသည်။
ဦးချန်ထွန်းသည် အင်္ဂလန်မှပြန်လာစဉ် အိုင်ယာလန်သူ Miss Cosgroves ကိုလက်
ထပ်၍ခေါ်လာခဲ့သည်။ဦးချန်ထွန်းအား မြန်မာယဉ်ကျေးမှုရှုထောင့်မှကြည့်လျှင် အမှားတစ်ခုကိုပြု
လုပ်ခဲ့သည်ဟုဆို၍ရပါမည်။(ပြစ်မှုတစ်ခုကို ကျူးလွန်ခြင်းတော့မဟုတ်ပါ)ဦးချန်ထွန်း၏ ကိုယ်ရေးကိုယ်
တာကိစ္စဖြစ်၍ စာရေးသူအနေနှင့် ဝေဖန်ပိုင်ခွင့်မရှိပါ။သို့သော်`ငါမှားလေခြင်း`ဆိုသောနောင်တ
တစ်ခုကိုတော့ သူ၏အသဲနှလုံးကြားထဲတွင် ရင်နောင့်အောင်သေသည်အထိ ခံစားသွားရသည်ဟု
စာရေးသူ ကောက်ချက်ဆွဲယူပါသည်။
ထိုခောတ်ထိုအခါသည် ဗြိတိသျှအင်ပါယာကြီး နေမ၀င်နိုင်ငံ တစ်နိုင်ငံဖြစ်လျှက်ရှိ
သော အခြေအနေအချိန်အခါ။ သူတို့ သွေးနားထင်ရောက်နေသောအချိန်။အာရှတိုက်သားများ
ကို လူညံ့၊လူဖျင်း၊လူအဟု ယူဆပြီးမတူမတန်ဆက်ဆံနေသောအချိန်။လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု
ကို တန်ဖိုးထားရမှန်းပင်မသိ၍ ဘုရားကျောင်းကန်များကို ဖိနပ်စီး၍ တက်ခဲ့ကြသည်။(Shoe`s
Question)ပေါ်ပေါက်ခဲ့သည်။
ဦးချန်ထွန်းသည် သူ၏ရှုမငြီးချစ်ဇနီး အသားဖြူဖြူ ဘိုမလေး Miss Cosgroves
ကို သူ၏မွေးရာဇာတိရပ်မိသားစုနေထိုင်သော စစ်တွေမြီု့သို့ခေါ်လာခဲ့ပါသည်။မိသားစုအားလုံးက
ကြမ်းမှာထိုင်ပြီး ဂါဝန်ဝတ်ထားသောဘိုမကို ကုလားထိုင်နှင့် အပေါ်မှာထိုင်ခိုင်း ခဲ့ရသည်။ရခိုင်
များ စားပွဲအ၀ိုင်းတွင်ဝိုင်းထိုင်ပြီး ထမင်းများကိုလက်နှင့်နယ်၍စားပြသည်။ ဘောင်းဘီမ၀တ်ဘဲ
စားပွဲခြင်းအစ (လုံချည်ကိုဆိုလိုသည်)ကို ချုပ်၍၀တ်သောလူမျိုး၊ ကွမ်းစားသောလူမျိုး၊ဘိုကေမ
ထားဘဲ ဆံပင်မဖြတ်သျှောင်ထုံးထားသည်။ ဆံပင်ကိုအ၀တ်နှင့်ပတ်ထားသည်(ခေါင်းပေါင်းကိုဆို
လိုသည်) စသည်ဖြင့် အင်မတန်မှအထင်သေးအမြင်သေးနှင့် ဝေဖန်ခံခဲ့ရသည်ကို ဦးချန်းထွန်းအ
လူးအလဲခံခဲ့ရသည်။မိဘလက်ထက်မှ သူဘ၀တလျှောက်လုံး အပွဲပွဲနိုင်လာခဲ့သမျှ ဇနီးသည်
Miss Cosgroves နှင့်ကျမှ ဒူးထောက်အရှုံးပေးခဲ့ရသောစစ်သူကြီး။
ဦးချန်ထွန်းနှင့် Miss Cosgroves တို့၏ အိမ်ထောင်ရေးသည် မည်ရွေ့မည်မျှအထိ
အဆင်ပြေမပြေဆိုသည့် အတိုင်းအတာဒီဂရီကို စာရေးသူမသိပါ။ဦးချန်ထွန်းနှင့်ရခဲ့သော Miss
Marie Chan Tun ကိုခေါ်ပြီး အင်္ဂလန်သို့ ပြန်သွားပါသည်။သူသည် မြန်မာလူမျိုးယဉ်ကျေး
မှုကို အထင်သေးအမြင်သေးများစွာဖြင့် ရှုမြင်သုံးသပ်ပြီး နောက်ပိုင်း`The Marriage in
Burma` ဟူသော စာအုပ်တအုပ်ကိုရေးသားခဲ့ပါသည်။
မကြာသေးမီက ကမာရွတ်၊လှည်းတန်းရှိ အတ္တိယလမ်းတွင် နေထိုင်သော ဦးချန်ထွန်း
ညီဦရွှေသာမြေး ဘဏ်မန်နေဂျာဦးရွှေဖြူနှင့် တွေ့ဆုံစဉ်မေးမြန်းကြည့်ရာ ထိုစာအုပ်ကလွန်ခဲ့သော
(၃၀)ကျော်က ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှ ငှားရမ်း၍ သူကိုယ်တိုင်ဖတ်ဖူးကြောင်း ပြော
ပြပါသည်။စာရေးသူသည် Miss Cosgroves ရေးသားသောစာအုပ်ကို ပြန်လည်ချေပရေးသားရန်
ရန်ကုန်တက္ကသိုလ် စာကြည်တိုက်တွင် သွားရှာပါသည်။ လုံးဝမတွေ့ဘဲ ပြန်လာခဲ့ရသည်။ယခုဤ်
စာအုပ်ရေးသားသော အချိန်ထိ လမ်းသွားလမ်းလာအခွင့်ရတိုင်း လိုက်ရှာနေဆဲဖြစ်ပါသည်။
လူမျိုးမတူ၊ဘာသာမတူ၊ယဉ်ကျေးမှုမတူလျှင် ယောင်္ကျားဖြစ်စေ၊မိန်းမဖြစ်စေ မိမိဘဝ
အတွက် တစ်သက်တာအိမ်ထောင်ဖက်ရွေးချယ်သောအခါ အထုးသတိထားရန် အချက်တချက်ဖြစ်
သည်ကို ဦးချန်ထွန်း၏ကိုယ်တွေ့တစ်သက်တာက သင်ခန်းစာယူစရာ ကျန်ရစ်ခဲ့ပါသည်။
ဦးမောင်ကျော်ဇံ(BA.BL) ရှေ့နေကြီး၏ဇနီးဒေါ်ရီရီဇံ ပြောပြချက်အရ Miss Cosgroves
သည် ဦးချန်ထွန်းနေသော မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လုံးဝပြန်မလာတော့ပါဟုသိရှိရပါသည်။ဦးချန်
ထွန်းလည်း နောက်အိမ်ထောင်မပြုခဲ့ပါ။ သူ၏ဇနီးနှင့် သူအလွန်ချစ်သောသမီးငယ် ပြန်မလာတော့ပြီ
ဟုသိသောအခါ ဦးချန်ထွန်းတစ်ယောက် မည်သို့သောဝေဒနာမျိုးကို ခံစားရပါမည်နည်း။မိမိဘ၀တွင်
ဟာလာဟင်းလင်းနှင့် မည်သူကိုမျှ ရင်ဖွင့်ပြောကြား၍မဖြစ်။ ပြောလည်းမပြောချင်။ သူများနှင့်လည်း
မဆိုင်။ဘယ်သူမပြုမိမိမှု။ ဦးချန်ထွန်းမှလွဲ၍ မည်သူမျှသိနိုင်မည်မဟုတ်ပါ။ နောက်ပိုင်းတွင်တယောက်
တည်း ဦးတည်ရာမရှိ စိတ်သောကဖိစီးပြီး စက်ဘီးတစ်စီးနှင့် လျှောက်သွားနေခဲ့သည်။
*၀ိတိုရိယဘုရင်မကြီးကိုယ်တိုင် နန်းတွင်းခေါ်၍လက်ဖက်ရည်ပွဲနှင့်ဧည်ခံပြီး ၀ိတိုရိယရွှေတံဆိပ်ဘွဲ့
ကိုပေးခဲ့သည်။နန်းတွင်းတွင်အချိန်မရွှေး ၀င်ထွက်ခွင့်အမိန့်ရသူတဦး။
*ဒုတိယကမ္ဘာစစ်မဖြစ်မီအထိ အင်္ဂလန်နိုင်ငံ ဥပဒေဘာသာရပ်တွင်သူ့လို ဒီဂရီအမြင့်ဆုံးအမှတ်မျိုး
မည်သူမျှမရရှိခဲ့။
*သူရေးခဲ့သောဥပဒေစာအုပ်များသည် မြန်မာနိုင်ငံတရားရုံးချုပ်တွင် ယခုထိအသုံးပြုနေဆဲ ရည်
ညွန်းကိုးကားနေဆဲဖြစ်သည်။
*ဆူးလေဘုရားကိုမဖျက်ရန်အရေးဆိုခဲ့ရာတွင် နေမ၀င်ဝိတိုရိယဘုရင်မကြီးထံ ကြေးနန်းနှင့်တစ်
မျိုး၊စာရေး၍တစ်ဖုံ သတ္တိရှိရှိ ရဲရဲတောက်တင်ပြခဲ့သူ။
ဤမျှလောက်နိုင်ငံအတွက် အဖိုးတန်ရတနာသားကောင်းတစ်ဦးသည် အသဲကျွမ်းဝေဒနာ
(၀ါ)စိတ်ထိခိုက်သောဝေဒနာဖြင့် အသက်(၃၅)နှစ်တွင်ကွယ်လွန်ခဲ့ရသည်။ ရေတိမ်နစ်ခဲ့ရသည်။
နိုင်ငံအတွက်ဆုံးရှုးမှုတရပ်အဖြစ် စာရေးသူဝမ်းနည်းစွာဖြင့် မှတ်တမ်းတင်ပါသည်။တချို့သောရခိုင်
အချို့က မိမိကိုယ်ကိုသတ်သေသွားသည်ဟုပြောကြသည်။ဟုတ်မဟုတ်တော့ စာရေးသူအတိအ
ကျစုံစမ်း၍မရပါ။ဒေါ်ရီရီဇံကိုမေးကြည့်သောအခါ `မဟုတ်ပါဘူး`ဟုဆိုသည်။
ဦးချန်ထွန်း၏ဖခင် သူဌေးကြီးဦးရဲကျော်သူသည် ကယ်ွလွန်ခါနီးတွင် သားသမီး(၁၀)
ယောက်ကိုတစ်ယောက်လျှင် ရူပီး(၁၀)သိန်းကျစီအမွေပေးခဲ့ရာ ဦးချန်ထွန်း၏သမီး Miss Marie
Chan Tun သည် စစ်တွေမြို့သို့လာ၍ အဘိုးပေးသော ရူပီ(၁၀)သိန်းကိုလာယူပြီး အင်္ဂလန်
သို့ပြန်သွားပါသည်။__

ဘဏ်သူဌေး ဦးရဲကျော်သူ (၁၈၃၃-၁၉၁၀)

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို ပထမဦးဆုံး စတင်လုပ်ကိုင်သူ၊ (၁၉၀၀)ပြည့်နှစ် ၀န်းကျင်ကပင် အိန္ဒိယ ရူပီးငွေ သိန်းတစ်ရာခန့် ရင်းနှီးမြှုပ်နှံထားသည့် "ဦးရဲကျော်သူ အင် ကုမ္ပဏီလီမီတက်" လုပ်ငန်းကို တည် ထောင်ခဲ့သူ၊ သူ့ခေတ်သူ့အခါက ရခိုင်ပြည်နယ်တွင် အချမ်းသာဆုံး လုပ်ငန်းရှင်၊ သူ့လက်နှင့် ထိသမျှ ငွေဖြစ်သည်ဟု တင်စားပြောခံရသူ၊ အိန္ဒိယအစိုးရကပင် ဖိတ်ကြား၍ သူဌေးဘွဲ့နှင့် ကျက်သရေဆောင် ရွှေစလွယ် ချီးမြှင့်ခံခဲ့ရသူ ဖြစ်သည်။ ကျောင်းသင်ပညာ မရှိသော်လည်း ထူးခြားသော ဇွဲလုံ့လ ၀ီရိယ တီထွင်ဥာဏ်နှင့် ပြည့်စုံ၍ လှေထိုးသားဘ၀မှ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာသူ၊ သူဌေး ဖြစ်လာသော်လည်း ဘ၀မမေ့ဘဲ လှေထိုးသားဘ၀က အသုံးပြုခဲ့သည့် လှော်တက်ကို ရွှေချလျက် အိမ်တွင် ချိတ်ဆွဲထားသူ၊ ထူးခြားမှု တစ်ရပ် မှာ အများအကျိုးအတွက် နေ့စဉ် နံနက် ၄ နာရီ အိပ်ရာမှထကာ လက်ဆွဲမီးအိမ်ကိုင် ကုလား တပည့်ကလေးနှင့် အတူ မြို့ကိုလှည့်၍ "အရပ်သားတို့၊ ရွာသားတို့၊ ထကြလော့၊ ရေထဲတွင် ငွေတွေ မျှောနေသည်၊ ဆယ်ယူကြလော့"ဟု  ဆော်သြလေ့ရှိသူ စသည့် ကောင်းသတင်း အဖုံဖုံနှင့် ပြည့်စုံသော စွန့်စားတီထွင် စီး ပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။

ဦးရဲကျော်သူကို ၁၈၃၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၌ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပင်းဝါမြို့အနီး ပဲတလီ ကျေးရွာ၌ ဖွားသည်။ အဖမှာ ရခိုင်တိုင်းရင်းသား ဦးဒိုးအောင်ကြွယ်ဖြစ်၍ ညီအစ်ကို ၄ ဦးတွင် တတိယ မြောက် ဖြစ်သည်။ အစ်ကို ရဲဘော်သွယ်၊ ရဲမြသွယ်နှင့် ညီမှာ ရဲအောင်ရှီ ဖြစ်သည်။

အရွယ်ရောက်လျှင် ညီအစ်ကိုနှစ်ဦး မိမိတို့၏ဇာတိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ အလုပ်ရှာရန် ပြန်လာ ကြသည်။ မကြာမီ အစ်ကိုဖြစ်သူမှာ မိဘများထံ ပြန်သွား၍ တစ်ဦးတည်း စစ်တွေ၌ ကြုံရာအလုပ်ကို လုပ် ကိုင်ခဲ့သည်။ ပထမဦးဆုံး စစ်တွေမြို့ ကန်ဒကာ သူဌေးကြီး ဦးသံခြွီ၏ ကုန်ရောင်းလှေတွင် လှေထိုးသား အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ အလုပ်ကို ရိုးရိုးသားသားနှင့် ကြိုးစားရုံမျှမက ၀ီရိယရှိမှု အမြော်အမြင် ရှိမှုတို့ကြောင့် လှေထိုးသား မောင်ရဲကျော်သူကို သူဌေးကြီး ဦးသံခြွီက သမီးဖြစ်သူ မသံဒါဖြူနှင့် လက်ထပ် ပေးခဲ့သည်။

လက်ထပ်ပွဲပြီးနောက် ရရှိသော မင်္ဂလာ လက်ဖွဲ့ ရတနာရွှေငွေများကို ယောက္ခမ၏ အလုပ်တွင် ရှယ်ယာ အဖြစ် ပြန်လည်အပ်နှံ၍ စီးပွားရေးကို ဇောက်ချလုပ်ကိုင်ခဲ့သည်။ သစ်လုပ်ငန်း၊ အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) မှ ဆေးရွက် ရောင်းဝယ်ရေးလုပ်ငန်း၊ ပင်လယ်ကူး လှေသမ္ဗန်များမှ မြစ်သဲရှင်ဝယ်ယူမှု လုပ်ငန်း၊ စစ်တွေမြို့အနီး မြေရိုင်းများ ၀ယ်ယူမြှုပ်နှံမှုလုပ်ငန်း၊ မြေငှားလုပ်ငန်း၊ ဆန်စပါး ရောင်းဝယ်ရေး၊ ဗျိုင်းတောင်၊ ဗျိုင်းမွှေး ရောင်းဝယ်ရေးလုပ်ငန်း စသည့် စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်ခဲ့ရာ ထိုခေတ် ထို အခါက ရခိုင်ပြည်နယ် စစ်တွေမြို့၌ အချမ်းသာဆုံး လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့သည်။

ဦးရဲကျော်သူသည် အောက်ခြေမှ တက်လာသူ ဘ၀နာခဲ့သူပီပီ ဆင်းရဲသား၊ တောင်သူ လယ်သမားများ အပေါ် စာနာမှုရှိသည်။ ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းတွင် မိုးဘရားသား၊ စတီးဘရားသား၊ ဘလုတ် ဘရားသား စသည့် နိုင်ငံခြားကုမ္ပဏီများ၏ ဈေးနှိမ်မှုကို နည်းမျိုးစုံနှင့် ကာကွယ်၍ ရခိုင် တောင်သူလယ်သ မားများ မနစ်နာစေရန် စပါးဈေးကို ပိုမိုပေးခဲ့သည်။ ဦးရဲကျော်သူ၏ စီးပွားရေးလုပ်ငန်းများအနက် စစ်တွေ မြို့၌ ဖွင့်လှစ်ခဲ့သည့် "ဦးရဲကျော်သူ အင်ကုမ္ပဏီလီမီတက်" လုပ်ငန်းသည် အထင်ရှားဆုံးဖြစ်သည်။ ဤလုပ် ငန်းတွင် ကုမ္ပဏီရှယ်ယာ ပိုင်ဆိုင်သူများထံမှ အပ်ငွေနှင့် ထုတ်ငွေများကို ချက်လက်မှတ်စနစ် သုံး၍ ငွေချေး ခြင်း၊ ရွှေပေါင်၊ မြေပေါင်လက်ခံခြင်းတို့ကို ဆောင်ရွက်သောကြောင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဘဏ်လုပ် ငန်းပိုင်ရှင်ဟု သတ်မှတ်ကြသည်။ ထိုဘဏ်လုပ်ငန်းသည် ၁၉၁၀ ပြည့်နှစ် ၀န်းကျင်တွင် ရင်းနှီးမြှုပ်နှံမှု ရူပီး ငွေ သိန်းတစ်ရာကျော် ရှိသည်။

ဦးရဲကျော်သူ ကွယ်လွန်ပြီးနောက် သတ္တမမြောက်သားဖြစ်သာ ဦးရွှေသာသည် ၁၉၂၄ ခုနှစ် ၀န်းကျင်တွင် တရားဝင်ဘဏ်အဖြစ် စနစ်တကျ တည်ထောင်၍ ဆောင်ရွက်ခဲ့သည်။ ယင်းဘဏ်မှ "မသံဒါဖြူအင် ကုမ္ပဏီ လီမီတက်"ကို ခွဲခြား တည်ထောင်၍ အိမ်ငှားခ၊ မြေငှားခ ကောက်ခံသည့် လုပ်ငန်းများကို လုပ်ဆောင်ခဲ့ သည်။

ဦးရဲကျော်သူ၏ ကြွယ်ဝချမ်းသာမှု ဂုဏ်သတင်းကြောင့် အိန္ဒိယအစိုးရက ဖိတ်ကြား၍ အိန္ဒိယ သူဌေးများကို ချီးမြှင့်သည့် သူဌေးဘွဲ့နှင့် ကျက်သရေဆောင် ရွှေစလွယ်ရတံဆိပ် ချီးမြှင့်ခဲ့သည်။ ဗြိတိသျှ မြန်မာပြည် ကော်မရှင်နာ၏ အကြံပေးဘုတ်အဖွဲ့ဝင်အဖြစ်လည်း ပါဝင်ဆောင်ရွက်ခဲ့ရသည်။

စီးပွားရေး အောင်မြင်လာသည်နှင့်အမျှ ဘုရားတည်၊ ကျောင်းဆောက် အလှူဒါနအမြောက်အမြား ပြုလုပ်ခဲ့ သည်။ အထင်ရှားဆုံးမှာ ကျောက်တော်ရှိ မဟာမုနိ ဘုရား သိမ်တန်ဆောင်းတော်ကြီး၊ ကြေးဆင်းတုတော် ကြီးတို့ ဖြစ်သည်။ ထိုစဉ်က ထင်ရှားသော လယ်တီဆရာတော်ကြီးကိုလည်း စစ်တွေမြို့သို့ပင့်၍ တရားပွဲများ ကျင်းပပေးခဲ့သည်။ လူမှုရေးအနေဖြင့် စစ်တွေ ဆေးရုံကြီး၌ အမျိုးသမီး သားဖွားဆောင် ကို ဆောက်လုပ် လှူဒါန်းခဲ့သည်။ ယခုအခါ သံကျောင်း (သို့) ဦးရဲကျော်သူကျောင်းဟု အမည်တွင်သော ဘုန်ကြီးကျောင်းကို သက်ရှိထင်ရှား ရှိစဉ်ကပင် ဆောက်လုပ်ရန် သစ်များဝယ်၍ စီစဉ်ခဲ့သည်။ နောင်အခါ ဖခင်ကို ရည်စူး၍ သားသမီးများက သံထည်များဖြင့် တည်ဆောက်ခဲ့သောကြောင့် သံကျောင်းဟု အမည်တွင်ခဲ့သည်။

ဦးရဲကျော်သူနှင့် ဒေါ်သံဒါဖြူတို့တွင် သားသမီး (၁၀)ဦး ထွန်းကား၍ သား(၄)ယောက်မှာ ထင်ရှားသည်။ သားအကြီးဆုံး ဦးချန်ထွန်းမှာ အင်္ဂလန်တွင် ဥပဒေပညာသင်ကြားခဲ့ပြီး ဥပဒေနောက်ဆုံးနှစ်၌ ပထမတန်း မှ အောင်မြင်ခဲ့ကာ နောင်အခါ ထင်ရှားသော ဥပဒေပညာရှင်တစ်ဦး ဖြစ်လာသည်။ ဦးချန်ထွန်းကဲ့သို့ပင် သားများဖြစ်သော ဦးရွှေသာ၊ ဦးရွှေဘဲ၊ ဦးသာဇံ တို့ကိုလည်း အင်္ဂလန်သို့ စေလွှတ်၍ ဥပဒေပညာများ သင်ကြားစေခဲ့သည်။

ဦးရဲကျော်သူသည် အသက် ၇၇ နှစ်အရွယ် မြန်မာသက္ကရာဇ် ၁၂၇၂ ခုနှစ် နယုန်လပြည့်ကျော် (၁၃) ရက် အင်္ဂါနေ့ နံနက် (၈)နာရီတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် သားသမီးများအတွက် အမွေအဖြစ် ရူပီး ငွေ သိန်း ၇၀ မျှ ကျန်ရစ်ခဲ့သည်။

မောင်ဇေယျာ ရေးသားသော မြန်မာလူကျော် ၁၀၀ (ပထမအုပ်) မှ-

ကိုလိုနီဝါဒ၏ ဆိုးမွေ - မောင်ဗသိန်း

ဤဆောင်းပါးသည် “ရိုဟင်ဂျာ” နှင့် ပတ်သက်၍ မြန်မာနိုင်ငံ သမိုင်းကော်မရှင်၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ ဖူးသူ မစ္စတာလုစ် (G.H Luce)နှင့် ဆရာကြီး ဒေါက်တာသန်းထွန်းတို့၏ ရေးသားထားချက်များကို တုံ့ပြန်သော ဆောင်းပါး ဖြစ်ပါသည်။

မစ္စတာလုစ်သည် “မြန်မာအစ ကျောက်ဆည်က” ဟူသော သမိုင်းအဆိုသစ်ကို ထူထောင်သူ ဖြစ်သည်။ ၁၉၈၅-ခုနှစ်က ထုတ်ဝေခဲ့သော သူ၏စာအုပ် (Phases of Pre-Pagm Burma, Languages and History) တွင် “မြူနှင့်ခုမိ” လူမျိုးတို့အကြောင်းကို တင်ပြရာတွင် ရခိုင်မင်းတို့သည် သက်၊ မြုန်၊ ချင်းတို့ကို အုပ်စိုးခဲ့ ကြကြောင်း၊ ၎င်းတို့မှာ အိန္ဒိယဘွဲ့အမည်များရှိပြီး မူဆလင်ဘာသာဝင်များ ဖြစ်သည်ဟု ပြောကြကြောင်း စသည်ဖြင့် ရေးသားပြီး နောက် ရိုဟင်ဂျာနှင့် စပ်လျဉ်း၍ အောက်တွင် လိုရင်းမျှ ဘာသာ ပြန်ထားသည့် အတိုင်း ရေးသားပါသည်။
““နတ်မြစ်အရှေ့ မယူမြစ်ဒေသ၌ အများစုနေထိုင် ကြသူများမှာ ရိုဟင်ဂျာဟု ယနေ့သိနေကြသော မူဆလင်များ ဖြစ်ကြသည်။ ၎င်းတို့က ဤဒေသတွင် နှစ်ပေါင်းတစ်ထောင်ကျော်ကပင် နေထိုင်ခဲ့သည်ဟု ဆိုကြသည်။ ဤသို့ ဆိုခြင်းသည် ချဲ့ကားခြင်း ဖြစ်သည်။ သို့သော် မူဆလင်တို့သည် ဘင်္ဂလားကို အေဒီ ၁၂၈၂-ခုကပင် သိမ်းပိုက်ခဲ့သည်ကို ကျွန်ုပ်တို့ သိကြသည်။ ထို့နောက် ရှေ့ပုဂံမင်းများနှင့် ဆက်စပ် လူသိများခဲ့သော နောက်ဆုံးဗုဒ္ဓဘာသာနိုင်ငံ ပဋိက္ကရား (ကူမိလာ)ကို ဖြိုဖျက်၍ ရခိုင်နယ်စပ်သို့ မကြာမီပင် ရောက်လာခဲ့သည်။ နယ်စပ်၌ တိုက်ပွဲဖြစ်ပွားသောအခါ ဒေသခံ လူမျိုးနွယ်စုများလည်း ပါဝင်ခဲ့ဟန်တူသည်။ အချို့ မူဆလင်ခေါင်းဆောင်များ သို့မဟုတ် မူဆလင်ဘာသာပြောင်းခဲ့သူ တချို့ဒေသခံ အကြီးအကဲများသည် မြန်မာနိုင်ငံဘက်၌ အခြေစိုက်နေထိုင်ခဲ့ကြ ဟန်တူသည်။””

မစ္စတာလုစ်၏ စာအုပ်ကို ကျမ်းကိုးပြု၍ ဆရာကြီးဒေါက်တာ သန်းထွန်းကလည်း ဆောင်းပါးတစ်စောင် တွင် အောက်ပါအတိုင်း ရိုဟင်ဂျာနှင့်ပတ်သက်၍ ရေးသားထားပါသည်။

““ရခိုင်မင်းကလည်း မူဆလင်ဘာသာဘွဲ့ ရှိတယ်။ အ၀မင်းဆီ ၀င်ရောက်လာတယ်၊ မူဆလင်မင်းကတော့ နတ်မြစ် (Naaf)၊ အရှေ့မယူ(Mayu)  မြစ်ဒေသက ရိုဟင်ဂျာ (Rohinja) ဖြစ်မလားလို့ ဆင်ခြင်မိတယ်။ သူတို့ကလည်း အဲဒီအရပ်မှာ နှစ်ပေါင်းတစ်ထောင်ထက် မနည်းတော့ဘူးလို့ ပြောလေ့ရှိတယ်။ အဲဒီလောက် မရှိပေမယ့် (ခရစ်-၁၂၀၂)လောက်က ဘင်္ဂလားကို မူဆလင်အယူရှိသူတွေ စတင်ဝင်ရောက်ခဲ့တယ်ဆိုတဲ့ အခါက ဖြစ်နိုင်တယ်။ အနှစ် (၈၀၁)ကပေါ့။ တချို့မူဆလင် ခေါင်းဆောင်ဟာ အ၀မင်းနဲ့ မိတ်သဟာဖြစ်တဲ့ သဘောကို ဒီကျောက်စာမှာ ရေးမှတ်ခဲ့တယ်လို့ ထင်ရပါတယ်””

ဆရာကြီးလုစ်နှင့်ဆရာကြီးဒေါက်တာ သန်းထွန်းတို့ ရိုဟင်ဂျာအကြောင်းရေးသားရာတွင် အဓိက အထောက်အထားပြုသော ကျောက်စာမှာ စစ်ကိုင်းထူပါရုံဘုရားကျောက်စာ ဖြစ်ပါသည်။ ကျောက်စာရေး ထိုးခဲ့သော မင်းမှာ အင်းဝဘုရင်နရပတိဖြစ်ပြီး ကျောက်စာရေးထိုးနှစ်မှာ မြန်မာသက္ကရာဇ် ၈၀၄-ခု၊ ခရစ်နှစ် ၁၄၄၂-ခု ဖြစ်ပါသည်။ ကျောက်စာတွင် နရပတိမင်း နန်းတက် သောအခါ မြန်မာနိုင်ငံ အရပ်ရှစ်မျက်နှာမှ လူများလာရောက်၍ ဂါရ၀ပြုကြပုံကို ရေးထိုးထားသည်ဟု မစ္စတာလုစ်က ဆိုပါသည်။ ဆရာကြီးတို့ အထောက်အထားပြုကြသော ကျောက်စာတစ်စိတ် ဒေသ၏ လိုရင်းအချုပ်မှာ ““ပန်သေမင်းတို့၏ အမျိုးအနွယ်ဖြစ်သော ရခိုင်မင်းသည် နရပတိဘုရင်၏ ဘုန်းတော်ကို လာရောက် ခိုလှုံသည်”” ဟူ၍ ဖြစ်ပါသည်။

ဤတွင် “ပန်သေမင်း” ဟူသော ကျောက်စာပါ စကားတစ်လုံးတည်းကို အထောက်အထားပြု၍ ပန်းသေး ဟူသည်မှာ မြောက်ပိုင်း မူဆလင်များဖြစ်သည်။ ၎င်းတို့သည် ယခုအခါ နတ်မြစ်အရှေ့ဘက် မယူကမ်းခြေ တွင် နေထိုင်ကြသော ရိုဟင်ဂျာအမည်ခံသူများ ဖြစ်ကြလိမ့်မည်ဟု ဆရာကြီးတို့ ကောက်ချက်ဆွဲယူကြဟန် တူပါသည်။

စင်စစ်ရိုဟင်ဂျာဟူသော အမည်မှာ ထိုရှည်ဝေးလှသော အတိတ်ကာလကိုထား၍ မြန်မာနိုင်ငံ အင်္ဂလိပ် ကိုလိုနီဘ၀မှ လွတ်မြောက်လာသော ၁၉၄၈-ခုနှစ်ထိ မပေါ်ပေါက်ဖူး၊ မရှိဖူးသေးသော အမည်ဖြစ်ပါသည်။

နတ်မြစ်အရှေ့ဘက် မယူမြစ်ဒေသတွင် နေထိုင်ကြသော လူဦးရေ အများစု ၉၄-ရာခိုင်နှုန်းခန့်သည် မူဆ လင်များ ဖြစ်ကြသည်မှာ မှန်ပါ၏။ ထိုသူတို့ကို မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည် အထိ စစ်တကောင်း မှ လာရောက်အခြေချနေထိုင်ကြသော “စစ်တကောင်းနယ်၊ ဘင်္ဂါလီလူမျိုးအဖြစ်သာ လူတိုင်းသိကြပါသည်။ ခိုင်မာသော မှတ်တမ်းများ (ဒေါက်တာ ဘနာဂျီစာအုပ်၊ မောင်တောကျွန်းအုပ် ဦးမောင်ညို မှတ်တမ်းစာ၊ စစ်တွေခရိုင် ဂေဇက်တီးယားများ၊ ဦးစံထွန်းအောင်၏ စာတမ်း၊ မင်းကြီး မစ္စတာဂျိမ်း အက်စဲသာ ဦးဆောင်သော စုံစမ်းရေးကော်မရှင် အစီရင်ခံစာ၊ ရခိုင်တိုင်းမင်းကြီး လုပ်ခဲ့သော စာရေးဆရာ ကြီး မောင်ထင်၏ ရခိုင်ပြည်နယ် အစီရင်ခံစာ) တို့တွင်လည်း ၎င်းတို့ကို “စစ်တကောင်းသား” များအဖြစ် မှတ်တမ်းတင်ခဲ့ကြပါသည်။ ရိုဟင်ဂျာ အမည်ခံသော တိုင်းရင်းသားတစ်မျိုး ဖြစ်ကြောင်း မည်သူကမျှ မဖော်ပြခဲ့ကြပါ။

ထိုစစ်တကောင်းသားများတွင် မြန်မာဘုရင်ခံနှင့် ဗြိတိသျှကို လိုနီခေတ်ဦးတွင် လယ်လုပ်သားများအဖြစ် မယူဒေသသို့ ခတ္တ ခဏလာရောက်နေထိုင်ပြီး လုပ်ငန်းရာသီကုန်လျှင် မိမိနေရပ်စစ်တကောင်းသို့ ပြန်လေ့ ရှိကြောင်း၊ နောင်ခါလူနေကျဲသော ထိုဒေသ၌ အနည်းအကျဉ်း အခြေချနေထိုင်ကြရာမှ ကိုလိုနီခေတ်တွင် တံခါးမရှိ၊ ဓားမရှိ ၀င်ထွက်သွားလာခွင့် ပြုထားခြင်းကြောင့် စီးပွားရေး၊ နိုင်ငံရေးစသော အကြောင်းကြောင်း တို့ကို အမှီပြု၍ ကြောက်ခမန်းလိလိ ဒလဟောဝင်ရောက်နေထိုင်လာကြခြင်း ဖြစ်ကြောင်းတို့ကို အထက်ဖော်ပြပါ မှတ်တမ်းများတွင် ဖတ်ရှုနိုင်ပါသည်။ ဗြိတိသျှအစိုးရလက်ထက်တွင် ထိုသို့စစ်တွေခရိုင်၌ ၀င်ရောက်အခြေ စိုက်လာသော စစ်တကောင်းသားဦးရေသည် ကြောက်မက်ဖွယ် တိုးတက်လာမှုကြောင့် မင်းကြီး မစ္စတာဂျိမ်းအက်စဲသာ ဦးဆောင်သော စုံစမ်းရေးကော်မရှင်ဖွဲ့၍ စုံစမ်းစစ်ဆေးစေကြောင်း၊ ထိုကော်မရှင်က ဤလူဝင်မှုကို မတားဆီးခဲ့လျှင် လူမျိုးရေးအဓိကရုဏ်း ဖြစ်လာနိုင်သည်ဟု အစီရင် ခံခဲ့ကြောင်းတို့ကို ရခိုင်ခေါင်းဆောင် ဦးလှထွန်းဖြူက သူ၏ “ရခိုင်ပြည်နယ်” စီးပွားရေးဘဏ္ဍာတိုက်” စာအုပ်တွင် ဖော်ပြထားပါသည်။

ထိုစုံစမ်းရေးကော်မရှင် သတိပေးခဲ့သည့်အတိုင်းပင် ဒုတိယ ကမ္ဘာစစ်အတွင်းက ၀မ်းနည်းကြေကွဲဖွယ်ရာ လူမျိုးရေးအဓိကရုဏ်းကြီးကို ကိုလိုနီတံခါးဖွင့်ဝါဒ၏ ဆိုးမွေအဖြစ် ရခိုင်သားများ ခံစားခဲ့ကြရပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် နတ်မြစ်တစ်ဖက်ကမ်းနေ စစ်တကောင်းနွယ် မူဆလင်များသည် ထိုဒေသကို ၎င်းတို့၏ သီးခြားဒေသတစ်ခု ပြုလုပ်ရန် အကြံရှိလာပုံ၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် လူဝင်လူ ထွက်ပြဿနာကြောင့် ရခိုင်တိုင်းသို့ စစ် ကောင်းဘက်မှ အလွယ်တကူဝင်ရောက်မလာနိုင်သဖြင့် “မူဂျာဟစ်” သူပုန်ပေါ်ပေါက်လာပုံတို့ကို ရခိုင်တိုင်းမင်းကြီးဟောင်း ဦးထင်ဖတ် (စာရေးဆရာ ကြီး မောင်ထင်)က အောက်ပါအတိုင်း ရေးသားခဲ့ပါသည်။

 ““စစ်ပြီးခေတ် စစ်တကောင်းနယ်သားတို့၏ ၀ါဒသည် နတ်မြစ် တစ်ဖက်ကမ်းရှိ မယူတောင်တန်းဒေသနှင့် ကုလားပန်ဇင်းမြစ်ဝှမ်း ဒေသတို့ကို နယ်သစ်အဖြစ်ဖြင့် အခြေစိုက်ရန်ဟူသော ၀ါဒ ဖြစ်သည်။ ၎င်းဝါဒ ကို သွေးထိုးပေးသူမှာ ရခိုင်တိုင်းတွင် နှစ်ပေါင်းများစွာ နေထိုင်သွားခဲ့သော စစ်တကောင်း အမျိုးသား တစ်ဦး ဖြစ်သည်။ အလုံးအရင်းနှင့် ချီတက်၍ အခြေစိုက်ရန် ပြင်ဆင်ထားခဲ့ရာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည်နှင့် တပြိုင်နက် ၎င်း၏ပြင်ဆင်ချက်တို့သည် တစ်မျိုးတစ်ဖုံ ဖြစ်လာလေသည်။

ထိုအချိန်၌ မြန်မာနိုင်ငံအစိုးရသည်လည်း လူဝင်လူထွက် ပြဿနာကို အထူးဂရုစိုက်ကြည့် ကြီးကြပ်လာခဲ့ ရလေသည်။ ထို့ကြောင့် ရခိုင်တိုင်းထဲသို့ စစ်တကောင်းလူမျိုးများ အလွယ်တကူ ၀င်ထွက်သွားလာရန် မဖြစ်နိုင်သောအခါ၌ မူဂျာဟစ်လှုပ်ရှားမှုသည် တဖြည်းဖြည်းကြီးကျယ်လာပြီးလျှင် သူပုန်ခေါင်းဆောင် ကာဆင်းသည်လည်း နာမည်ကြီးဖို့ရာ ဖြစ်ခဲ့လေသည်။

”” ဖဆပလအစိုးရလက်ထက်တွင် ထိုမူဂျာဟစ်သူပုန်များ လှုပ်ရှားသည့်နည်းတူ မူဆလင်ပြည်နယ် ထူထောင်ရန် အကြံအစည်ရှိသော မူဆလင်ပညာတတ် ခေါင်းဆောင်အချို့သည် ၎င်းမယူဒေသ၌ အထက်တွင်ဖော်ပြသကဲ့သို့ ၀င်ရောက်နေထိုင်လာကြသော စစ်တကောင်းအနွယ်မူဆလင်များကို လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ခန့်ကပင် ထိုဒေသ၌ အခြေစိုက်နေထိုင်ခဲ့သည့် တိုင်းရင်းသားလူမျိုးစု တစ်စုဖြစ်လေဟန်လုပ်ကြံကာ ရိုဟင်ဂျာဟူသော အမည်ကို ဖန်တီးလိုက်ခြင်းသာ ဖြစ်ပါသည်။ ထိုကိစ္စကို ၎င်းအမည် ပေါ်ပေါက်စ (၁၉၅၀-၆၀)ခုနှစ်ခန့်ကပင် ရခိုင်အမျိုးသား သုတေသီများက စာနယ်ဇင်းများတွင် ရှင်းလင်တင်ပြခဲ့ကြပြီး ဖြစ်သည်ကို ဆရာကြီး သိလိမ့်မည်ဟု ယူဆပါသည်။

တစ်ဖန်ဆရာကြီးတို့က မူဆလင်တို့သည် ဘင်္ဂလားကို ခရစ် နှစ် ၁၂၀၂-တွင် သိမ်းပိုက်ပြိး ပဋိက္ကရား (ကူမိလာ)ကို ဖြိုဖျက်၍ ရခိုင်နယ်စပ်သို့ မကြာမီပင် ရောက်ခဲ့သည်။ ထိုစဉ်က မယူဒေသတွင် မူဆလင်မင်း အခြေစိုက်ခဲ့ပေလိမ့်မည်ဟု ထင်မြင်တွေးဆထားသည်များကို တွေ့ရပြန်ပါသည်။

ဤတွင်လည်း ဆရာကြီးတို့သည် S.BQanungo စစ်တကောင်းရာဇ၀င် P.Gutman ၏ ရှေးဟောင်းရခိုင်ပြည် Prof M.Ahshad and Prof H Rahman တို့၏ အင်ဒိုပါကစ္စတန်သမိုင်း စသော စာအုပ်စာတမ်းများကို မလေ့ လာမိ၍ ဤသို့တွေးဆမိခြင်း ဖြစ်မည်ဟု ထင်မိပါသည်။ ၎င်းစာအုပ်စာတမ်းများအဆိုအရ မူဆလင် တို့သည် ဘင်္ဂလားကို ခရစ် ၁၂၀၂-ခုနှစ်တွင် သိမ်းပိုက်ခဲ့သော်လည်း စစ်တကောင်းနယ်သို့ ၁၃-ရာစုနောက်ပိုင်း တွင်သာ ရောက်လာပြီး ၁၄-ရာစုအလယ်ခန့်ကျမှ စစ်တကောင်းဒေသကို စိုးမိုးနိုင်ခဲ့ကြောင်း သိရပါသည်။

မယူမြစ်ဒေသတွင်မူ မည်သည့်အခါကမျှ မူဆလင်မင်း၊ မူဆလင်အကြီးအကဲတို့ အခြေမစိုက်ခဲ့ဖူးကြောင်းကို ရခိုင်ရာဇ၀င်၊ ဘင်္ဂလားရာဇ၀င်များနှင့် ထိုဒေသရှိ ဝေသာလီခေတ်၊ မြောက်ဦးခေတ်တို့ကပင် တည်ရှိခဲ့သော ဘုရားစေတီများက သက်သေခံနေပါသည်။

နောက်ဆုံး “ရခိုင်မင်းတို့မှာ မူဆလင်ဘာသာဝင်များ ဖြစ်သည်ဟု ပြောကြသည်” “ရခိုင်မင်းကလည်း မူဆလင်ဘွဲ့ ရှိတယ်” ဟူသော ဆရာကြီးတို့၏ မှတ်သားချက်များနှင့် စပ်လျဉ်း၍ အနည်းငယ် တင်ပြလို ပါသည်။ ရခိုင်ရာဇ၀င်များအရ ရခိုင်ဘုရင်အချို့သည် မူဆလင်ဘွဲ့ကို ခံယူခဲ့ကြောင်း သိရပါသည်။ ထိုဘုရင်များမှာ မြောက်ဦးမြို့တည် နန်းတည်ဘုရင် နရမိတ်လှခေါ် မင်းစောမွန် နောက်တွင် အုပ်စိုးသော ဘုရင်အချို့ ဖြစ်ပါသည်။

မင်းစောမွန်သည် အင်းဝဘုရင်မင်းခေါင်၏ သားတော် မင်းရဲကျော်စွာတိုက်သဖြင့် ဘင်္ဂလားသို့ ထွက်ပြေးရ သည်။ ဘင်္ဂလားတွင် ၂၂-နှစ်မျှ ခိုလှုံပြီးနောက် ဘင်္ဂလားမင်း၏ အကူအညီဖြင့် ထီးနန်းကို ပြန်လည်ရရှိပါ သည်။ မြောက်ဦးမြို့ကိုလည်း တည်ပါသည်။ ဘင်္ဂလားမင်းကို ကျေးဇူးတုံ့ပြန်သောအားဖြင့် သူ့နောက် ထီးနန်း ဆက်ခံမည့် ညီတော်နရနု (ခေါ်) မင်းခရီအား မင်းဖြစ်လျှင် မူဆလင်ဘွဲ့ကိုပါ ခံယူရန် မှာထားခဲ့ပါ သည်။ ထို့ကြောင့် မင်းခရီသည် “အလီမင်” ဟူသော မူဆလင်ဘွဲ့ကို ခံယူပါသည်။ ထိုအကြောင်းကို ရခိုင် ရာဇ၀င်များတွင် အတိအလင်း ဖော်ပြထားပါသည်။

မင်းခရီသည် မူဆလင်ဘွဲ့ကို ခံယူခဲ့သော်လည်း မူဆလင်ဘာ သာဝင်မဟုတ်၊ ဗုဒ္ဓဘာသာစစ်စစ် ဘုရင်တစ် ပါးဖြစ်သည်ကို အင်းဝဘုရင် နရပတိနှင့် အပြန်အလှန်ပေးပို့သော သ၀ဏ်လွှာများ၊ သံတွဲမိဖုရား စောယဉ် မိနှင့် အပြန်အလှန်ပေးပို့သော ရတုများအရ သိရပါသည်။ ထိုအလီခေါ် မင်းခရီသည် ထူပါရုံစေတီတော် ဒါယကာအင်းဝဘုရင်နရပတိနှင့် ဖိုးခေါင်တောင်တွင်တွေ့ဆုံ၍ မဟာမိတ်ဖွဲ့ကာ ပိုင်နက်နယ်နိမိတ် သတ်မှတ်ကြကြောင်းကိုလည်း မှန်နန်းရာဇ၀င်၊ တွင်းသင်းရာဇ၀င်စသော မြန်မာရာဇ၀င်ကျမ်း ကြီးများနှင့် ရခိုင်ရာဇ၀င်ကျမ်းကြီးများတွင် အထင်အရှားဖော်ပြထားပြီး ဖြစ်ပါသည်။ ဘုရင်နရပတိထံ ၀င်ရောက် ခိုလှုံသောမင်း မဟုတ်ပါ။

မင်းခရီ၏သားတော် ဘစောဖြူမှ မင်းခမောင်းထိ စဉ်ဆက်မပြတ် အုပ်စိုးလာခဲ့သော မြောက်ဦးခေတ်ဘုရင် ၁၂-ပါးလည်း ကုလားဘွဲ့ အသီးသီးခံခဲ့ကြပါသည်။ ကုလားဘွဲ့ခံကြသော်လည်း ရခိုင်ဘုရင်တို့သည် ဗုဒ္ဓဘာ သာဝင်သာသနာဒါယကာမျာသာ ဖြစ်ကြောင်းကို မြောက်ဦးမြို့တော်ဟောင်း၌ ယနေ့တိုင် ဖူးမြော်နိုင်သော ၎င်းမင်းတို့၏ ကောင်းမှုတော်စေတီပုထိုးတို့က မားမားမတ်မတ် သက်သေခံနေကြဆဲ ဖြစ်ပါသည်။

မြောက်ဦးခေတ် ရခိုင်ဘုရင်တို့ မူဆလင်ဘွဲ့ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားသမိုင်းကို နှံ့စပ်သူ၊ ရခိုင်ဒင်္ဂါး သုတေသီ ဖယ်ယာက ““ဆလိပ် (Slim) သို့မဟုတ် (Hussien) ဟူသော မဟာမေဒင်အမည်များ သည် ထိုကာလ၌ ရခိုင်ဗုဒ္ဓဘာသာဘုရင်များ စစ်တကောင်းထိ ပိုင်စိုးခဲ့ကြောင်း ရည်ညွှန်းထားသော မွေးစား စကားလုံးဖြစ်သည်”” ဟု ဆိုခဲ့ပါသည်။

ဖယ်ယာနည်းတူ တခြားနိုင်ငံသား သမိုင်းပညာရှင်များနှင့် ရခိုင်ရာဇ၀င်ကျမ်းပြုဆရာများကလည်း မူဆလင် ဘွဲ့ခံ ရခိုင်ဘုရင်များ ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ကြောင်း၊ ယခင်က ရခိုင်ဘုရင်တို့ ပိုင်စိုးခဲ့သော ဘင်္ဂါ (၁၂)မြို့ကို မင်းစောမွန်လက်ထက်တွင် ဘင်္ဂလားမင်းအား ကျေးဇူးတုံ့ပြန်သောသဘောဖြင့် ပေးအပ်လိုက်သော်လည်း နောက်ပိုင်းဘုရင်များလက်ထက်တွင် ပြန်လည်ရယူ စိုးမိုးနိုင်ခဲ့ကြောင်း တညီတညွတ်တည်း ဖော်ပြရေးသားကြသည်ကို တွေ့နိုင်ပါသည်။

ဤမျှဆိုလျှင် ရိုဟင်ဂျာ ဆိုသူများသည် မည်သူများဖြစ်ကြောင်း လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ခန့်က မယူဒေသ၌ မူဆလင်များနှင့် မူဆလင်မင်းဟူ၍ မရှိခဲ့ကြောင်းတို့ကို ဆရာကြီးတို့ နှင့်အတူ စာဖတ်သူများ ရှင်းရှင်းလင်းလင်း သိလောက်ပြီဟု ထင်ပါသည်။

မောင်ဗသိန်း

(၁၉၉၅၊ မတ်လ၊ ကလျာမဂ္ဂဇင်း) 


http://www.arakanfolks.com   မှကူးယူဖော်ပြပါသည်။

ဂီတလောက ၀လုံးအဆင့်ကို ကွဲစေချင်တဲ့သူ (သို့) ဦးစောနု

ဂီတနဲ့ပတ်သက်လို့ ငယ်စဉ်ကတည်းက ၀ါသနာပါ ထမင်းမေ့၊ ဟင်းမေ့ လေ့လာလိုက်စားခဲ့သူ၊ ပန်တျာကျောင်း တက်ရောက်တဲ့အခါ ရုရှားနိုင်ငံက ဂီတပညာသင်ဆု ခေါ်တဲ့အတွက် ရုရှားနိုင်ငံသို့ ပညာသင်ယူခဲ့ရသူ၊ ရုရှားနိုင်ငံမှ ပြန်လာပြီးချိန် အနှိမ်ခံဘ၀နဲ့ ဂီတအလုပ်တွေကို လုပ်ကိုင်ရတာကို မနှစ်မြို့လို့ ကိုယ်ပိုင်ဂီတသင်တန်းကျောင်းဖွင့်လှစ်ကာ ဂီတပညာတွေကို လက်ဆင့်ကမ်း သင်ကြားခဲ့ရာမှ သည် အဆိုတော် စည်သူလွင်နဲ့ တင်ဇာမော်တို့လို အောင်မြင်ကျော်ကြားတဲ့ မျိုးဆက်သစ်တွေကို မွေး ထုတ်ပေးနိုင်ခဲ့တဲ့ အသက် (၆၆)နှစ် အရွယ်ရှိ ဦးစောနု PID.IN.Music (U.S.S.R)နဲ့ တွေ့ဆုံကာ The Messenger Journal ရဲ့ "ဘ၀လည်ပြန်" ကဏ္ဍအတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။

ဦးစောနုနဲ့ တွေ့ဆုံရန်အတွက် ရန်ကုန်မြို့၊ မြေနီကုန်း စမ်းချောင်းမြို့နယ်၊ ဂမုန်းပွင့်ကုန်တိုက်အနီး၊ ဓမ္မာရုံ လမ်းရှိ အမှတ်(၃၈)၊ အေ၊ ခြောက်လွှာသို့ သွားရောက်ခဲ့ရာ သင်တန်းဖွင့်ထားလို့ အသံတွေ ဆူညံနေတဲ့ အတွက် စမ်းချောင်းမှာပဲရှိတဲ့ အေးဆေးတဲ့နေရာမှာ ဆုံတွေ့ဖြစ်ခဲ့ပါတယ်။ အသက်ခြောက်ဆယ်ကျော်ပြီ ဆိုပေမယ့် ဦးစောနုရဲ့ ပုံစံက လူငယ်တစ်ယောက်လိုပါပဲ။ ဂျင်းဘောင်းဘီကွာတား၊ တီရှပ်နက်ပြာရောင်၊ လျှာထိုးဦးထုပ်နဲ့ မျက်မှန်ကို တပ်ဆင်ထားပါတယ်။ လေလေးတချွန်ချွန်နဲ့ ရယ်မောပွင့်လင်းစွာ စကားပြော တဲ့အတွက် ဂီတာကို ဘယ်လောက်အထိ ၀ါသနာကြီးတယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။

လက်ရှိ ဂီတလောကနဲ့ ပတ်သက်လို့ ဦးစောနုက ထင်မြင်ချက်ကို ပြောတဲ့အခါမှာ ဂီတလောကရဲ့ အခြေ အနေဟာ ကကြီးအဆင့်ရောက်ဖို့မဆိုထားနဲ့ ၀လုံးတောင် မကွဲသေးဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပြပါ တယ်။ ရှေ့ဆက် ဂီတလောက ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အရင်အရည်အချင်းရှိတဲ့ မျိုးဆက်သစ်တွေ အများ ကြီးမွေးထုတ်ဖို့ လုအပ်နေသလို ပြည်တွင်းနဲ့ ပြည်ပက လာရောက်ဖွင့်လှစ်တဲ့ သင်တန်းကျောင်းတွေ ဖွင့်လှစ်မယ်ဆိုရင်တော့ အနစ်နာခံ ဖွင့်လှစ်သင်ကြားပေးသင့်တယ်လို့ သုံးသပ်ပြောပြပါတယ်။ ဦးစောနု အနေဖြင့် ဂီတနဲ့ဘ၀ကို ဘယ်လိုဖြစ်သန်းဖြစ်ခဲ့သလဲလို့ မေးမြန်းဖြစ်တဲ့အခါမှာတော့...

"ဆရာ့ကို ဘယ်ဒေသမှာ မွေးဖွားခဲ့တာလဲ၊ ငယ်စဉ်က မိသားစုဘ၀ ဖြတ်သန်းခဲ့ရပုံကို ပြောပါဦး"

"မွေးရပ်ဇာတိကတော့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ခရိုင်၊ မဒေးကျွန်းမှာ မွေးဖွားခဲ့တာပါ။ မိဘတွေရဲ့ အမည်ကတော့ ဦးတိုးနဲ့ ဒေါ်ကျော့စိန်ဦး ဖြစ်ပါတယ်။ မွေးချင်းမောင်နှမ ငါးယောက်ရှိတဲ့အထဲမှာ အငယ်ဆုံး သားဖြစ်တယ်။ မိဘတွေကတော့ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြတဲ့ တောင်သူလယ်သမားတွေပေါ့"

"ဂီတကို ဘယ်လိုအချိန်ကတည်းက ၀ါသနာပါခဲ့တာလဲ"

"ဂီတကို ငယ်ငယ် ကလေးဘ၀ ငါးနှစ်လောက်ကတည်းက ၀ါသနာပါခဲ့တာ၊ ရွာမှာက တစ်နှစ်ကို တစ်ခါ၊ နှစ် ခါလောက် ဇာတ်သွင်းပြီး ဇာတ်ပွဲတွေကျင်းပတယ်။ ဇာတ်ပွဲတွေ သွားကြည့်တဲ့အခါ အဲဒီမှာ တီးတဲ့ တီးလုံးတွေကို မှတ်သားလာခဲ့တယ်။ အဲဒီတီးလုံးကို တူရိယာတစ်ခုခုနဲ့ အရမ်းတီးချင်နေတယ်။ ကိုယ့်မှာက တီးစရာမရှိဘူး။ ရွာမှာရှိတဲ့ လူပျိုခေါင်းအိမ်မှာပဲ တီးဝိုင်းကထားတာ၊ အရမ်းတီးချင်နေတော့ ပွဲကပြန်လာပြီး တစ်ညလုံး အိပ်လို့တောင် မပျော်ဘူး။ အဲဒါနဲ့ မနက်အစောကြီးထပြီး လူပျိုခေါင်းအိမ်နဲ့ မနီးမဝေးမှာရှိတဲ့ ချုံပုတ်ထဲကနေ လူပျိုခေါင်းအိမ်က အထွက်ကို ချောင်းနေတာ"

"အဲဒီတော့ ဘာဆက်ဖြစ်လဲ"

"အဲဒီမှာ လူပျိုခေါင်းနဲ့ အဖွဲ့က အိမ်ကနေ ရွာထဲထွက်သွားတယ်။ အဲဒီမှာပဲ အနီးအနားမှာရှိတဲ့ တုတ်ချောင်းနှစ်ချောင်းကို ချိုးပြီးတော့ လူပျိုခေါင်းအိမ်ထဲ ၀မ်းသာအားရ ပြေးဝင်သွားပြီး ပတ္တလားကို တီးတော့တာပဲ။ ညက ဇာတ်ပွဲကြည့်တဲ့အချိန်က မှတ်ထားတဲ့ တီးလုံးတွေကို စမ်းတီးကြည့်တယ်။ တီးလို့ကောင်းလိုက်တာ။ အချိန်ဘယ်လောက်ကြသွားမှန်း မသိလိုက်ဘူး။ အဲဒီမှာ လူပျိုခေါင်းနဲ့ အဖွဲ့ ပြန်လာတာလည်းတွေ့ရော ကလေးဆိုတော့ ဆူမှာကြောက်လို့ ထွက်ပြေးတာ"

"ထွက်ပြေးတော့ လူပျိုခေါင်းက ဘာပြောလဲ"

"ကြောက်ကြောက်နဲ့ ထွက်ပြေးတော့ လူပျိုခေါင်းက ကောင်လေး မပြေးနဲ့၊ မပြေးနဲ့ဆိုပြီး တားတယ်။ မင်းကို ဘာမှ မပြောပါဘူး။ ခုနက တီးလုံးတီးနေတာ မင်းလား၊ ပြန်တီးပြဦးကွာ၊ တီးပြီးရင် မုန့်ကျွေးမယ် လို့ ပြောတော့ ပြန်တီးပြလိုက်တယ်။ ပြီးတော့ လူပျိုခေါင်းက သူတို့ဝယ်လာတဲ့ မုန့်ဆီကြော်ကို ကျွေးတယ်။ ၀မ်းသာလိုက်တာ။ အဲဒီကတည်းက ဂီတကို အရမ်းဝါသနာပါခဲ့တာ"

ဒီလိုမျိုး အဖြစ်အပျက် တစ်ခုဖြစ်ပွားပြီးနောက် လူပျိုခေါင်းနဲ့ အခြားသူတွေရဲ့ ဆွေးနွေးမှုအရ နောက်ပိုင်းမှာ အခြားနယ်ဒေသက ဆိုင်းဆရာတစ်ယောက်ကို ခေါ်၍ ရွာမှာရှိတဲ့ ဂီတ၀ါသနာပါသူတွေကို စုစည်းကာ ဂီတ ပညာသင်ကြားစေတဲ့အခါမှာတော့ ဦးစောနုအပါအ၀င် ဂီတပညာသင်ယူခွင့်ရခဲ့တယ်လို့ အတိတ်ကိုစဉ်းစားဟန်ဖြင့် ပြောပြပြန်ပါတယ်။

"အဲဒီတုန်းက ဆိုင်းဆရာကြီး ဦးညိုမြဆိုတဲ့သူကို ရွာမှာဖိတ်ပြီး ဆိုင်းပညာ သင်ကြားစေခဲ့တယ်။ ဆရာ ဦးညိုမြကတော့ လက်ဦးဆရာဖြစ်ပါတယ်။ ရွာမှာရှိတဲ့ ဂီတ၀ါသနာပါသူ လေးငါးခြောက်ယောက် စုပြီး တစ်နေ့ နှစ်နာရီလောက် သင်ယူရတယ်။ ၀ါသနာ အရမ်းပြင်းထန်နေလို့လား မသိဘူး၊ တစ်နေ့ နှစ် နာရီလောက် သင်ယူတီးခတ်ရတာကို အားမရဘူးဖြစ်နေတယ်။ တစ်ခါတစ်ရံမှာ ဆရာဦးညိုမြက ငေးငေး ငိုင်ငိုင် ဖြစ်နေတတ်လို့ ဆရာ ဘာဖြစ်လို့လဲ၊ မိသားစုကို လွမ်းလို့လား၊ ဒါမှမဟုတ် ချစ်သူရည်းစားကို သတိရလို့လားလို့ မေးတဲ့အခါ ဆရာက မဟုတ်ပါဘူးလို့ ပြောတယ်။ အဲဒီအခါမှာ ကျွန်တော့်မှာ အစ်မ တစ်ယောက် ရှိတယ်။ ဆရာကြိုက်ရင် ပြောပေးမယ်ဆိုတော့ ဆရာက ရှက်ပြုံးပြုံးပြီး မလုပ်ပါနဲ့ကွာ လို့ ပြောတယ်။ ဒါနဲ့ ဆရာလိုက်ကြည့်ပါဦး။ ထမင်းဖတ်ကျွေးမယ်။ အဲဒီကျမှ ဆရာကြိုက်ရင် ကြိုက် တယ်ပြောလို့ ပြောလိုက်တယ်" (ရယ်လျက်ပြော)

"အဲဒီတော့ ဆရာဦးညိုမြက ထမင်းလိုက်စားဖြစ်လား"

"ဆရာ့ကို ထမင်းဖိတ်ကျွေးဖြစ်တာပေါ့။ အစ်မကို အိမ်မှာ ကြက်သားဟင်း ချက်ခိုင်းထားတယ်။ ပြီးတော့ ဆရာ့ကိုခေါ်ပြီး အိမ်ကိုသွားတယ်။ အိမ်ရောက်တော့ အစ်မကလည်း ထမင်းဟင်း ခူးခပ်ကျွေးမွေးတာပေါ့။ ထမင်းစားသောက်ပြီး ပြန်တဲ့အခါမှာ ဘယ်လိုလဲ အစ်မကို သဘောကျရဲ့လားလို့ ဆရာ့ကိုမေးတော့ ဆရာက ရှက်ပြုံးကြီး ပြုံးနေတယ်။ ပြောမထွက်ဘူး၊ ပွင့်ပွင့်လင်းလင်း ပြောပါဆိုတော့မှ ဆရာက ခေါင်းညိတ်ပြတယ်။ ဒါဆိုရင် ကျွန်တော် အစ်မကိုချစ်တယ်ဆိုတာ စာရေး၊ ကျွန်တော် ပေးပေးမယ်ဆိုပြီး အောင်သွယ်ပေးလိုက် တာ၊ အတိုချုံးပြောရရင် မေတ္တာမျှပြီး အိမ်ထောင်ပြုဖြစ်သွားတယ် ဆိုပါတော့"

ဆရာဖြစ်သူနဲ့ အစ်မဖြစ်သူကို အောင်သွယ်ပေးခဲ့လို့ အိမ်ထောင်ကျတဲ့အခါမှာ ဆရာဖြစ်သူက ဦးစောနုရဲ့ အိမ်မှာ လိုက်နေတဲ့အတွက် ဂီတပညာတွေကို အချိန်ရသရွေ့ မေးမြန်းလေ့လာလိုက်စားခဲ့လို့ ဆရာဖြစ်သူက မင်းအစ်မကို ယူမိတာ မှားပြီထင်တယ်ဆိုပြီး ခပ်နောက်နောက်နဲ့ ပြောတတ်တယ်လို့ ဦးစောနုက ရယ် ရယ်မောမော ပြောပြနေပါတယ်။

"အစ်မနဲ့ ဆရာ အိမ်ထောင်ကျတော့ ဆရာက အိမ်မှာလာနေတယ်။ အဲဒီမှာ ကိုယ်သိချင်တဲ့ ဂီတ ပညာရပ်တွေကို အားရပါးရ မေးမြန်းသင်ယူတော့တာပဲ။ အဲဒီမှာ ဆရာကနောက်သလိုနဲ့ မင်းအစ်မကို ယူမိတာမှားပြီထင်တယ်ဆိုပြီး ပြောတယ်။ အဲဒီလိုနဲ့ လေးငါးခြောက်လလောက် ဂီတပညာတွေကို သင်ယူပြီးတဲ့အခါမှာ ရွာနီးချုပ်စပ်က အလှူပွဲတွေမှာ လိုက်တီးဖြစ်တယ်။ တစ်ခါကဆိုရင် အလှူပွဲကြီး တစ်ခုမှာ သွားတီးတာ ဆုငွေ ငါးရာ ချီးမြှင့်ခံရတယ်။ အဲဒီတုန်းက မုန့်ဝယ်စားရင် ငါးပြား၊ ဆယ်ပြားဆိုရင် ဗိုက်ဝတဲ့ခေတ်၊ ငယ်ငယ်လေးနဲ့ ပိုက်ဆံတွေ ဒီလောက်အများကြီးရတော့ ဘယ်လို သုံးရမှန်းတောင် မသိဘူး။ အဲဒါနဲ့ သုံးမတ်ပဲ ပေးရတဲ့ မြင်းခေါင်းစွပ်ကျယ်တစ်ထည်ဝယ်ပြီး ပိုတဲ့ငွေတွေ အမေ့ကိုပေးခဲ့တယ်။ ရွာပြန်ရောက်တော့လည်း တီးလိုက်မှုတ်လိုက် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေလိုက်နဲ့ ဘ၀ကိုဖြတ် သန်းခဲ့တာပဲ"

"ရွာမှာ သူငယ်ချင်းတွေနဲ့ မှတ်မှတ်ရရ ရှိခဲ့တာလေးတွေ ရှိရင် ပြောပြပါဦး"

"ရွာမှာကတော့ ရွာဓလေ့ထုံးစံအတိုင်း လူငယ်သဘာဝ ပျော်ပျော်ပါးပါး နေကြတယ်။ ခြံတွေထဲက အသီး အရွက်တွေခူး၊ ခရမ်းသီးတွေခူးတယ်။ ကြက်သားနဲ့ ခရမ်းသီးကို ငရုတ်သီးစပ်စပ်နဲ့ ချက်စားကြ တာတွေက မေ့လို့ မရပါဘူး။ အရမ်းပျော်စရာ ကောင်းပါတယ်။ သူငယ်ချင်းတွေအပေါ် သနားတတ်တဲ့ စိတ်ကရှိတယ်။ သူငယ်ချင်းတစ်ယောက် ကစားစရာမရှိဘူး၊ ၀တ်စရာမရှိဘူးလို့ ပြောတာနဲ့ ၀တ်ထားတဲ့ အင်္ကျီကို ချွတ်ပေးလို့ အိမ်ကသိတော့ အရိုက်ခံရတာ ခဏခဏပဲ"

ငယ်ငယ်ရွယ်ရွယ်နဲ့ ဂီတအလုပ်တွေကို လုပ်ကိုင်ဖြတ်သန်းနေတဲ့အချိန် ရွာမှာတော့ တစ်နှစ်ကိုတစ် ကြိမ်၊ နှစ်ကြိမ်လောက် ဇာတ်ပွဲတွေ သွင်းကာ ဖျော်ဖြေစေပါတယ်။ အဲဒီအခါမှာ ဂီတ၀ါသနာအရ ဇာတ်ပွဲကို သွားရောက်ကြည့်ရှုကာ တီးလုံးသံစဉ်တွေကို နားထောင်မှတ်သားထားတယ်လို့ ဦးစောနုက ပြောပြန် ပါတယ်။

"ဇာတ်အဖွဲ့တွေ လာရောက်ဖျော်ဖြေတဲ့အခါ သူတို့တီးလုံးတွေကို ပထမတစ်ညပဲ မှတ်ထားလိုက်တာ အကုန်မှတ်မိနေတယ်။ နောက်တစ်နေ့ဆိုရင် တီးဝိုင်းဆရာ လွတ်တဲ့နေရာမှာ ၀င်တီးတာ တီးလို့ရတယ်။ အဲဒီမှာ ပြဇာတ်မင်းသမီးတွေက မုန့်တွေလိုက်ကျွေးတယ်။ အဲဒါပြီးလို့ ဇာတ်အဖွဲ့ကြီး ပြန်သွားပြီဆိုရင်တော့ ရင်ထဲမှာ ဟာပြီး ကျန်နေခဲ့တယ်။ သစ်ရွက်ကြွေနေတဲ့ ပျင်းခြောက်ခြောက် ရာသီဥတုလိုနဲ့ ရည်းစားနဲ့ ကွဲနေသလိုမျိုး ရင်ထဲမှာ ဟာတာတာကြီး ဖြစ်နေတော့တယ်။ ကိုယ်က အမြဲတမ်း သီဆိုတီးမှုတ်ချင်တဲ့သူ ဆိုတော့ ရွာမှာဇာတ်ထောင်မယ်ဆိုပြီး ဇာတ်အဖွဲ့ထောင်ဖြစ်တယ်။ တီးဖို့အတွက် ဗုံတွေလုပ်တဲ့အခါမှာ ၀ါးပိုးဝါးတွေ အရွယ်မျိုးစုံခုတ်ပြီး လုပ်တယ်။ ဗုံကိုကျပ်စည်းဖို့အတွက် သူငယ်ချင်းတွေကို အိမ်ကနေ အ၀တ်တွေ လူကြီးမသိအောင် ယူလာခိုင်းတယ်။ အဲဒီကစပြီး တီးဝိုင်းနဲ့ ဇာတ်အဖွဲ့ ဖြစ်အောင်လုပ်ဖြစ် ခဲ့တယ်"

"ရွာမှာ ဇာတ်ထောင်ဖြစ်တဲ့ အတွေ့အကြုံတွေကို ပြောပါဦး"

"ဇာတ်စထောင်မယ်လို့ ဆုံးဖြတ်ပြီးတော့ ကိုယ့်ထက်ငယ်တဲ့သူလည်းပါတယ်၊ ကိုယ့်ထက်နည်းနည်း အသက်ကြီးတဲ့သူတွေလည်းပါတယ်။ အများအားဖြင့် ဆယ်ကျော်သက် ပတ်ဝန်းကျင် အရွယ်တွေ စုလုပ်ကြတာ။ ဇာတ်ထောင်တော့ တီးဖို့အတွက် သစ်သားဗုံမ၀ယ်နိုင်ဘူး။ အဲဒါကြောင့် ဗုံတွေ လုပ်ခဲ့ကြတယ်"

"ဗုံတွေ ဘယ်လိုလုပ်ကြတာလဲ"

"၀ါးပိုးဝါး အကြီးကြီးတွေကို ခုတ်ရတယ်။ အဲဒါတွေကို ရက်ပြီး ဗုံပုံစံအရွယ်အစားအမျိုးမျိုး လုပ်ရတယ်။ ရွံ့တွေနဲ့ ခံရတယ်။ ပြီးရင် အ၀တ်အဟောင်းတွေကို ပတ်ပြီး ကျပ်စည်းရတယ်။ ဇာတ်အဖွဲ့ထဲမှာ ပါတဲ့သူတွေ ကို အိမ်ကနေ အ၀တ်အစားဟောင်းတွေ ယူလာခိုင်းတယ်။ ဗုံလုပ်တာကတော့ ရွာထဲက ကိုယ်နဲ့ခင်တဲ့ လူကြီးတွေကို လုပ်ခိုင်းရတာပေါ့။ ကိုယ်တွေကတော့ ဘေးနားကနေ ၀ိုင်းကူလုပ်ပေးကြတယ်။ အရမ်းပျော်စ ရာကောင်းတာပဲ"

"ဇာတ်ထောင်ပြီးတော့ ဘယ်လိုတွေ ဖျော်ဖြေကြလဲ"

"ဇာတ်ထောင်ပြီးတော့ တီးနေခတ်နေရတာကို ပျော်နေတော့တာပဲ။ ထမင်းမေ့ ဟင်းမေ့နဲ့ပေါ့။ ထမင်းစား ချိန်ရောက်လို့ အိမ်ကလာခေါ်မှ ထမင်းစားဖို့ သတိရကာ ဇာတ်အဖွဲ့ကို အနီးအနားရွာကလာငှားရင် ညကြေးငွေ ၅၀ ယူတယ်။ အဝေးရွာက လာငှားရင် ၇၀ ကျပ်ယူတယ်။ ဆုကြေးနဲ့ ဘာနဲ့ဆိုရင် ၉၀၊ ၁၀၀ လောက်ရတယ်။ ဇာတ်အဖွဲ့ သူတွေကိုတော့ သူတို့နဲ့ ထိုက်သင့်တဲ့ ညကြေးပေးတယ်"

"အဲဒီအချိန်က ဇာတ်အဖွဲ့မှာ ပါတဲ့သူတစ်ယောက်ကို ညကြေးဘယ်လောက်ပေးရလဲ"

"ဇာတ်အဖွဲ့မှာပါတဲ့ သူတွေကိုတော့ သူတို့ရဲ့ အရည်အချင်းအလိုက် သင့်တော်သလို ညကြေးပေးရတယ်။ တစ်ညအတွက် ၅ ကျပ်၊ ၃ ကျပ်၊ ၁ ကျပ် အစားအစား ပေးရတယ်။ အဲဒီခေတ်က ရွှေတစ်ကျပ်သား ၁၀၀ ကျပ်ပဲ ရှိတဲ့ခေတ်။ မနု့်ဖိုးတောင်မှ ၅ ပြား၊ ၁၀ ပြား ရတဲ့အချိန်၊ တစ်ကျပ်ရတဲ့လူဆိုရင် သုံးလို့တောင် မကုန်ဘူး။ ဘုန်းကြီးပျံပွဲတို့၊ ပွဲကြီးပွဲကောင်းတို့က လာငှားတဲ့အခါမျိုးဆိုရင် ညကြေး ၅ ကျပ်ကနေ ၇ ကျပ်အထိ ပေးတယ်။ အဲဒီတော့ အဖွဲ့သားတွေက ကုတ်နဲ့ကော်ထုတ်တောင် ဇာတ်အဖွဲ့ကနေ မထွက် ကြတော့ဘူး။ အားလုံးက ပျော်နေကြတာ။ တစ်ညမှာတော့ ဇာတ်ကနေရင်း မီးလောင်ခဲ့သေးတယ်"

"ဘာဖြစ်လို့ မီးလောင်တာလဲ၊ ဘာတွေဖြစ်သွားသေးလဲ"

"ဇာတ်ကတဲ့အခါ ရွာမှာက လျှပ်စစ်မီးမရှိဘူးလေ၊ အဲဒီတော့ နို့မှုန့်ဗူးကြီးတွေကို မီးစာထွက်ပေါက်နဲ့ မီးခွက်ပုံစံလုပ်ထားတဲ့ မီးခွက်ကြီးတွေကို ဇာတ်စင်ထောင့်တွေမှာ ထွန်းပြီး ကကြရတာ။ မီးလောင်တဲ့ညက လူရွင်တော်က ပျက်လုံးထုတ်နေရင်း တစ်ယောက်နဲ့တစ်ယောက် တွန်းမိတဲ့အခါမှာ ရေနံဆီမီးခွက်ကို တိုက်မိပြီး ဇာတ်စင်တစ်ခုလုံး မီးလောင်သွားတယ်။ ဘာတစ်ခုမှ ပြန်မရဘူး။ အကုန်ပျက်စီးသွားတယ်။ ပြီးမှ မြို့တက်ပြီး အကုန်ပြန်ဝယ်ရတာ"

ပွဲလာငှားတဲ့အချိန် သွားရောက်ဖျော်ဖြေလိုက်၊ ပွဲမရှိတဲ့အချိန် လေ့ကျင့်တီးခတ်လိုက်ဖြင့် ဘ၀ကို နေ ထိုင်ဖြတ်သန်းရင်း အသက် ၁၅ နှစ်အရွယ်ကို ရောက်ရှိလာပါတယ်။ အဲဒီအချိန်မှာပဲ ရန်ကုန်မှာရှိတဲ့ အစ်ကိုဖြစ်သူ ရွာကို ရောက်လာပါတယ်။ အဲဒီမှာပဲ အစ်ကို ဦးပဉ္ဇင်းနဲ့အတူ ရန်ကုန်တက်ဖို့ အကြောင်းဖန်လာတယ်လို့ ဦးစောနုက ပြောပြပြန်ပါတယ်။

"အစ်ကိုဘုန်းကြီးက ရွာကို ကြွလာတယ်။ အဲဒီမှာပဲ ရန်ကုန်ရောညက်ဖို့ အကြောင်းဖန်လာတယ်။ ဦးပဉ္ဇင်းက ရွာမှာ တစ်နှစ်သီတင်းသုံးပြီးတဲ့အခါ ရန်ကုန်ကို ပြန်ကြွတယ်။ ကိုယ်လည်း သင်္ကန်းဝတ်ပြီး ဦးဇင်းနဲ့အတူ ရန်ကုန်ကို ကြွလာကြတယ်"

"ရန်ကုန်ရောက်တော့ ကျွန်းတောလမ်း၊ ဘီလင်းတိုက်မှာ ဦးလေးတော်စပ်သူ ဗာရာဏသီပြန် ဘုန်းကြီး တစ်ပါးရှိတယ်။ ဘုန်းဘုန်းက ရွှေပန်းထိမ်ပညာ သင်ခိုင်းတယ်။ ကိုယ်က မသင်ချင်ဘူး။ အဲဒီအလုပ်ကို ၀ါသနာမပါလို့လား မသိဘူး။ စိတ်မရှည်ဘူးဖြစ်နေတယ်။ အဲဒါနဲ့ တပည့်တော် ပန်တျာကျောင်းပဲ တက်ချင်တယ်လို့ပြောတော့ ဘုန်းဘုန်းက မင်းက ဖက်ခွက်စားအလုပ် လုပ်ချင်တာပဲလို့ မိန့်တယ်"

"အဲဒီတော့ ဘာဆက်ဖြစ်လဲ"

"ဖက်ခွက်စားမကလို့ ဘာခွက်နဲ့ပဲ စားရစားရ ပန်တျာကျောင်းပဲ တက်ချင်တယ်လို့ ပြောတာနဲ့ ပန်တျာကျောင်းတက်ဖို့ အင်တာဗျူးသွားဖြေခဲ့တယ်။ ကိုယ်ဝါသနာပါတာက စစ်တိုက်ဖို့နဲ့ အနုပညာပဲ။ စစ်တပ်ထဲတော့ အထက်တန်းမအောင်ဘဲ မ၀င်ချင်ဘူး။ ပန်တျာကျောင်းတက်ရင်း အတန်းစာမေးပွဲအောင် ရင် စစ်ထဲဝင်မယ်၊ ဗိုလ်သင်တန်းလျှောက်မယ်လို့ စိတ်ကူးထားတယ်။ အဲဒီလိုနဲ့ ပန်တျာကျောင်း တက်နေ ရင်း နိုင်ငံခြားက ပညာသင်ဆုခေါ်တာနဲ့ ကြုံရတယ်"

"ဘယ်နိုင်ငံက ခေါ်တာလဲ၊ ဘာအတွက်ခေါ်တာလဲ"

"ပန်တျာကျောင်းတက်နေရတဲ့အချိန်က အစ်ကိုဖြစ်သူ ဦးပဉ္ဇင်းက သတင်းစာမှာ ရုရှနိုင်ငံက ပညာတော် သင် ခေါ်တာတွေ့တယ်။ လျှောက်ပါလားလို့ မိန့်တယ်။ ကိုယ်က ဖြစ်ပါ့မလား။ ဒီမှာက ပလာစတာအကပ် မရှိရင် မလွယ်လူးလို့ပြောတော့ ဦးပဉ္ဇင်းက ကုသိုလ်ထဲမှာ ပလာစတာတွေ ဘာတွေမရှိဘူး၊ ကံပါလာ ရင် ဖြစ်မယ်လို့ မိန့်တာနဲ့ လျှောက်လွှာရေးပြီး လျှောက်ဖြစ်တယ်။ အင်တာဗျူးဖြေခွင့် ရခဲ့တယ်။ ရုရှားက ပရော်ဖက်ဆာကျောင်းအုပ်ကြီးကိုယ်တိုင် လာစစ်တာ အောင်သွားတယ်"

"ရုရှားက ပရော်ဖက်ဆာ ကျောင်းအုပ်ကြီးကိုယ်တိုင် လာစစ်တော့ စိတ်မလှုပ်ရှားမိဘူးလား၊ အောင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်ရော မဖြစ်မိဘူးလား"

"အစကတည်းက ဒီလမ်းကြောင်းဟာ ကိုယ့်လမ်းကြောင်းပဲ၊ အင်တာဗျူးကို အောင်ရမယ်လို့ ယုံကြည်နေ တယ်။ ယုံကြည်မှုနဲ့ အင်တာဗျူးဝင်ခဲ့တာဆိုတော့ ဘာမှ စိတ်မလှုပ်ရှားမိဘူး။ မေးသမျှ အကုန်ဖြေနိုင် တယ်။ အောင်မယ်ဆိုတာ စိတ်ထဲက ယုံကြည်နေလို့ အထက်တန်းစာမေးပွဲဖြေဖို့ သုံးလလောက်ပဲ လိုတော့ပေမယ့် ညကျောင်းတောင် သွားမတက်တော့ဘူး။ ယုံကြည်ထားတဲ့အတိုင်းပဲ ရုရှက ပညာတော် သင်ခေါ်စာ ရောက်လာတယ်။ အဲဒါနဲ့ ရုရှနိုင်ငံကို သွားခဲ့ရတယ်"

"ရုရှကို ဘယ်အချိန်မှာ သွားဖြစ်တာလဲ"

"၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ရုရှနိုင်ငံကို သွားဖြစ်ခဲ့တယ်။ အဲဒီအချိန်က ဒီဇင်ဘာဆိုတော့ အရမ်းအေးတဲ့ အချိန်ကြီး၊ ရုရှနိုင်ငံရောက်တော့ အရမ်းအေးနေတာ ရေခဲမှတ်အောက် ၄၅ ဒီဂရီလောက် ဆင်းနေတယ်။ ဘယ်လိုတိုင်းပြည်ရောက်လာသလဲ မသိဘူး။ အရမ်းအေးတာပဲ၊ သေမလောက်အောင်အေးလို့ မှားများ မှားပြီလားလို့တောင် တွေးမိသေးတယ်။ လေယာဉ်ပေါ်က ဆင်းပြီးတော့ အအေးတောထဲဖြတ်ပြီး ဘတ်စ်ကားပေါ်တက်ရတယ်။ နေရမယ့် ဟိုတယ်ကို ပို့ပေးတယ်"

"ရုရှားနိုင်ငံရောက်တဲ့အခါ ဟိုတယ်မှာထားတယ်ဆိုတော့ အဲဒီမှာ နေရတာ ဘယ်လိုအခြေအနေရှိလဲ"

"သူတို့က ပထမဆုံး ဟိုတယ်မှာပို့ထားတယ်။ နေရတာကတော့ အခက်အခဲမရှိပါဘူး။ သူတို့ဘာသာ စကားမတတ်လို့ ပြောဆိုဆက်ဆံရေးအတွက် နည်းနည်းအခက်အခဲ ဖြစ်တယ်။ ဟိုတယ်အပြင်ဘက် သွားလို့ မရဘူး။ ဗိုက်ဆာတဲ့အခါ ဗိုက်ကိုလက်နဲ့ ပုတ်ပြပြီး အမူအယာနဲ့ စားစရာမှာရတယ်။ ဟိုတယ်မှာ ၃ လလောက်နေပြီးမှ ကိုယ်တက်ရမယ့် ကျောင်းဆောင်ကို ပြောင်းရတယ်"

"အဲဒီမှာ အနုပညာကျောင်းတက်တော့ ဘယ်လိုပုံစံမျိုးနဲ့ တက်ရတာလဲ"

"ကျောင်းနဲ့ အနီးအနားမျာရှိတဲ့ ကျောင်းဆောင်မှာ ပြောင်းပြီး နေရတယ်။ ပရီသဘောမျိုးနဲ့ အကြို ၂ နှစ်နေရ တယ်။ ပြီးတော့ စာမေးပွဲဖြေရတယ်။ စာမေးပွဲဖြေတဲ့အခါ အမှတ် အပြည့်ရတဲ့သူက အဲဒီနိုင်ငံက အနုပညာ တက္ကသိုလ်မှာ ဆက်တက်ခွင့်ရမယ်။ အမှတ်အပြည့် မရတဲ့သူက အနုပညာကောလိပ် သွားရတယ်"

"ဒါဆိုရင် ဆရာဦးစောနုအနေနဲ့ စာမေးပွဲဖြေတဲ့အခါ ဘယ်လို အခြေအနေရှိလဲ"

"အကြို ၂ နှစ်တက်ပြီး စာမေးပွဲဖြေတော့ အမှတ်အများဆုံးနဲ့ အောင်မြင်တယ်။ ကိုယ်နဲ့အတူ တက်တဲ့ သူတွေက အမှတ်အပြည့်မရလို့ ကောလိပ်သွားရတယ်။ ကိုယ်က တက္ကသိုလ်ဆက်တက်ခွင့်ရမယ်။ ဒါပေမယ့်လည်း အရင်ရောက်နေတဲ့သူတစ်ယောက်က ၀င်နှောင့်လို့ အမှတ်အပြည့်ရရဲ့သားနဲ့ တက္ကသိုလ် မတက်လိုက်ရဘူး"

"ဘယ်လို ၀င်နှောင့်လို့လဲ ခင်ဗျာ"

"ကိုယ်က စာမေးပွဲမှာ အမှတ်အပြည့်ရလို့ တက္ကသိုလ်တက်ရမယ့်အချိန်မှာ အဲဒီမှာ အရင်ရောက်နေတဲ့ ရုရှားစကားတတ်တဲ့သူက အမှတ်အပြည့်ရတဲ့ကောင်လေးက သူတစ်ယောက်ထဲ တက္ကသိုလ်သွားတက်ရင် အဆင်ပြေမှာ မဟုတ်ဘူး။ သူနဲ့အတူတူနေတဲ့ သူငယ်ချင်းတွေနဲ့ ကောလိပ်သွားတက်ခိုင်းရင် အဆင်ပြေ မယ်လို့ပြောတာနဲ့ ကျောင်းအုပ်ကြီးက နားယောင်ပြီး ကိုယ့်ကို ကောလိပ်ပို့လိုက်တယ်။ စိတ်ထဲ မှာ တော်တော်လေး ခံစားသွားရတယ်။ ကိုယ့်ဘ၀တစ်ခုလုံးကို ဘ၀တစ်ဆစ်ချိုး ပြောင်းလဲလိုက်တာပေါ့။ အဲဒီလူကို ဒီနေ့အထိ စိတ်ထဲမှာ မေ့လို့ မရဘူး။ အရမ်းနာကြည်းတယ်"

အနုပညာတက္ကသိုလ် တက်ရောက်ရန် အခွင့်အရေး ရရှိပေမယ့် တက်ရောက်ခွင့် မရှိခဲ့တဲ့အတွက် မာစတာအော့ဖ်မြူဇစ်ဘွဲ့ မရခဲ့ဘဲ ဘက်ချလာအော့ဖ်မြူးဇစ်ရဖို့အတွက် လေးနှစ်ကျောင်းတက် ကာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ ဦးစောနုက ပြောပြပြန်ပါတယ်။

"မြန်မာနိုင်ငံကို ရောက်တော့ အနုပညာနဲ့ ပတ်သက်လို့ ဘာတွေ စလှုပ်ရှားလဲ"

"ဘာတွေ စလှုပ်ရှားလဲမေးတာထက်စာရင် ဘာတွေစခံရလဲလို့မေးရင် ပိုကောင်းမယ်"

"ဘာဖြစ်လို့လဲ၊ ဘယ်လို ကြုံတွေ့ရလို့လဲ"

"မြန်မာနိုင်ငံရောက်တော့ အရင်ဂျူဗလီဟေနေရာ အခုစစ်သမိုင်းပြတိုက်မှူး နေ့စားအလုပ်ဆင်းရတယ်။ ရုရှားပြန်လာတဲ့သူတွေ စုပေါင်းလေ့ကျင့်တဲ့နေရာပေါ့။ သံစုံတီးဝိုင်းတွေ လုပ်ကြတယ်။ ရုရှားပြန်တွေ ဆိုပြီး နှိမ်ထားတာတွေ ရှိခဲ့တယ်။ ဟယ်လပင်လမ်းက ပြည်ထောင်စုရိပ်သာထဲမှာ နေရတယ်။ ရုရှားပြန်တွေကို ဘယ်လိုနှိမ်ရမလဲ၊ ဒါပဲကြည့်နေကြတာ"

"ဘယ်လိုနှိမ်လို့လဲ ခင်ဗျာ"

"ရုရှားက ပြန်ရောက်ရောက်ချင်း ပွဲတွေဘာတွေ လုပ်သေးတယ်။ လူရွေးပြီးခေါ်တာမှာ အနောက်တိုင်း ဂီတဆရာ ခေါ်တယ်ပေါ့။ အဲဒီမှာ ပွဲလုပ်လို့ တီးကြ၊ မှုတ်ကြပြီဆိုရင် တီးဝိုင်းခေါင်းဆောင် လုပ်တဲ့ လူကြီး အော်ဂင်တစ်လုံးနဲ့ ရက်သမ်ဘောက်ဖွင့်ပြီး သီချင်းဆိုတယ်။ သူသီချင်းဆိုလို့ ရပ်သွားတဲ့အခါမှာ ပီတုန်းလေးပျံတဲ့ သရုပ်ဖော်တီးလုံးဖြစ်တဲ့ ရယ်ဒီ... ရယ်ဒီ... ရယ်ဒီနဲ့ တစ်လုံးနှစ်လုံးပဲ တီးမှုတ်ကြရတယ်။ ပြီးတဲ့အခါ ကိုယ့်တူရိယာပစ္စည်း ကိုယ်ပိုက်ပြီး နေကြရတယ်။ အဲဒီအခါမှ ပရိသတ်က ရုရှားပြန်တွေလုပ်ပြီး ဘာမှလည်း မတတ်ဘူး၊ အလကားပါကွာ ထင်သွားတယ်။ ပညာရပ်နဲ့ ပတ်သက်ပြီး အဲဒီလို အနှိမ်ခံခဲ့ကြ ရတာ"

"နောက်ပိုင်း ဘာတွေ ဆက်ဖြစ်သေးလဲ"

"နောက်ပိုင်းမှာတော့ ဟယ်လပင်လမ်းမှာရှိတဲ့ ပြည်ထောင်စုရိပ်သာမှာ နေရတယ်။ ဂိုထောင်ထဲမှာ နေရ တယ်။ ပူတာမှ အရမ်းပဲ။ အင်္ကျီချွတ်နေကြရတယ်။ အဲဒီမှာလည်း အလုပ်က မယ်မယ်ရရ မရှိဘူး။ ယောင် ချာချာပဲ နေရတယ်။ အဲဒီမှာနေတုန်းက လုပ်ငန်းအခြေအနေနဲ့ ပတ်သက်ပြီး တီးဝိုင်းဖွဲ့ပေးဖို့ တာဝန်ရှိသူ တစ်ယောက်ကို အကြံပေးဖူးတယ်။ နိုင်ငံခြား ဧည့်သည်တော်တွေလာရင် တီးမယ်ပေါ့။ ပြီးရင် ရုပ်ရှင်နောက်ခံတီးလုံးတွေတီးရင် အဖွဲ့လည်း ၀င်ငွေရမယ်လို့ တင်ပြတာကို တာဝန်ရှိသူက လက်မခံခဲ့ဘူး"

ဂိုထောင်ထဲမှာ အိပ်လိုက် စားလိုက်နဲ့ နေရသလို အလုပ်ကလည်း ယောင်ချာချာ အခြေအနေဖြင့်သာ ကိုးနှစ်ခန့် လုပ်ကိုင်ပြီးတဲ့အခါမှာတော့ စိတ်ဓါတ်ကျဆင်းလာခဲ့တယ်လို့ ပြောပြပြန်ပါတယ်။

"အဲဒီလိုမျိုးတွေ စိတ်ဓါတ်ကျဆင်းလာတော့ စိတ်ထဲမှာ ဘယ်လိုခံစားရလဲ"

"သြော် ငါတို့ရဲ့ ဆရာတွေက အဲဒီလိုမျိုး အညွန့်ချိုးလိုက်တဲ့ ပညာကို မသင်ပေးလိုက်ပါလားလို့ တွေးမိတယ်။ အဲဒီတုန်းက ခံစားချက်နဲ့ ဆောင်းပါးတွေရေးပြီး မဂ္ဂဇင်းတိုက်ကို သွားပို့တယ်။ ဦးစောနုဆိုတဲ့ နာမည်မရ ခင်က ဆောင်းပါးတွေရေးတာ မယူသေးပါဘူးနဲ့ ငြင်းကြတာမျိုးတွေရှိတယ်။ ဟင်းရွက်ကန်စွန်းရောင်းနေ တာများ မှတ်နေလားမသိဘူး။ အဲဒီတုန်းက ဂီတနဲ့ ပတ်သက်ပြီး ဝေဖန်ရေးဆောင်းပါးတွေ ရေးတာ၊ အမှန်တရားကို ပြောရင်း၊ ရေးရင်း၊ လူတွေက လက်မခံချင်ကြသလို အချို့အယ်ဒီတာတွေလည်း အမှန်တရားကို ပြောတာမျိုးဆိုရင် လက်မခံချင်ကြဘူး။ အဲဒီတော့ ကျဆုံးဖို့ပဲရှိတယ်။ အောင်မြင်ဖို့ ဆိုတာ ဝေလာဝေးပဲ။ နားလည်တဲ့ မဂ္ဂဇင်းတိုက်တွေကတော့ လက်ခံပါတယ်။ ၀လုံးအဆင့်ပဲ ရှိသေးတဲ့ ဂီတလောကကို ကကြီးအဆင့်ရောက်အောင် အများကြီး လုပ်ရဦးမယ်။ ဒီလိုနေလာရင်းနဲ့ နောက်ပိုင်း မှာ ပြည်လှဖေကြီးက မင်းတို့တွေ ဒီလိုနေလို့ မဖြစ်တော့ဘူး၊ မြန်မာ့အသံပြောင်းမလား၊ ယဉ်ကျေးမှုက ဇာတ်ဌာနကို ပြောင်းမလားလို့ ပြောတယ်"

"အဲဒီတော့ ဘယ်ပြောင်းဖြစ်ခဲ့လဲ"

"ယဉ်ကျေးမှုမှာက မြန်မာမှုတွေပဲများတယ်ဆိုတော့ မြန်မာ့အသံပြောင်းမယ်ဆိုပြီး မြန်မာ့အသံရောက်သွားတယ်။ အဲဒီမှာလည်း ကိုယ်တတ်ထားတာနဲ့ လုပ်ရာတွေ အပ်စပ်မှုမရှိတော့ ကြာလေ ဖြစ်လာတယ်၊ ကုန်ဈေးနှုန်းတော့မဟုတ်ဘူး။ စိတ်ဓါတ်ကိုပြောတာ ဟား... ဟား... ဟား... ဟား"ဟု အားရပါးရ ရယ်မောပြီး ပြောပြန်ပါတယ်။

စိတ်မပါတဲ့အလုပ်ကို လုပ်နေရတဲ့အတွက်ကြောင့်မို့လို့ အဲဒီတုန်းက  အလုပ်သွားရမှာကို ထောင်ထဲဝင်ဖို့ ထက် ကြောက်ခဲ့မိတယ်လို့ ဦးစောနုက ပြောပြန်ပါတယ်။

တစ်နေ့ ဟိုဟာဖြစ်လာနိုး၊ ဒီနေ့ ဟိုဟာဖြစ်လာနိုးနဲ့ စောင့်ရင်း လုပ်သာလုပ်နေရတာ ဘာမှ ဖြစ်မလာဘူး။ အဲဒါကြောင့် ၈၈ အရေးအခင်း မတိုင်ခင် အလုပ်ကထွက်ခဲ့တယ်။ အမှန်မှာ အဲဒီတုန်းက နိုင်ငံခြားထွက်ဖို့ အလုပ်ကထွက်တာ။ အရေးအခင်းဖြစ်တော့ တင်ထားတဲ့ ပက်စ်ပို့က မကျတော့ဘူး။ အရေးအခင်းပြီးလို့ ပတ်စ်ပို့ကျလာတဲ့အခါ သွားဖို့ပိုက်ဆံက မရှိတော့ဘူး။ အဲဒီအချိန်မှာ မိသားစုကလည်း ရှိနေပြီး ဟိုဟာလုပ်၊ ဒီဟာလုပ်နဲ့နေရင်း ၁၉၉၀ လောက်မှာ ဂီတနဲ့ပတ်သက်တဲ့ သင်တန်းဖွင့်ဖြစ်တယ်"

"သင်တန်းစဖွင့်တော့ သင်တန်းသား ဘယ်နှစ်ယောက်နဲ့ စဖွင့်ခဲ့တာလဲ"

"သင်တန်းစဖွင့်တော့ သင်တန်းသား လေးယောက်ပဲရှိတယ်။ အဲဒီတုန်းက ထည့်ပြောလို့မရတဲ့ အရာတွေကို သင်တန်းပေးတဲ့အခါ အမှန်အတိုင်းပြောတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်း လူများလာတယ်။ ၁၉၉၂ သင်တန်းကသူတွေကို ၁၉၉၃ ခုနှစ်မှာ ပြိုင်ပွဲလုပ်ခဲ့တယ်။ အဲဒီတုန်းက သက်ဆိုင်ရာက ခွင့်မပြုဘူး ဆိုတဲ့ အကြောင်းလာပြောသေးတယ်။ ဒါပေမယ့် ပြိုင်ပွဲက လုပ်ပြီးသွားပြီ။ အဲဒီမှာ ဦးစောနုကို လူတွေ ပိုသိသွားတယ်။ ဂီတနဲ့ပတ်သက်လို့ ဝေဖန်ရေးဆောင်းပါးတွေ ဆက်ရေးတယ်။ မြန်မာနိုင်ငံရဲ့ ဂီတလောက အခြေအနေက အများကြီး မြှင့်တင်ရဦးမယ်။ ဘယ်လောက်ပဲရေးရေး ဒီအတိုင်းပဲဖြစ်နေလို့ ဘာမှကို မရေးချင်တော့ဘူး"

ဦးစောနု DIP.IN.MUSIC (U.S.S.R)ကို ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မဒေးကျွန်းမှာ မွေးဖွားခဲ့တာပါ။ သာမာန်ကျေးတောသားဘေးဘ၀ကနေ ဂီတကို နှစ်သက်မြတ်နိုးစွာ လေ့လာလိုက်စားခဲ့တဲ့အတွက် ဂီတနဲ့ပတ်သက်လို့ ရုရှားနိုင်ငံမှ ပြန်လာပြီးတဲ့နောက် အနှိမ်ခံဘ၀တွေကို အနှစ်မြို့တာကြောင့် လွတ်လပ်တဲ့ ကိုယ်ပိုင်သင်တန်းကျောင်းကို ယနေ့အချိန်အထိ ဖွင့်လှစ်သင်ကြားနေဆဲပါ။

ယခုအခါမှာတော့ ဦးစောနုရဲ့ ဂီတသင်တန်းကို ရန်ကုန်မြို့ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ဂမနုးပွင့်ကုန်တိုက်အနီး၊ ဓမ္မာရုံလမ်းရှိ အမှတ် ၃၈ (အေ)၊ ခြောက်လွှာမှာ အဆို၊ အော်ဂင်နဲ့ ဂီတသင်တန်းတွေ ဖွင့်လှစ် သင်ကြားပေးနေပါတယ်။ ဂီတပညာနဲ့ ပတ်သက်လို့ ၀လုံးအဆင့် ကွဲချင်တယ်ဆိုရင်တော့ လာရောက်လေ့လာ သင်ယူရင် သိနိုင်ပါတယ်လို့ ဦစောနုက ပြောပါတယ်။ တယ်လီဖုန်းဖြင့် ဆက်သွယ်လိုပါက ဖုန်းနံပါတ် ၀၉ ၇၃၀ ၄၅၂ ၈၆ သို့ ဆက်သွယ်နိုင်ပါတယ်။

မောင်ဗသိန်း (၁၉၄၀ - )

အနောက်ပြည် ပင်းဝါဇာတိ ဦးမဲမောင်- ဒေါ်မြလှဦးရို့၏ ရင်သွီးသုံးယောက်ထဲမှာ အငယ်ဆုံး သား မောင်ဗသိန်းရေပင်းဝါ ဆရာတော်ဘုရား ဘဒ္ဒန္တဣန္ဒာဝံသ၀ံသ ခြီတော်ရင်းမာ စတင် ပညာသင်ပါရေ။

စစ်တွေမြို့ အ-ထ-က(၂)မာ ဒုတိယတန်းကပင် ကျောင်းထွက် လက်မှတ်ရရေထိ သင်ယူပြီးကေ တက္ကသိုလ်ဝင်တန်းကို ၁၉၆၁-ခုနှစ်မာ ဦးအောင်လှဇံ အလွတ်ပညာသင်ကျောင်းက အောင်မြင်ခ ပါရေ။ ကျောက်ဖြူ ဥပစာကောလိပ်၊ ရန်ကုန် ဘီအိုစီကောလိပ်ရို့မာ ဆက်ပျာ ပညာသင်ပါရေ။။

ဥပစာ ၀ိဇ္ဇာတန်းအောင်ပြီးကေ ၁၉၆၅-ခုမာ မူလတန်း ဆရာအဖြစ် လိုက်စားပါရေ။ အပေါင်းအသင်းတိ လက်တွဲခေါ်လို့ စစ်တွေမြို့ထုတ် ““ခေတ်ရှေ့ဆောင်”” စာစောင်မာ ၁၉၆၁-ခုက စတင်စာရီးခပါရေ။ ““ရခိုင်ညွန့်ဖူး”” (၁၉၆၈)ထုတ်ကတ်တေခါ တက်တက်ကြွကြွပါဝင်လုပ်ကိုင် ရီးသားခပါရေ။ ၁၉၆၀-ခုလောက်ကပင် ရခိုင်စာပီ၊ ရခိုင်သမိုင်းရို့ကို လေ့လာမှတ်သား ဆည်းပူးလာပါရေ။

ကျောင်းဆရာဘ၀နန့် ရန်ကုန်မြို့မာ တာဝန်ထမ်းနီရေခါ ရခိုင်သမိုင်း၊ ရခိုင်စာပီရို့ကို တက္ကသိုလ် ဗဟိုစာကြည့်တိုက်၊ အမျိုးသား စာကြည့်တိုက်ရို့မာ ကြိုးကြိုးစားစား လေ့လာဆည်းပူး မှတ်သားဖူးပါရေ။ ကိုယ့်ဒေသတို့ ၁၉၆၈-ခုမာ ကျောင်းဆရာဘ၀နန့် ပြောင်းလာပြီးကေ ရခိုင်ဆိုင်ရာ စာပီ၊ ဘာသာစကား၊ သမိုင်းရို့ကို အပေါင်းအသင်းတိနန့် ဆက်ပနာ လေ့လာဆည်းပူး ဖော်ထုတ်ပါရေ။ ကိုယ့်ဒေသထုတ် စာစောင်၊ မဂ္ဂဇင်းရို့မာ ပါဝင်ရီးသားပါရေ။ အများအားဖြင့် နာမည်ရင်းနန့် ရီးပါရေ။ တခါတရီ ကလောင်ခွဲ (မောင်တန်ရှင်၊ အောင်မြ၊ မောင်မြသိန်း၊ မောင်လှရှီ၊ မောင်ရခိုင်)နာမည်တိနန့် လေးသော့ ရီးပါရေ။

ပေါက်တောမြို့မာ ပညာရေးဌာန တာဝန်ထမ်းနီရေခါ မြို့နယ်ဖြစ်စဉ်သမိုင်းပြုစုစွာမာ ပါဝင်ခပါရေ။ ဆံတော်ရှင်စေတီတော်သမိုင်း ပြုစုခါလေးသော့ အားသွန်ခွန်စိုက် ဆောင်ရွက်ခပါရေ။

ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီက တာဝန်ပီးရေအတွက် ပြည်နယ် ဖြစ်စဉ်သမိုင်းပြုစုကတ်တေခါ အဖွဲ့ဝင်အဖြစ်နန့် ပါဝင်ခပြီးကေ ပညာရေးကဏ္ဍကို ပြုစုရပါရေ။ ရခိုင်ဝေါဟာရအဘိဓာန် ပြုစုခါ လေးသော့ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခပါရေ။ အဂုအခါ ဇနီးသားသမီးလေးဦးနန့်အတူ စစ်တွေမြို့မာ နီပါရေ။ ပညာရေးဌာန တာဝန်ကိုထမ်းရင်းပင် ရခိုင်စာပီ၊ ဘာသာစကား၊ သမိုင်းရို့ကို တစ်သက်တာ လုပ်ငန်းအဖြစ် အပေါင်းအသင်းတိနန့် လက်တွဲဗျာ ဆက်လက်လေ့လာဆည်းပူးဖော်ထုတ် ရီးသားနီပါရေ။



 http://www.arakanfolks.com ကူးယူဖော်ပြပါသည်

စိုင်းတင်မြို့စား ဥက္ကာပျံ - ဝေသာ

ရခိုင်သမိုင်းမှာ ဥက္ကာပျံဆိုစွာ သင့်အောင်စိတ်ဝင်စားဖို့ ကောင်းရေ ပုဂ္ဂိုလ်တစ်ဦးပါ။ စွမ်းရည်သတ္တိ ပြည့်ဝရေ စစ်သားကြီးဖြစ်တေ။ အနုပညာကို စုံမက်မြတ်နိုးရေ စာပေပညာသျှင်ကြီးဖြစ်တေ။ မင်းခမောင်း၏ ရောင်း ရင်းကြီးလည်း ဖြစ်ပါရေ။ ဥက္ကာပျံ ထင်ရှားကျော်ကြားခရေ ကာလကတော့ခါ ၁၆ရာစုအဆုံး၊ ၁၇-ရာစု အစပိုင်း၊ ဘုရင်မင်းရာဇာကြီး (၁၅၉၃-၁၆၁၂)လက်ထက်မှာ ဖြစ်ပါရေ။

ဥက္ကာပျံငယ်စဉ်ဘ၀နန့် မိဘမည်ရည်ရို့ကို အတိအကျ မသိရပါ။ ဥက္ကာပျံရေ စိုင်းတင်မြို့စားအဖြစ် ခန့်အပ် ခံရပါရေ။ တချိန်တည်းမှာ အိမ်ရှေ့မင်းသားမင်းခမောင်း၏ အကြီးတော်အဖြစ်လည်းသွင့် မင်းတရားကြီးက ခန့်အပ်တာဝန်ပီးခပါရေ။

မင်းခမောင်းဆိုစွာက အရွယ်နန့်မမျှအောင် ကြမ်းကြုတ်ရိုင်းစိုင်းရေ မင်းသားဖြစ်ပါရေ။ ဥက္ကာပျံက သွန်သင် ဆုံးမ ပဲ့ပြင်စွာတိလည်း မင်းသားချေဘားမှာ နားဝင်ထိရောက်ခလီဖို့ မဟုတ်ပါ။ မင်းသားချေရေ အလဇ္ဇီထိုး၊ ဆပွတ်သတ်၊ ပြောခဲနက် ဆိုခဲနက်ဖြစ်နီပါရေ။ သူ့ကိုအလိုလိုက်လို့ အချစ်ကြီးချစ်တေ ခမည်းတော် မင်းကြီးကိုတောင်မှ အကျိုးနည်းအောင် ပြုမူခပါသိယင့်။

မင်းသားမှာ ဥက္ကာပျံအပြင် ဆလယာသတ်ဖက်အရာ ကိုးယောက်ဟိပါသိရေ။ စွမ်းရည်သတ္တိအရာမှာတော့ အားလုံးသူအပြည့်ပါဗျာယ်။ မင်းခမောင်းနန့် အေလူသန် တစ်ကျိတ်ရို့ရေ ချာလီမန်း (Charlemagne) နန်းတော်ထဲက သူရဲကောင်းဆယ့်နှစ်ယောက်ရို့ပိုင် အုပ်စုဖွဲ့ပနာ တသီးတခြားနီကတ်တေ။ ဇာအရေး ဇာကိစ္စပင်မဆို တွိမရှောင်၊ ဗိုလ်မထားကတ်တေလူတိပါ။ မင်းသားချေမှာတော့ခါ ဒေအပေါင်းအသင်းတိနန့် မခွဲမခွာပါဗျာယ်လေ။ ဒေအုပ်စု၏ ဦးဏှောက်နန့် ၀ိညာဉ်က အသူလေဆိုကေ ဥက္ကာပျံ။ ဥက္ကာပျံက စိတ်ဆွ ပီးလို့ ခမည်းတော်ကို လုပ်ကြံဖို့အတွက် လက်မရွံ့တစ်သိုက်ကို မင်းသားက စေလွှတ်ခပါရေ။ အရေးတော်ပေါက်ကြားလားခရေအတွက် မင်းသားနန့် သူ့လူဆယ်ယောက်စလုံး တိမ်းယှောင်ထွက်ပြီးပနာ ဟံသာဝတီမှာ ခိုလှုံခီကတ်ရပါရေ။ ဟံသာဝတီမှာ နီခကတ်တေ တစ်ချက်တစ်ပြက်အတွင်းမှာတောင် ဥက္ကာပျံရေ ပညာဥာဏ်ကြီးကျယ်နက်ရှိုင်းမှု၊ ကဗျာစွမ်း ရည်ထက်မြက်မှုရို့ကြောင့် ထင်ရှား၊ ကျော် ကြား၊ လေးစားခြင်း ခံခရပါရေ။ ““အသက်ကို ချမ်းသာပီးမေ””လို့ မင်းကြီးက ကတိပြုရေအတွက် မင်းခမောင်းနန့် သူ့အဖွဲ့ ရခိုင်ပြည်ကို ပြန်လာလတ်ကတ်တေ။ မင်းသားလည်း အယင်ရမြဲ အဆောင် အယောင်ကို ပြန်ရလို့ ခမည်းတော်မင်းကြီးကလည်းသွင့် ခမ်းခြောက်ခြင်းမဟိရေ မေတ္တာ တရားနန့် သားတော်ကို ချစ်ကြင်မြတ်နိုးလို့ ဟိနီခလီပါရေ။

အချိန်ကာလတိ ယင်းပိုင်နန့်ပင် ကုန်ဆုံးလာလတ်ပြီးကေ တစ်ခါမှာ ဟံသာဝတီကို ရခိုင်ရို့က ၀ိုင်းဝန်း ပိတ်ဆို့ကတ်ပါရေ။ အေပိုင်လုပ်ကြံနီရေအချိန်မှာ ဥက္ကာပျံက အရာတစ်ခါ သွီးထိုးပီးပြန်ရေအတွက် မင်းသားက ခမည်းတော်ကို လုပ်ကြံဖို့ ကြိုးစားပြန်ပါရေ။ အေတစ်ခါမှာလည်းသွင့် မင်းသားရို့ ရှုံးနိမ့်ပြန်ရေ အတွက် ရန်သူဘက်ကို ထွက်ပြီး ကတ်ရပြန်ပါရေ။ ဟံသာဝတီကတော့ခါ မင်းသားနန့် အပေါင်းပါရို့ကို ၀မ်းသာအားရ ကြိုဆိုလက်ခံပါရေ။ ယေဒါလည်းသွင့် ရန်သူဘားမှာ မြှောက်စားခံရစွာထက် ခမည်းတော် မင်းကြီးလက်ထဲမှာ သီဒဏ် အပီးခံရစွာက မြတ်ပါရေဘုရား””လို့ မိဖုရားတစ်ပါးက လျှောက်ထားချက်ကို မင်းသားနားဝင်ပါရေ။ နည်းအမျိုးမျိုးနန့် နှောင့်ယှက်ဟန့်တား ခံရကေလည်း မင်းသားနန့် နောက် လိုက်နောက်ပါရို့က အတားအဆီးအလုံးစုံကို ထိုးဖောက်ကျော်လွှားပနာ ပြည်တော်ပြန်လာလတ်ပါရေ။ မင်းသား၏သတ္တိ၊ ဗျတ္တိရို့ ထင်ရှားပေါ်လွင်ရေ အတွက်တာကြောင့် မင်းကြီးက အားလုံးကို ခြွင်းချက်မဟိ လွတ်ငြိမ်းခွင့်ပေးသနားလိုက်ပါရေ။

အရာတစ်ခေါက် ပြဿနာပေါ်စွာက သံတွဲမှာပါ။ သံတွဲမြို့ကို ဘုရားဖူးဖို့ မင်းသားထွက်တော်မူပါရေ။ သံတွဲကို ရောက်စွာနန့် ဥက္ကာပျံက အရာလှုံ့ဆော်ပြန်ပါဗျာယ်။ နှစ်ခါ ရှုံးနိမ့်ပြီးဗျာယ်၊ လုပ်ကြံဖို့ မကြိုး စားကေ့ဖိ။ ဒေတစ်ခါမှာ မင်းကြီးကို မကျေမနပ်ဖြစ်နီကတ်တေ သံတွဲသားတိကို စုစည်း၊ အတိအကျထောင် ထား ပုန်ကန်ဖိ၊ ဥက္ကာပျံက အေပိုင်အကြံပြုပါရေ။ ဘုရားကျွန် ထောင်ပေါင်းများစွာကို မင်းသားက စည်းရုံး သိမ်းသွင်းပါရေ။ စစ်အကျဉ်းသားတိလည်း ပါယင့်။ အေလူတိကို မင်းသားကိုယ်တိုင် ဦးစီးခေါင်းဆောင် ပနာ မြောက်ဦးမြို့တော်ကိုချီတက်ပါလတ်ကတ်တေ။ ဒေခေါက်ခါလည်း နေပြည်တော်
စစ်သည်ရို့က သူပုန်အင်အားစုတိကို အနိုင်ယူနှိမ်နင်း လိုက်ပြန်ပါရေ။ သူပုန်အများစုက မြန်မာဘက်ကို ထွက်ပြီး လားခကတ်တေ။ မင်းသားနန့် အပေါင်းအပါရို့ကို လက်ရဖမ်းမိရေ။ ဒေတစ်ခါမှာတော့ခါ ဘုရင်မင်းရာဇာကြီးက အမျက်ဒေါသပြင်းစွာဖြစ်ပါရေ။ သက်တော်ရှည် အမတ်ကြီးက ကြားဝင်တောင်းပန် လိုက်လို့ရာ၊ မဟုတ်ဆိုကေ သူပုန်ရို့အပြစ်ဒဏ် ပြင်းပြင်းထန်ထန် ခံကတ်ရပါဖို့။ မင်းကြီးရေ ယောနိသော မနသီကာရနန့် သက်သက်ညှာညှာအပြစ် ပီးပါရေ။ ယေဒါလည်း ဥက္ကာပျံခံစားရရေ အပြစ်ဒဏ်ကတော့ခါ သက်သာယင့်လို့ ပြောလို့မဖြစ်ပါ။

ဥက္ကာပျံဆိုစွာ နောင်တစ်ချိန်မှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်လာဖို့ အိမ်ရှေ့မင်းသားကို ဆုံးမပဲ့ပြင်ရဖို့ အကြီးတော်ဖြစ်တေ။ ဘုရင်မင်းမြတ်၏ ယုံမှတ်ခန့်အပ်ခံရရေ ပုဂ္ဂိုလ်ဖြစ်တေ။ အဂုက မင်းသားရေ နိုင်ငံတော်နန့် ပြည်သူလူထုကို အခါပေါင်းများစွာ သစ္စာဖောက်ဖျက်တေ။ အကြမ်း ဖက်နှောင့်ယှက်တေ။ အေချင့်ကို ဆင်ခြင်ကြည့်ုကေ ဥက္ကာပျံရေ မင်းကြီး၏ယုံမှတ်ကိုးစားမှုကို ပစ္စလက္ခတ် အလွဲသုံးစားလုပ်သူ ဖြစ်တေ။ ယင်းအတွက်ကြောင့် ဥက္ကာပျံရေ ကြီးမားလီလံသော တာဝန် ၀တ္တရားကြီးတိနန့် ထိုက်တန်သူမဟုတ်။ မဟာမုနိဘုရားမှာ ဘုရားကျွန်အဖြစ် ဥက္ကာပျံ ထမ်းရွက် လီ။ ပြစ်ဒဏ်ချမှတ်လိုက်ပါရေ။

နှစ်ကာလတိ အများကြီး ကျော်လွန်လာရေ ကာလတစ်ခုမှာ မင်းခမောင်း ရခိုင်ထီးနန်းမှာ မင်းဖြစ်လာပါရေ။ မင်းခမောင်း၏ ပထမဦးဆုံး လုပ်ဆောင်ချက်က သူ့ရောင်းရင်းကြီး ဥက္ကာပျံကို လူ့အသိုင်းအ၀ိုင်း ထဲပြန်ရောက်အောင် ခေါ်သွင်းစွာပါ။ ရခိုင်ရို့မှာ ကောင်းကောင်းကြီး ရှေးကျရေ အစဉ်အလာတစ်ခု ဟိပါရေ။ လူ့အသိုင်းအ၀ိုင်း အပြင်ဘက်တို့ နှင်ထုတ်ပစ်ခံထားရရေ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို လူ့အသိုင်းအ၀ိုင်း ထဲ ပြန်ရောက်အောင်  ခေါ်ယူသွတ်သွင်းဖို့ဆိုကေ ခေါ်သွင်းဖို့ ပုဂ္ဂိုလ်စွာ မူလ အပြစ်ဒဏ်ချမှတ်ထားခရေ ပုဂ္ဂိုလ်ထက် ပိုလို့မြင့်မြတ်ရဖို့၊ ဘုန်းတန်ခိုးအာနုဘော် ပိုလို့ကြီးမြင့်ဖို့ လိုအပ်ပါရေ။ အဂု ဥက္ကာပျံအရေးမှာ မင်းခမောင်းစွာ ခမည်းတော်မင်းကြီးထက် ဘုန်းတန်ခိုးအာနုဘော် အရာမှာပိုလို့ ကြီးကျယ်မြင့်မြတ်တေလို့ မဆိုနိုင်ပါသိ။ အဓမ္မပြု ဆောင်ရွက်တေ ဆိုပြန်ကေလည်း အခိုင်အမာဟိပြီးသား ဓလေ့ထုံးစံတစ်ခုကို ကျူးလွန်ဖောက်ဖျက်ရာကျပါဖို့။ ဘိသိက်ခံရေ အခါက ပြု ထားရေသစ္စာကို ဖောက်ဖျက်ရာကျပါဖို့ဘုရား--စသည်ဖြင့် ဥက္ကာပျံက ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ လျှောက်ထားငြင်းပယ်ပါရေ။

အကြိမ်ကြိမ်အလီလီ ဖျောင်းဖျပြောဆိုကေလည်း ဥက္ကာပျံက လက်မခံပါ။ ဥက္ကာပျံရေ ကြီးကျယ်မြင့်မြတ်မှု ကိုလည်း တွိ့ကြုံဖူးဗျာယ်။ ပျက်စီးဆုံးရှုံးမှုကိုလည်း တွိ့ကြုံဖူးဗျာယ်။ လောကဓံတရားနှစ်ပါး လုံးနန့် ကျွမ်းဝင်ဖူးဗျာယ်။ အေအကျိုးတစ်ရားနှစ်ရပ် ဖြစ်ပေါ်လာရခြင်းအကြောင်းက မိမိ၏လုပ်ရပ်ပင်ဖြစ်တေ။ အဂုပိုင် သိမ်ငယ်နိမ့်ကျနီရေ အဖြစ်ကနီပနာ ကိုယ့်လုပ်ရပ်အသီးသီးကို သုံးသပ်ဆင်ခြင်ကြည့်ချင်သိရေ။ အနိမ့် အမြင့် အတက်အကျပြွမ်းရေ မိမိဘ၀တာ၏ ကြွင်းကျန်ရေ အချိန်ကာလတိုကို တရားသဘောနန့် ရှုမှတ်ဆင်ခြင်ပနာ ဥက္ကာပျံ ကုန်ဆုံးကျော်လွန်လားလီပါရေ။

ဥက္ကာပျံရေ စာဆိုတော်ကြီးတစ်ဦးအဖြစ်နန့် သူ့ခေတ် သူ့ကာလ စာပေအနုပညာလောကကို ကဗျာလင်္ကာ တိနန့် ထုံမွှမ်းစီနိုင်ခပါရေ။ အပိုဒ် (၁၂)ပိုဒ်ပါဝင်ရေ ရတုတစ်ပိုဒ်ကို ဥက္ကာပျံစပ်ဆိုခပါရေ။ အေရတု (၁၂)ပိုဒ် စွာ တစ်နှစ်ကာလအတွင်းမှာဟိရေ တစ်ဆယ့်နှစ်ရာသီကို ကိုယ်စားပြုဖွဲ့ဆိုထားစွာပါ။ အေရတုမှာ ဥက္ကာပျံက ယင်းခေတ်ပြည်သူရို့ ကျင့်သုံးကတ်တေ ဓလေ့၊ ထုံးစံ၊ အပြုအမူရို့ကို သိမ်သိမ်မွေ့မွေ့နန့် အလှပလှချေတိကျ ပြတ်သားစွာ ဖော်ထုတ်စပ်ဆိုထားပါလီယင့်။ အိမ်ရှေ့မင်းခမောင်း ဟံသာဝတီမှာ သုံးနှစ်တာပျော်စံရေ အချိန်က ရခိုင်ပြည်ကို အတွက်တောင် မပေါ်နိုင်လောက်အောင် မိမိလျော့လျော့ ဟိနီခပါရေ။ ယင်းပိုင်ဖြစ်နီလို့ ဥက္ကာပျံက အေတစ်ဆယ့်နှစ်ရာသီရတုကို ဆက်သွင်းခစွာပါ။ အေရတု၏ အနုပညာစွမ်းအားကြောင့် မင်းခမောင်းစွာ ရခိုင်ပြည်ကို ပြန်လို့လွမ်းဆွတ်တမ်းတ အောက်မေ့မိလာရေ အတွက် ဟံသာဝတီက ချက်ချင်းပြန်လာလတ်ပါရေ။

တစ်ရပ်တစ်ရွာကို ရောက်လားပနာ အနီဝီးလားခရေ လူတစ်ဦးတစ်ယောက်ကို ကိုယ့်ရပ်ကိုယ့်ရွာပြန်ဖို့ အတွက်ပေါ် တမ်းတမိလာစီအောင်ဆိုရေ ရည်ရွယ်ချက်နန့် ရတုပို့ဓလေ့တစ်ခု ရခိုင်ပြည်သူရို့ကြားမှာ ဟိခဖူးပါရေ။

မြန်မာရို့လက်အောက်သို့ ကျလားခရေ အလားလားအပါးပါး ကာလတိမှာ ကိုယ့်ရိုးရာအစဉ်အလာ ထုံးတမ်းတိကို ရခိုင်သားရို့က တဆတ်ဆတ် စွန့်ခွာလာကတ်ပါရေ။ ယင်းအတွက်တာနန့် အေရတုပို့ ဓလေ့လည်းသွင့် အဂုဆိုကေ တစိလည်းမကျန် ကွယ်ပျောက်လားခပါဗျာယ်။ စစ်တကောင်းခရိုင်မှာကျခါ ကုမ္ပဏီ(အစိုးရ)က ကူညီထောက်ပံ့လို့ တည်ငြိမ်အေးချမ်းရေ လူ့အဖွဲ့အစည်းတစ်ခုကို ရခိုင်သားရို့ တည်ဆောက်ခကတ်တေ။ ယဉ်ကျေးမှုအစဉ်အလာတိကိုလည်းသွင့် ဆက်ပြီးကေ ထိန်းသိမ်းထားနိုင်ခ ကတ်ပါရေ။ စစ်တကောင်းသား ရခိုင်လူမျိုးတိ လည်ဖို့ပတ်ဖို့အတွက် ဖြစ်ဖြစ်၊ စီးပွားရေးကိစ္စအတွက်ဖြစ်ဖြစ် ရခိုင်ပြည်ကိုရောက်လာကတ်တေသူရို့မှာ အဂုသကပြောခရေ ရတုမျိုးတိ ပါလာကတ်ပါရေ။ စိတ်ဝင်စား ဖို့ကောင်းစွာတစ်ခုဟိပါရေ။ သူရို့အဂုနီထိုင်ကတ တေ စစ်တကောင်းဒေသမှာ ရတုစပ်ဆိုရေးသားခြင်း တစ်ခုတည်းနန့် လုပ်ကိုင်စားသောက်တေ လူတန်းစားတစ်ရပ် ဟိနီခြင်းပါ။

ယင်းဒေသက အိမ်ရှင်မရို့စွာ ဒင်္ဂါးတစ်ပြားအခပီးပနာ ကိုယ့်ကိစ္စနန့်ကိုက်ညီရေ ရတုတစ်ပုဒ်ကို ရီးစပ် ခိုင်းကတ်ပါရေလတ်။ ခရီးထွက်ဖို့ကန်နီရေ ကိုယ့်အိမ်သျှင်ကို ယင်းရတုကို ပီးလိုက်ပါရေလတ်။ လုပ်ငန်းကိုင်ငန်း အောင်မြင်ပြီးစီးရေခါ အေရတုကို ဖတ်ပါလီလို့ မှာလိုက်ကတ်တေလို့ ဆိုပါရေ။ ရပ်ဝီးကို ရောက်လားခရေ အိမ်သျှင်ယောက်ျားကလည်းသွင့် အချိန်ကျခါ ရတုကိုဖတ်ရှုခံစားပါဗျာယ်။ ဖတ်လိုက်စွာနန့် ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်မိသားစုရို့၏ အငွေ့အသက်တိကို ရတုက တဆင့် ခံစားရဟိလာကတ်ပါရေ။ ယေခါ ရင်ထဲနှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာဓာတ်တိ ယိုစိမ့်လာပနာ အိမ်သျှင်ယောက်ျားလည်း ကိုယ့်မိသားစုဘားကို ဇာပိုင်အလျင်ရောက်နိုင်ဖို့လဲ၊ ပြန်လာကတ်ရစွာဗျာယ်လို့ ဆိုပါရေ။ တစ်ခါတစ်လီမှာတော့ခါ အဆင်မပြေလို့ အိမ်သျှင်ယောက်ျားလက်ထဲကို ရတုကဗျာလက်ရောက် ထည့်မပီးလိုက်နိုင်စွာမျိုးလည်း ဟိပါရေ။ အိမ်သျှင်ခရီးထွက်လို့ အင်တန်လောက် ကြာပြီးမှရာ ပီးပို့လိုက် ကတ်ရပါရေ။ ဇာပိုင်ပင်ဖြစ်ဖြစ်ပါ။ ရတုမြှားတံရို့ကတော့ခါ ရည်မှန်းချက်ပစ်မှတ်မှာ တစ်ဆံခြည်မလွဲ ဒက်ကနဲ လားစိုက်ကတ်စွာပါဗျာယ်။

ဝေသာ

ကိုးကား - San Shwe Bu: U Ga Pyan, The Governor of Sindin Arakan (J.B.R.S Vol.4, Part3 , 1919)ကို ဆီလျော်အောင် ပြန်ဆိုပါသည်။

ဦးအောင်စိန်သာ (၁၉၃၇-၂၀၁၂)

"ငှက်တိပျံယင်းနန့် သီဂတ်တေပိုင်၊ ငါလေ့ ငါ့လူမျိုးအတွက် လုပ်ယင်းနန့် သီလားဖို့" 
(ဦးအောင်စိန်သာ)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန် သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးအောင်စိန်သာကို ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စာရေးကြီးကျေးရွာ၌ ၁၉၃၇-ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် အဖ ဦးမောင်သာ၊ အမိ ဒေါ်လှမဖြူတို့ မှ မွေးဖွားခဲ့သည်။ စစ်တွေမြို့ မိဇံရပ်ကွက်တွင် မူလတန်းပညာ သင်ကြားခဲ့သည်။ စစ်တွေမြို့ အထက(၁)မှ ဒဿမတန်း အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် (၁၉၅၇)ခုနှစ်မှ (၁၉၆၄)ခုနှစ်အထိ ပညာသင်ယူခဲ့ပြီး ၀ိဇ္ဖာဘွဲ့ ရရှိခဲ့ပါသည်။ ၁၉၆၀-၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ/သားများအသင်း အတွင်းရေးမှူး၊ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ် လူမျိုးစု ကျောင်းသားများ အတွင်းရေးမှူးအဖွဲ့ဝင်၊ သဘာပတိအဖွဲ့ဝင် အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ရခိုင့် တန်ဆောင် မဂ္ဂဇင်း (၁၉၅၈-၅၉)ခုနှစ်အထိ အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ခဲ့ပြီး၊ ၎င်းမဂ္ဂဇင်းတွင် အင်္ဂလိပ် ဘာသာဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၆၂-၆၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ လှုပ်ရှားမှု၌ ပါဝင်ခဲ့သဖြင့် ကျောင်းထုတ်ခံခဲ့ရသည်။

၁၉၆၃-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသားများ စုစည်း၍ ရခိုင်ပြည် ကွန်မြူနစ်ပါတီ၏ လက် နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ၁၉၆၇-ခုနှစ်မှ ၁၉၆၉-ခုနှစ်အထိ ချောက်မြို့နယ်၊ ကုန်သွယ်ရေးဌာန၌ ဌာနခွဲမန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၉-မှ ၁၉၇၄-အထိ ပေါက်တောမြို့ နယ်၊ ကုန်သွယ်ရေးဌာန ဦးစီးမန်နေဂျာအဖြစ် ဆောင်ရွက်နေစဉ် ၁၉၇၇ ခုနှစ်တွင် သီးခြားရခိုင်ပြည် ဖွဲ့စည်း တည်ထောင်ရန် ကြံစည်မှုဖြင့် ထောင်ဒဏ်တစ်သက်တကျွန်း ချခံခဲ့ရပြီး ၁၉၈၀-ခုနှစ်တွင် လွတ်ငြိမ်းချမ်း သာခွင့် အမိန့်အရ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၁၉၈၄-မှ ၁၉၈၆-အထိ (Register Law) သင်တန်း ကို တက်ရောက် အောင်မြင်ခဲ့သည်။ ၁၉၈၈-ခုနှစ် လူထုဒီမိုကရေစီ အရေးတော်ပုံတွင် ရန်ကုန် မြို့နှင့် စစ်တွေမြို့တို့၌ ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၈၉-ခုတွင် ရခိုင်ပြည်သူ့ ညီညွတ်ရေးပါတီ အထွေထွေ အတွင်းရေး မှူး တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၀-ခုနှစ်၊ ရခိုင်ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစု ဥက္ကဋ္ဌ တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။

၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် (DML,DIL) သင်တန်းများကို တက်ရောက်အောင်မြင် ခဲ့သည်။ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံသင့် မခံသင့်ဟု အငြင်းပွားနေချိန်၌ မြန်မာနိုင် ငံရေးတွင် ရခိုင်အမျိုးသားအတွက် စုစည်းညီညွတ်မှုနှင့် ရပ်တည်မှု ပလက်ဖောင်းတစ်ခု မဖြစ်မနေ လိုအပ် သည်ဟု အကြံပြုကာ ကိုယ်တိုင်လည်း ၂၀၁၀-ရွေးကောက်ပွဲတွင် RNDP ပါတီကို ကိုယ်စားပြု၍ ပြိုင်ဘက် များအား ယှဉ်ပြိုင်နိုင်ခဲ့ပါသည်။ မင်းပြားမြို့နယ် မဲဆန္ဒနယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေး ချယ်ခံခဲ့ရပြီး လွှတ်တော်၌ ရခိုင်အမျိုးသားတို့၏ တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ မေးခွန်းများ၊ အဆိုများကို တင်သွင်း ဆွေးနွေးခဲ့သည်။ မင်းပြားမြို့နယ်အတွင်း လေးမြို့မြစ်ကမ်းပြိုခြင်း၊ စားကျက်မြေဆုံးရှုံးရခြင်း၊ လယ်ယာမြေ အသိမ်းခံရခြင်း ကိစ္စများ အပါအ၀င် အခြားရခိုင်အမျိုးသား အကျိုးစီးပွားများအတွက် လွှတ်တော်တွင် တစိုက်မတ်မတ် တင်ပြတောင်းဆိုခဲ့ပါသည်။

ရခိုင်အမျိုးသား အကျိုးစီးပွားများအတွက် တာဝန်ထမ်းဆောင်နေရင်း (၂၀၁၂)ခုနှစ် ပထမအ ကြိမ် ပြည်ထောင် စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး တက်ရောက်နေစဉ် ကျန်းမာရေး အခြေ အနေကြောင့် နေပြည်တော်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူပြီး ၂၀၁၂ ခုနှစ်၊ မတ်လ ၁-ရက်၊ ညနေ (၇း၂၀)နာရီတွင် ကွယ်လွန်သွားပါသည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ချစ်မဖြူနှင့် သားသမီး (၇)ဦး ကျန်ရစ်ခဲ့ပါသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (ဗဟိုဌာနချုပ်)
 http://www.arakanfolks.com ကူးယူဖော်ပြပါသည်

မောင်လွန်းကြင် (၁၉၃၇-၁၉၉၂)

၁။ အမည်ရင်း - ဦးအုန်းလွင်

၂။ မိဘအမည်                   - ဦးညီညီ + ဒေါ်အေးရှင်

၃။ မွေးသက္ကရာဇ်               - ၂၄၊ ၁၀၊ ၁၉၃၇

၎။ မွေးဖွားရာဒေသ           - သံတွဲမြို့

၅။ ကလောင်အမည်ခွဲများ - သံတွဲအုန်းလွင်၊ အမောင်

ကိုယ်ရေးဖြစ်စဉ်

ဆရာ မောင်လွန်းကြင်ကို ၁၉၃၇ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် အဖ ဦးညီညီနှင့် အမိ ဒေါ်အေး ရှင် တို့မှ သံတွဲမြို့တွင် မွေးဖွားသည်။ အမည်ရင်းမှာ ဦးအုန်းလွင်ဖြစ်သည်။ သံတွဲမြို့ အစိုးရ အထက် တန်း ကျောင်း၌ ပညာ သင်ကြားခဲ့ရသည်။ ၁၉၅၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ထို့ နောက် ရန်ကုန် တက္ကသိုလ်တွင် ပညာဆက်လက် သင်ကြားခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် မြန်မာစာဖြင့် ဝိဇ္ဇာ ဂုဏ်ထူး တန်းကို အောင်မြင်ခဲ့သည်။ မဟာဝိဇ္ဇာတန်းကို ဆက်လက်တက်ရင်းကပင် ရန်ကုန်မြို့ သက်ကြီး တက္ကသိုလ် (လုပ်သားများ ကောလိပ်) တွင် မြန်မာစာ နည်းပြအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ မဟာဝိဇ္ဇာဘွဲ့ အတွက် တင်သွင်းရသည့် ကျမ်းစာအုပ် အမည်မှာ "ဒဂုန်တာ ရာ၊ သူ့ကဗျာနှင့် သူ့ ကဗျာ သဘောတရား" ဖြစ်သည်။

ဆရာ မောင်လွန်းကျင်၏ ပထမဆုံး ဝတ္ထုတို ဖြစ်သည့် "အတုံ့" ဝတ္ထုတိုမှာ ၁၉၅၄-၁၉၅၅ ခုနှစ်၊ ရန်ကုန် တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြ ပါရှိခဲ့သည်။ ပထမဆုံး ကဗျာလက်ရာ ဖြစ်သည့် "ညှိုးပန်း တပွင့် အဘိဓမ္မာ" ကဗျာမှာ ၁၉၅၄ ခုနှစ်၊ ဒီဇင်ဘာလထုတ် သွေးသောက် မဂ္ဂဇင်းတွင် ပါရှိခဲ့သည်။ ၁၉၅၄- ၁၉၅၅ ခုနှစ်၊ နှစ်လယ်ပိုင်း အထိ ရန်ကုန် တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း၊ သွေးသောက်၊ မြဝတီ၊ တိုင်းရင်း မေ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ပါရှိသည့်ဝတ္ထု၊ ကဗျာများကို သံတွဲအုန်းလွင် အမည်ဖြင့် ရေး သားခဲ့သည်။ ၁၉၅၅ ခုနှစ်၊ နောက်ပိုင်းတွင် မောင်လွန်းကြင် ကလောင် အမည်ဖြင့် ရေးသားခဲ့သည်။ ဆရာ မောင်လွန်းကြင်သည် ကဗျာနှင့် စကားပြေ နှစ်မျိုးလုံး ရေးသားသော်လည်း စာဖတ်ပရိသတ်က ကဗျာ ဆရာ အဖြစ်သာ လူသိများ သည်။

၁၉၅၇ ခုနှစ် ၁၉၆၃ ခုနှစ်အထိ ရန်ကုန် တက္ကသိုလ် ရခိုင် ကျောင်းသား ကျောင်းသူများ နှစ်စဉ် ထုတ်ဝေ သည့် ရခိုင်တန်ဆောင် မဂ္ဂဇင်းတွင် တွဲဖက်စာတည်းနှင့် တာဝန်ခံစာတည်း အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကလောင်အသင်း၌ စာကြည့်တိုက်မှူး အဖြစ် တာဝန်ယူခဲ့သည်။ ဆရာသည် စာပေ ရေးသားခြင်း အပြင် ပန်းချီနှင့် ဂီတ သုခုမ အနုပညာ တို့ကိုလည်း ဝါသနာပါသည်။ ရှုခင်း သရုပ်ဖော် ဆီဆေး ပန်ချီကားများကို ရေးဆွဲသည်။ ၁၉၅၉ ခုနှစ်တွင် အမောင်ဟူသော အမည်ဖြင့် သံယော ဇဉ်မီး သီချင်းကို စန္ဒရားသက်ခိုင် တူရိယာအဖွဲ့မှ သီဆိုအသံလွှင်ခဲ့သည်။ ထိုသီချင်းသည် မြန်မာ့အသံ ဓာတ် ပြားရ တေးတပုဒ် ဖြစ်သည်။ ထို့ပြင် ကံ့ကော်မြိုင် တူရိယာဝိုင်း၊ ဂီတစာဆို တူရိယာဝိုင်းများတွင် လည်း တေး သီချင်းများ သီဆို အသံလွှင့်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် တက္ကသိုလ် ပုလဲပန်း အပျော်တမ်း တူရိယာဝိုင်းကို ဦးဆောင် ဖွဲ့စည်းခဲ့သည်။ တက္ကသိုလ် ပုလဲပန်း တူရိယာဝိုင်းမှ တေးသီချင်းများ ကို မြန်မာ့ အသံမှ နှစ်လလျှင် တကြိမ် အသံလွှင့်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်၊ နောက်ပိုင်းတွင် ဝတ္ထုများကို ဆက်တိုက် ရေး သားလာခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ထိုင်း၊ မလေးရှား၊ ပီနန်၊ စင်ကာပူ၊ ဂျပန်၊ ဟောင်ကောင်၊ မကာအို၊ တရုတ်နှင့် အမေရိ ကန် ပြည်ထောင်စုသို့ လေ့လာရေးခရီး ထွက်ခဲ့သည်။

ဆရာမောင်လွန်းကြင်သည် ၁၉၉၂ ခုနှစ်၊ဇွန်လ ၁၆ ရက်နေ့၌ ကြို့ပင်ကောက်မြို့တွင် ရုတ်တရက် ကွယ် လွန် ခဲ့ပါသည်။

ရေးသား ပြုစုခဲ့သော စာအုပ်များ

၁။ လွမ်းမြိုင်ကျေးရဲ့ အဝေးတနေရာဆီမှာ ၁၉၈၁

၂။ သိင်္ဂါရ ရသ ၁၉၈၀

၃။ မေတ္တာ မြနှင်းရည်နှင့် အခြားဝတ္ထုတိုများ ၁၉၈၄

၎။ ဒဂုန်တာရာ သူ့ကဗျာနှင့် သူ့ကဗျာ စာပေ သဘောတရားကျမ်း ၁၉၉၄

၅။ မြနှင်းမြူခြယ် လှဇင်းမယ်နှင့် နိုင်ငံခြား ခရီးသွား ဆောင်းပါးများ ၁၉၉၅

၆။ လှများရှင် မစ္စတူး ၁၉၉၅

၇။ အသည်းခွဲသူ ဘယ်သူလဲ ကဗျာများ ၁၉၉၇

ကိုးကား

ရွှေဟင်္သာ စာအုပ်တိုက်၊ ၂၀၀၈ စက်တင်ဘာ၊ ပထမအကြိမ် ထုတ် "နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာ များ နှင့် စာစုစာရင်း (ပဉ္စမတွဲ)" စာအုပ်မှ
http://www.arakanfolks.com မှကူးယူဖော်ပြသည်

အိုင်စီအက်စ် ဦးကျော်မင်း

အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးနယ်ပယ်တွင် ထင်ရှားသည်။ ငယ်စဉ်ကပင် အင်္ဂလန်နိုင်ငံ၏ နာမည်အကြီး ဆုံးသော အီတန်ကျောင်းနှင့် အောက်စဖို့ဒ် တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ယှဉ်ပြိုင်ဖြေဆို ရသော အိန္ဒိယ ပဋိညာဉ် ခံ အုပ်ချုပ်ရေး ၀န်ထမ်းစာမေးပွဲတွင် မြန်မာတိုင်းရင်းသားများထဲမှ ပထမ ဆုံး အောင်မြင်ခဲ့ သူဖြစ်သည်။ ၁၉၃၇ မှ ၁၉၄၂ ခုနှစ်၊ ၉၁ ဌာန အုပ်ချုပ်ရေး တွင် မြန်မာတိုင်းရင်းသား ၀န်ကြီးချုပ် ၄ ဦးစလုံး၏ အတွင်းဝန် အဖြစ် ဆောင်ရွက်ခဲ့၍ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သည့် ထူးချွန် ထက်မြက်သော နိုင်ငံ့ဝန်ထမ်း တစ်ဦး အဖြစ် ထင်ရှားသည်။

ဦးကျော်မင်း ကို ၁၈၉၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် ဗုဒ္ဓဟူးနေ့တွင် စစ်တွေမြို့၌ ဖွားသည်။ အဖ ဦးထွန်းချန်၊ အမိ ဒေါ်မဦး ဖြစ်သည်။ သားသုံးယောက်တွင် အလတ်ဖြစ်သည်။ အစ်ကိုဖြစ်သူမှာ ဆင်းမလား စစ်ပြေး ဒေါ်မန် စမစ်အစိုးရ၏ ဘဏ္ဍာရေးဝန်ကြီး ဆာထွန်းအောင်ကျော် ဖြစ်သည်။ ဖခင်ဖြစ်သူ ဦးထွန်းချန်မှာ ဘီအေ၊ ဘီ အယ်လ် ဘွဲ့ရ မြေပိုင်ရှင် ၀တ်လုံတော်ရဖြစ်၍ အင်္ဂလိပ်၊ မြန်မာ၊ ရခိုင် ရက်စွဲပါ "ထွန်းချန် ပြက္ခဒိန်"ကို ပြုစု ခဲ့သူဖြစ်သည်။

စစ်တွေ စိန့်အယ်နီကွန်ဗင့် သာသနာပြုကျောင်းတွင် စတင် ပညာသင်သည်။ ၁၉၁၀ ခုနှစ်တွင် ကာလက တ္တား စိန့်ဇာဗီးယား ကောလိပ်သို့ ပြောင်း၍ ပညာသင်သည်။ ၁၉၁၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ် လိုကယ်စာမေးပွဲကို  ပထမအဆင့်မှ ဂုဏ်ထူးဖြင့် အောင်သည်။ ပထမကမ္ဘာစစ်အတွင်း ကမ္ဘာကို ပတ်၍ ဗဟုသုတ ရှာမှီးကာ ၁၉၁၈ ခုနှစ် နိုဝင်ဘာလတွင် လန်ဒန်သို့ ပြန်ရောက်သည်။ ၁၉၂၁ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ်မှ ဘီအေဘွဲ့၊ ၁၉၂၂ ခုနှစ်တွင် အယ်လ်အယ်လ်ဘီဘွဲ့များ ရသည်။ ၁၉၂၂ ခုနှစ် သြဂုတ် လတွင် ယှဉ်ပြိုင်ဖြေဆို ရသည့် အိန္ဒိယ ပဋိညာဉ်ခံ အုပ်ချုပ်ရေးဝန်ထမ်း စာမေးပွဲ (အိုင်စီအက်စ်) ကို မြန်မာတိုင်းရင်းသားများ ထဲမှ ပထမဦးဆုံး အောင်မြင်ခဲ့သည်။ ကာလကတ္တားနှင့် အောက်စဖို့ဒ် တက္ကသိုလ် ကျောင်း သားဘ၀တွင် အားကစား၌ ထူးချွန်ထင်ရှားခဲ့သည်။

၁၉၂၃ ခုနှစ်တွင် စစ်တွေနယ်ပိုင် ၀န်ထောက်၊ ၁၉၂၇ ခုနှစ်တွင် ဘဏ္ဍာရေးဌာန အတွင်းဝန်၊ ၁၉၃၁ ခုနှစ် တွင် မြောင်းမြ ခရိုင်ဝန်၊ ၁၉၃၆ ခုနှစ်တွင် ပညာရေးဌာန ဒုတိယ အတွင်းဝန်၊ ၁၉၃၇-၄၁ ခုနှစ်တွင် သစ်တော ဌာန အတွင်းဝန်၊ ဟံသာဝတီခရိုင်ဝန်အဖြစ် ထမ်းဆောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ် စစ်ပြေး အစိုးရနှင့် အတူလိုက်ပါ၍ ဆင်းမလားတွင် ရုံးစိုက်သည့် စစ်ပြေးအစိုးရအဖွဲ့၌ တာဝတ်ထမ်းဆောင်သည်။ စစ်ပြီးနောက် ၁၉၄၅ ခုနှစ်တွင် စစ်ကိုင်းအရေးပိုင်၊ ၁၉၄၆ ခုနှစ်တွင် ဧရာဝတီတိုင်း အရေးပိုင်၊ ၁၉၄၇ ခုနှစ်တွင် ဘဏ္ဍာရေးဌာန မင်းကြီးအဖြစ် တာဝန်ယူသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်တွင် အိန္ဒိယ ပဋိညာဉ်ခံ ၀န်ထမ်းဘ၀မှ အငြိမ်းစားယူ၍ နိုင်ငံရေးသမားအဖြစ် ဆောင်ရွက်သည်။

၁၉၅၀ မှ ၁၉၆၀ ပြည့်နှစ်အထိ စစ်တွေ ပါလီမန် အမတ်အဖြစ် ရွေးကောက်ခံရ၍ ၁၉၅၁ ခုနှစ်တွင် လွတ် လပ်သော ရခိုင်ပါလီမန်အုပ်စုနှင့် ရခိုင်အမျိုးသား ညီညွတ်ရေးအဖွဲ့ကို ဦးဆောင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။

၁၉၁၈ ခုနှစ်မှ စတင်၍ ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားလာခဲ့သည်။ ပြည်တွင်းတွင်လည်း ခရီး အနှံ့ သွားသည်။ တိုင်းပြည်နှင့် ပတ်သက်၍ ဒေသန္တရ ဗဟုသုတများပြားသူ၊ ကမ္ဘာ့အမြင်ရှိသူ အဖြစ် ထင်ရှား သည်။ ထူးချွန်ထက်မြက်သော နိုင်ငံ့ဝန်ထမ်းတစ်ဦး ဖြစ်သည်။ ၁၉၄၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ကွန်ဖရင့်၊ ၁၉၄၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပ သည့် ကွန်ဖရင့်၊ ၁၉၄၈ ခုနှစ်တွင် ၀ါရှင်တန်၌ ကျင်းပသည့် ကမ္ဘာ့ရော်ဘာ ကွန်ဖရင့်၊ ၁၉၅၂ ခုနှစ် တွင် မော်စကိုနှင့် ပီကင်း၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ စီးပွားရေး ကွန်ဖရင့်၊ ၁၉၅၂ ခုနှစ်တွင် လန်ဒန် နန်းတက်ပွဲ အခမ်းအနား၊ ၁၉၅၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် ကမ္ဘာ့ဘဏ် အစည်း အဝေးများကို တက်ရောက်ခဲ့သည်။

အားကစားထူးချွန်သူ တစ်ဦးအနေဖြင့် မြန်မာနိုင်ငံ အိုလံပစ်အသင်း၊ ဂေါက်သီးအသင်းများကို ဦးဆောင်၍ ဂျပန်၊ ဖိလစ်ပိုင်၊ ယိုးဒယားနိုင်ငံများသို့ သွားရောက်ခဲ့ရသည်။

ဦးကျော်မင်းသည် အင်္ဂလိပ်ဘာသာ ထူးချွန်၍ အင်္ဂလိပ်ဘာသာဖြင့် The Burma We Love "ကျွန်ုပ်တို့ ချစ်သော ပြည်မြန်မာ" (၁၉၄၅)၊ Through the Iron Curtain Via the Back Door "သံကန့်လန့်ကာ နောက် ကွယ်မှ ဆိုဗီယက်" (၁၉၅၂)၊ Preliminary Report on New Industries for Burma "မြန်မာပြည်အွက် စက်မှု လုပ်ငန်းသစ်များ ပဏာမ ရီပို့" (၁၉၄၇)၊ Mein Kampf a la Kyaw Min "မိန်းကင့် လာ့ ကျော်မင်း" (၁၉၄၇)၊ Introducing Buddhist Abhidhamma Meditaion and Concentration "ဗုဒ္ဓအဘိဓမ္မာ နိဒါန်း" (၁၉၇၉) စာအုပ်များ ကို ပုံနှိပ် ထုတ်ဝေခဲ့သည်။ မြန်မာဘာသာဖြင့် ရေးသားခဲ့သော စာအုပ်မှာ ပါလီမန်တွင် ပြောကြား ခဲ့သည့် ရခိုင်ပြည်နယ် ကိစ္စများဖြစ်သော "ရခိုင်ပြည်နယ်" (၁၉၆၁) ဖြစ်သည်။

ဦးကျော်မင်းသည် ဇနီး ဒေါ်စိန်သာနှင့် သမီး ဒေါ်မင်းစိန်ဦး (မစ္စက် ရစ်ခတ်ပေါ်ဦး)၊ သား ဦးမင်းစိန် (ဘာရစ်စ တာ ၀တ်လုံဘွဲ့)တို့ ထွန်းကားသည်။ ဇနီး ဒေါ်စိန်သာ ကွန်လွန် ပြီးနောက် ဒေါ်လှဝင်းနှင့် နောက် အိမ်ထောင် ပြုသည်။

၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံတော်ကောင်စီက နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်) ချီးမြှင့်ခဲ့သည်။

အိုင်စီအက်စ် ဦးကျော်မင်းသည် ၁၉၈၅ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

မောင်ဇေယျာ ရေးသားသည့် မြန်မာလူကျော် ၁၀၀ (ပထမအုပ်)မှ-

မကြန်(ဒေါ်ကြန်)




မွေးသက္ကရာဇ်                   ၁၉၁၉-ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့

အမည်ရင်း                        ဒေါ်ကြန်

မိဘအမည်                       ဦးကျော်ထွန်း + ဒေါ်ငွေနှစ်

နိုင်ငံ                                 မြန်မာ

ကိုးကွယ်သည့်ဘာသာ      ဗုဒ္ဓဘာသာ

မွေးဖွားရာဒေသ              သံတွဲမြို့

မကြန် (၁၉၁၉-) စာရေးဆရာမကြီး မကြန်ကို အဖ-ဦးကျော်ထွန်းနှင့် အမိ-ဒေါ်ငွေနှစ်တို့မှ ၁၉၁၉-ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင် တောင်ကုတ်မြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ ဒေါ်ကြန်ဖြစ်သည်။

ပညာရေး

၁၉၃၅ -သံတွဲမြို့ အစိုးရဟိုက်စကူးကျောင်းမှ ဟိုက်စကူးဖိုင်နယ်ခေါ် ဆယ်တန်းကို(က)အဆင့်မှ အောင်မြင် ခဲ့သည်။ သံတွဲမြို့ အစိုးရ ဟိုက်စကူးကျောင်းတွင်ပင် အလယ်တန်းပြ ဆရာမအဖြစ် ခေတ္တ ၀င်ရောက် လုပ်ကိုင်ခဲ့သည်။ ထို့နောက် ရခိုင်တိုင်းစာတိုက်ဌာန၊ သံတွဲစာတိုက်နှင့် စစ်တွေစာတိုက်တို့တွင် အထက် တန်းစာရေးအဖြစ် အမှုထမ်းခဲ့။ ၁၉၅၁ - ပညာဆက်လက်သင်ယူရန် အတွက် စာတိုက်အမှုထမ်း အလုပ်မှ ထွက်ခဲ့။ ထို့နောက် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်၍ ပညာဆက်လက်ဆည်းပူးခဲ့။ ၁၉၅၄ - S. Class ခေါ် အထူးတန်း အခွင့်အရေးရသဖြင့် (၃)နှစ်နှင့် ၀ိဇ္ဇာဘွဲ့ကိုရရှိခဲ့။ ထို့နောက် ရန်ကုန် တက္ကသိုလ် အင်္ဂလိပ် စာဌာနတွင် နည်းပြ(၂)နှစ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၅၆ -သမိုင်းကော်မရှင်(နောင် သမိုင်းသုတေသန ဦးစီးဌာန)တွင် ကျမ်းပြုအရာရှိအဖြစ် ခန့်ထားခြင်းခံရ။ အမှုထမ်းရင်း သမိုင်းမဟာဝိဇ္ဇာတန်းကို တက်ခဲ့။ ၁၉၅၇ - ၅၉ - နိုင်ငံသမိုင်းသုတေသန ဦးစီးဌာနတွင် အကြီးတန်းသုတေသနမှုးအဖြစ် အမှုထမ်းစဉ် မြန်မာ့ သမိုင်းအထောက်အထားများ ကူးယူစုဆောင်းရေးစီမံကိန်းအရ အင်္ဂလန်နိုင်ငံသို့ သွားရောက် တာဝန် ထမ်းဆောင်။

ပြုစုရေးသား ပုံနှိပ်ပြီး ကျမ်းများ

၁၉၅၉ - မဟာဝိဇ္ဇာ-သမိုင်းဘွဲ့ရရှိ။

၁၉၆၃ - ဘင်္ဂလားသွား စာတမ်း - တည်းဖြတ်

၁၉၆၈ - ရတနာသိင်္ခမြို့ထွက် ရဲတင်းမော်ကွန်း - တည်းဖြတ်

၁၉၇၈ - မြန်မာနိုင်ငံ အခြေအနေ (၁၈၈၅ - ၈၆)

၁၉၈၁ - ပဒေသရာဇ် မြန်မာနိုင်ငံ ဇာတ်သိမ်း

၂၀၀၂ - လက်ရွေးစင် သုတေသန စာတမ်း၊ ဆောင်းပါး အပုဒ် ၅၀ စုစည်း၍ သမိုင်း ရှာပုံတော် ခရီးနှင့် အခြား စာတမ်းများ စာအုပ်

၂၀၀၃ - မဟာ ဝန်ရှင်တော် မင်းကြီး အုပ်ချုပ်ရေး (၁၈၈၆ - ၉၇)

၂၀၀၄ - ကုန်းဘောင်၏ နောက်ဆုံး အားမာန်

၂၀၀၅ - ကိုလိုနီ ခေတ်ဦး ကျေးရွာ အုပ်ချုပ်ရေး (၁၈၈၆ - ၉၇)

၁၉၈၅ - ၁၉၉၀ - အမှတ် (၁) စက်မှု ဝန်ကြီး ဌာနတွင် မြန်မာနိုင်ငံ စက်မှု လက်မှု သမိုင်း ၆ အုပ်၊ အကြံပေး ပြုစု ရေးသားသည်။

၂၀၀၅ - မြန်မာသမိုင်းနှင့် ဆက်နွယ်သော အနောက်နိုင်ငံသားများ

၂၀၀၆ - Selected Writings of Daw Kyan

၂၀၀၆ - ကျမ်းသုတေသနပြုခြင်း

၂၀၀၆ - ကုန်းဘောင်ခေတ် မြန်မာ့ ရဲမက်တော်များ

၂၀၀၇ - ရွှေတိဂုံ စေတီတော်ကြီးမှ ကြေးအုတ်များ စာတမ်းကို ဒေါက်တာ ရီရီနှင့် ပူးတွဲ ပြုစုသည်။

၂၀၀၈ - သမိုင်းဟူသည်နှင့် အခြားစာတမ်းများ


လုပ်ဆောင်ခဲ့သော တာဝန်များ

၁၉၇၇ - Cultural Award Scheme ဖြင့် သြစတေးလျနိုင်ငံ မြို့ကြီးများသို့ သွားရောက်လေ့လာခဲ့။ ထို့နောက် သက်ပြည့် အငြိမ်းစားယူပြီး သမိုင်းသုတေသနဦးစီးဌာနမှာပင် အကြံပေးပုဂ္ဂိုလ်အဖြစ် (၄)နှစ်ဆက်လက်တာဝန် ထမ်းဆောင်။ အငြိမ်းစား ယူပြီးနောက်တွင်လည်း အမှတ်(၁)စက်မှုဝန်ကြီးဌာနတွင် မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်း (၆)အုပ်ကို အကြံပေးပုဂ္ဂိုလ်အဖြစ် ၀င်ရောက်ရေးသားပြုစုသည်။ ဆရာမ ကြီးသည် နိုင်ငံသမိုင်း သုတေသနစာတမ်း ကြီးငယ်များ၊ သမိုင်းဆောင်းပါးများနှင့် အင်္ဂလိပ် ဘာသာဖြင့်ရေး သားသော ဆောင်းပါးများကို များစွာရေးသား ခဲ့သည်။ မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ်၊ စာပေနှင့် လူမှုရေးသိပ္ပံဂျာနယ်၊ သမိုင်းတံခွန်၊ သမိုင်းသုတေသန စာစောင်၊ ပညာပဒေသာစာစောင်၊ ကလျာ၊ စစ်ပြန်၊ မြ၀တီ၊ ငွေတာရီ၊ မိုးဝေ၊ နိုင်ငံ့ဂုဏ်ရည်၊ ဂန္တ၀င်မဂ္ဂဇင်း တို့တွင် ဆောင်းပါးများ၊ စာတမ်းများရေးသား။

၁၉၇၈ - မြန်မာနိုင်ငံအခြေအနေ(၁၈၈၅-၈၆) စာအုပ်ထွက်ရှိ။ (ယင်းစာအုပ်ဖြင့် အမျိုးသားစာပေဆု(သုတ၀ိ ဇ္ဇာ)ဆုရရှိခဲ့)။ ၁၉၈၁ - ပဒေသရာဇ် မြန်မာနိုင်ငံဇာတ်သိမ်း စာအုပ်ပြုစုထွက်ရှိ။ ၂၀၀၂ - သမိုင်းရှာပုံတော် ခရီးနှင့် အခြားစာတမ်းများ စာအုပ်ထွက်ရှိ။ (ယင်းနှစ်အတွက် အမျိုးသားစာပေ(သုတ၀ိဇ္ဇာ)ဆုရရှိ။) ၂၀၀၃ - မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေး(၁၈၈၆-၁၈၉၇)စာအုပ်ထွက်ရှိ။ အမျိုးသားစာပေ(သုတ၀ိဇ္ဇာ)ဆုရရှိ။ ၂၀၀၄ - ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆု ချီးမြှင့်ခံရ။ ကုန်းဘောင်၏နောက်ဆုံးအားမာန် စာအုပ် ထွက်။ ဆရာမကြီးမကြန်သည် အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့ဝင် မြန်မာ့စွယ်စုံ ရည်ညွှန်းကျမ်း အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်လျှက်ရှိ။ မြန်မာစာအဖွဲ့ ဦးစီးဌာနတွင်လည်း အချိန်ပြည့် မြန်မာစာအဖွဲ့ ၀င်အဖြစ် တာဝန် ထမ်းဆောင်လျှက်ရှိ။

ရေးသားထုတ်ဝေပြီးစာအုပ်များ

၁။အင်္ဂလန်သွားစာတမ်း(တည်းဖြတ်)

၂။ရတနာသိင်္ခထွက်ရဲတင်းမော်ကွန်း(တည်းဖြတ်)

၃။မြန်မာနိုင်ငံ အခြေအနေ(၁၈၈၅-၈၆)

၎။ပဒေသရာဇ် မြန်မာနိုင်ငံ ဇာတ်သိမ်း

၅။ရွှေတိဂုံစေတီတော်ကြီး ကြေးအုပ်များစာတမ်း(ဒေါက်တာရီရီနှင့်တွဲဖက်ပြုစု)

၆။သမိုင်းရှာပုံတော်ခရီးနှင့် အခြားစာတမ်းများ

၇။မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်ရေး (၁၈၈၆-၁၈၉၇)

၈။ကုန်းဘောင်၏နောက်ဆုံးအားမာန်
http://www.arakanfolks.com မှကးယူဖော်ပြပါသည်

ညွန့်ဦး (ဦးသာညွန့်) [၁၉၂၄ - ၂ဝဝဝ]

ရခိုင်ပြည်နယ် သံတွဲမြို့တွင် အဖ ဦးသာအောင်၊ အမိ ဒေါ်အေးညွန့်တို့က ၁၉၂၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ တက္ကသိုလ်ဝင် စာမေးပွဲ (၁၉၄ဝ)၊ ဝိဇ္ဇာဘွဲ့(၁၉၅၃)၊ ဥပဒေ ဝိဇ္ဇာဘွဲ့ (၁၉၆၆) ရရှိ ခဲ့သည်။ ၁၉၆၁- ၆၂ တွင် အမေရိကန်နိုင်ငံ ဆရာကျူ့ (ခ်) တက္ကသိုလ်၌ စာနယ်ဇင်းပညာ သင်ယူ ခဲ့သည်။

၁၉၄၁ ခုတွင် ရန်ကုန်သို့ ရောက်ရှိပြီး ဘီအိုစီ ကုမ္ပဏီ (ဓနိတော)တွင် ဝင်ရောက် အမူ ထမ်းသည်။ ၁၉၄၂ ခုတွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုအေ)သို့ ဝင်ရောက်သည်။ ဂျပန် တော်လှန်ရေးတွင် တိုင်း (၄) လက်အောက်၌ တာဝန် ထမ်းခဲ့သည်။ ဗိုလ်စံရှား (ခေါ်) သခင်သာညွန့်အမည် တွင်သည်။ ၁၉၅၃ - ၇၃ ထိ စာပေ ဗိမာန်တွင် အယ်ဒီတာ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်တိုင်း တရားရုံး အချိန်ပိုင်း တရား သူကြီး အဖွဲ့ဝင် (၁၉၇၁)၊ အထူးရာဇဝတ် ခုံရုံးအဖွဲ့ဝင် (၁၉၇၃)၊ ဥပဒေဝန်ထမ်း အဆင့် (၂)၊ အချိန်ပိုင်း တိုင်းတရားသူကြီး (၁၉၈၄ - ၁၉၈၆) တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။ ၁၉၈၄ တွင် တိုင်းတာ ဝန်ခံ ဥပဒေဝန်ထမ်း အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။

အလယ်တန်း ကျောင်းသား ဘဝမှ စ၍ ကဗျာ၊ ဆောင်းပါး များကို သူရိယ သတင်းစာ၊ တိုးတက်ရေး သတင်း စာ၊ ဒို့လက်ရုံးသတင်းစာ (စစ်တွေ) နှင့် ဒီးဒုတ်ဂျာနယ် တို့တွင် ရေးသားခဲ့သည်။ စာပေဗိမာန်ထုတ် ကျမ်းများ၊ မဂ္ဂဇင်းဂျာနယ်များနှင့် ပြင်ပစာနယ်ဇင်းများတွင် ဆောင်းများစွာ ရေးသားခဲ့၏။ ပြုစုခဲ့သော စာအုပ်အချို့မှာ သားလှရွှေသွေး၊ လယ်ယာရွှေမြေ၊ အိန္ဒုနှင့် မြစ်ဝါ၊ အမတ်ဒိန်၊မဂဒူး၊ သင်္ဂါယနာ၊ သတ္တု ခေတ်၊ ဘဂဝတ် ဂီတကျမ်း [ဦးမျိုးသန့်နှင့် တွဲဖက်၍]၊ မှတ်ဉာဏ် ထက်သန် စေလိုသော် တို့ ဖြစ်ကြသည်။ ဦးသာညွန့်၏ အခြား ကလောင်အမည်များမှာ သံခဲ သံတွဲ၊ ရဲရွှေညွန့်တို့ ဖြစ်သည်။ လွတ်လပ်ရေး မော်ကွန်း ဝင် (ပထမဆင့်) ချီးမြှင့် ခံရသည်။

၂ဝဝဝ ပြည့်နှစ် ဇူလိုင် ၇ ရက်နေ့တွင် နှလုံး ရောဂါဖြင့် ရန်ကုန် မြို့၌ ကွယ်လွန် ခဲ့သည်။



 http://www.arakanfolks.com ကူးယူဖော်ပြပါသည်

ဦးမေအောင်-ရခိုင် (၁၈၈၀-၁၉၂၆)

ကိုလိုနီခေတ် မြန်မာ့သမိုင်းတွင် စွယ်စုံ ထူးချွန်သော ပညာရှင် တစ်ဦးမှာ ဦးမေအောင် (၁၈၈ဝ – ၁၉၂၆ ) ဖြစ်သည်။ ဦးမေအောင်သည် ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားရေး၊ ပညာရေးနှင့် စာပေ ယဉ်ကျေးမှု နယ်ပယ် အသီးသီးတွင် ရှေ့တန်းမှ ဦးဆောင်ဦးရွက် ပါဝင်ခဲ့သူ တစ်ဦး ဖြစ်သည်။ ဦးမေအောင် သည် နိုင်ငံရေးနှင့် ပတ်သက်လျှင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အလွန် အရေးပါခဲ့သော ဝိုင် အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (၁၉ဝ၆) ကို ပြုစုပျိုးထောင်သူ၊ ရန်ကုန်မြို့ တွင် ပထမဆုံးအကြိမ် ကျင်းပသော ဝိုင်အမ်ဘီအေ အသင်းများ အစည်းအဝေးတွင် ချယ်ယာမင် (သဘာပ တိ) အဖြစ် ဆောင်ရွက်ခဲ့သူ၊ ၁၉၁၇ ခုနှစ်တွင် ကာလကတ္တားသို့ အန္ဒိယနိုင်ငံ ဆိုင်ရာ အတွင်းဝန် မွန်တေ ဂူနှင့် သွားရောက် တွေ့ဆုံရန် ဝိုင်အမ်ဘီအေမှ ရွေးချယ်စေလွှတ်သော ကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် သွား ရောက်ခဲ့သူ တစ်ဦး ဖြစ်သည်။
အုပ်ချုပ်ရေး နယ်ပယ်တွင် အစိုးရ ရှေ့နေတစ်ဦးအဖြစ် လည်းကောင်း၊ ဒိုင်အာခီ အုပ်ချုပ်ရေးတွင် ဒုတိယ မြောက် ပြည်ထဲရေး ဝန်ကြီးချုပ် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ တရားဥပဒေ လောကတွင် ထူး ချွန် ထက်မြက်သော ဝတ်လုံတော်ရ၊ တရားသူကြီး၊ တရားလွှတ်တော် တရားဝန်ကြီး၊ မြန်မာ ဗုဒ္ဓဘာသာ တရားဥပဒေနှင့် ပတ်သက်၍ အဆုံးအဖြတ် ပေးနိုင်သူ ပညာရှင်တဦးအဖြစ်သတ်မှတ်ခံရသည်။ပညာရေးနှင့် ပတ်သက်လျှင် ဥပဒေ ပညာကို အင်္ဂလန်ပြည် ကိန်းဘရစ် တက္ကသိုလ်၌ သင်ကြားခဲ့၍ ဥပဒေဘွဲ့(L.L.B) နှင့် မဟာ ဝိဇ္ဇာဘွဲ့ (M.A) ရခဲ့သည်။ ဝတ်လုံဘွဲ့ (Barrister at Law) ကို လင်ကွန်းအင်း ဥပဒေကျောင်း မှ အောင်မြင်၍ မြန်မာ ပညာရေး ဆင်ဒီကိတ် အဖွဲ့မှ ချီးမြှင့်သည့် ဘီဂန်ဒက် ရွှေတံဆိပ် ရရှိခဲ့သည်။ ထိုဆု မှာ ဘက်စုံ ပညာ ထူးချွန်သူများကို ချီးမြှင့်သည့် အဆင့်မြင့် ပညာရေးဆု တစ်ဆု ဖြစ်သည်။ ရန်ကုန် တက္က သိုလ် ဥပဒေ ဌာန၏ ပထမဦးဆုံးသော အချိန်ပိုင်း ဥပဒေ ပါမောက္ခ (၁၉၂၁ – ၂၂) အဖြစ်လည်း ဆောင်ရွက်ခဲ့ သည်။
စာပေ ယဉ်ကျေးမှုနှင့် ပတ်သက်၍ ဦးမေအောင်သည် မြန်မာ စာပေ မြန်မာ့ ယဉ်ကျေးမှု မြန်မာ့ ဓလေ့တို့ကို အထူးရိုသေ လေးစားသူတစ်ဦးအဖြစ်ထင်ရှားသည်။ငယ်စဉ်က မြန်မာစာပေ၊ မြန်မာ့ရာဇဝင်ကို ကျောင်းတွင် ဘာသာရပ် တစ်ခု အဖြစ် စနစ်တကျ သင်ကြားခွင့်မရသော်လည်းဘိလပ်ပြန်ဝတ်လုံတော်ရဘဝတွင် မြန်မာ ပညာရှိများထံ တပည့်ခံ၍ လေ့လာ လိုက်စား ခဲ့သည်။ အထူးသဖြင့် ဆရာလွန်း (မစ္စတာ မောင် မှိုင်း) အား ဆရာတင်၍ ပညာရှာခဲ့သည်။ ဤသို့ဖြင့် ၁၉၁၂ ခုနှစ်တွင် ပေ၊ ပုရပိုက်တွင် တိမ်မြုပ်နေသည့် ဧချင်းများကို စနစ်တကျ တည်းဖြတ်၍ ဧချင်းဟောင်း ၁၂ စောင်တွဲ အမည်ဖြင့် ထုတ်ဝေခဲ့သည်။ မော်လမြိုင်မြို့ ရမ္မာပူရ စာပုံနှိပ်တိုက်တွင် ပုံနှိပ်၍ ကိုယ်တိုင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ရမ္မာပူရ စာပုံနှိပ်တိုက်မှာ ယောက္ခမ ဦးထွန်း ဖြူပိုင် ပုံနှိပ်တိုက် ဖြစ်သည်။ ဧချင်းဟောင်း ၁၂ စောင်တွဲတွင် -
   1. ရခိုင်မင်း (အဒူမင်းညို)
   2. သခင်ထွေး ဧချင်း (ရှင်သူရဲ)
   3. မင်းတရား ရွှေထီး ဧချင်း (လှော်ကားသုံးထောင်မှူး)
   4. မင်းတရား ရွှေထီးနားတော်သွင်း ဧချင်း (လှော်ကားသုံးထောင်မှူး)
   5. မင်းတရားမယ်တော် ဧချင်း (နဝဒေးကြီး)
   6. နတ်သျှင်မယ်တော် ဧချင်း (ဆီးကိုင်းစား)
   7. မဟာဥပရာဇ ဧချင်း (တလုပ်မြို့စား)
   8. မင်းရဲကျော်စွာစုန် ဧချင်း (ရာဇဗာဟု)
   9. သခင်ကြီး ဧချင်း (ပယ်သူငယ်စား ရှင်မြတ်ခေါင်)
  10. ယိုးဒယား မိဖုရား ဧချင်း (နဝဒေးကြီး)
  11. မင်းရဲနရာ ဧချင်း (မင်းဇေယရန္ဓမိတ်)
  12. မင်းရဲဒိဓ္ဓ ဧချင်း (ရှင်သံခို) တို့ ပါဝင်သည်။
ဦးမေအောင် တည်းဖြတ်သော ဧချင်းဟောင်း ၁၂ စောင်တွဲ ထွက်ပေါ် လာသောအခါ မြန်မာနိုင်ငံ သုတေ သန အသင်းဂျာနယ် (JBRS) အတွဲ ၂၊ အပိုင်း ၁ (၁၉၁၂)တွင် ပါမောက္ခ ဒူရွိုင်ဆယ် (Mon. C. Duroiselle) က Old historical ballad (1) အမည်ဖြင့် အကျယ်တဝင့် ရေးသား ချီးကျူးပါသည်။ တည်းဖြတ်သူကိုယ်တိုင် နိဒါန်း၊ ရှင်းလင်းချက်များနှင့် စနစ်တကျ ဆောင်ရွက်ခဲ့ရာ နောင်အခါ မြန်မာနိုင်ငံ သုတေသန အသင်းက တည်း ဖြတ် ထုတ်ဝေသည့် မြန်မာကျမ်းပေါင်း ၄၆ ကျမ်း၏ ရှေ့ပြေးဟု ဆိုနိုင်ပါသည်။ အထူးသဖြင့် ထိုအချိန် က မြန် မာစာပေ အားပေးမှု အဆင့်အတန်းမှာ များစွာ နိမ့်ကျ မျက်နှာငယ်စရာဦးမေအောင်ကဲ့သို့ဘိလပ်ပြန် ဝတ်လုံ တော်ရ တဦးက မြန်မာစာပေကို အလေးမူ ဆောင်ရွက်ခဲ့ခြင်းသည် ဂုဏ်ယူဖွယ်ပင် ဖြစ်သည်။ ဦးမေအောင် သည် ဝိုင်အမ်ဘီအေက ကြီးမှူး ဖွင့်လှစ်သော မြန်မာ ကဗျာလင်္ကာ သင်တန်းများတွင်လည်း ပါဝင် ပို့ချခဲ့ ပါသည်။
၁၉၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့ ပဲခူးခရိုင် ဝန်ရှင်တော်မင်းကြီး ရုံး၌ ဗြိတိသျှ ပဋိညာဉ်ခံ အရာ ရှိများ ရွေးချယ်ရန် စုံစမ်းသည့် ဆွေးနွေးပွဲ တခု ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ဘိလပ် ပြန် ဝတ်လုံတော်ရ ဦးမေအောင်သည် ရိုးရာ ခေါင်းပေါင်းဖြူဖော့လုံး၊ ထိုင်မသိမ်း အင်္ကျီ၊ တောင်ရှည် ပုဆိုးတို့ ကို မြန်မာ့ ယဉ်ကျေးမှု အတိုင်း ဝတ်ဆင်ခဲ့ရာ သူရိယ သတင်းစာ အယ်ဒီတာ ဆရာလွန်းသည် အားရဝမ်းသာ ‘ပဋိညာဉ်ခံဘွဲ့ တေးထပ်’ ရေး၍ ချီးကျူးခဲ့သည်။ ယင်းတေးထပ်ကို သူရိယ သတင်းစာ (၁၈ ဖေဖော်ဝါရီ ၁၉၁၃) တွင် ဖော်ပြခဲ့သည်။
“မျိုးမြန်မာ ညှိုးရှာခဲ့ပြီမို့၊ ကိုးရာမဲ့ချိန်တွင်၊
ရိုးရာကွယ့်မတိမ်ချင်တယ်၊ ပဋိညာဉ်ခန့်ပွဲ။ ။
မြင်ရချက် ကိုယ်သဏ္ဌာန်မှာ၊ ဗိုလ်ဆံ ဆံ များကြားသဘဲ။ ။
နန်းစရိုက် ကျမ်းသိုက်နွယ်တယ်၊ လွမ်းလိုက်ဖွယ်တပွဲ။ ။
မန်းဂိုက်နှယ်ဆင်နွှဲလို့၊ သွင်တနဲတင့်အောင်။ ။
ဖော့လုံးဖြူ မြိုင်မြိုင်ထိန်းပါလို့၊ ထိုင်မသိမ်းဝတ်လို့မြင်ယောင်။ ။
မင်းတပါး ဦးမေအောင်မှာ၊ မှူးကေသျှောင် သဒ္ဓါမြို့ပါလို့၊
မြန်မာတို့ ကိုးကြစရာ၊ ဖြိုးကသမ္ဘာ၊
သြဘာဆုခွန်းလှစ်ဖြာတယ်၊ သွန်းမေတ္တာလောင်းပါရဲ့လေး။ ။”
ဟူ၍ ဖြစ်သည်။
ဦးမေအောင်၏ ထင်ရှားသော ဥပဒေ စာအုပ်မှာ မြန်မာ ဗုဒ္ဓဘာသာ ဓမ္ဓသတ် ဥပဒေများနှင့် ပတ်သက်သည့် A Selection of Leading Cases on Buddhist Law ဖြစ်သည်။ ယင်းစာအုပ်ကို ၁၉၁၄ တွင် Part I. Matrimonial Law၊ ၁၉၁၆ ခုနှစ်တွင် Part II. Adoption, Pre-emption Gift, and Religious Usage၊ ၁၉၁၉ တွင် Part III. Succession and Inheritance ဟူ၍ ထွက်ပေါ်လာသည်။ ၁၉၂၆ ခုနှစ်တွင် ထုတ်ဝေပြီး ၃ ပိုင်းကို ပေါင်း၍ ဒုတိ ယအကြိမ် ထပ်မံ ပုံနှိပ်သည်။ ဒုတိယ အကြိမ်မူတွင် တည်းဖြတ်သူ မောင်အေးမောင် M.A., LL.B (Cantab) of Middle Temple, Barrister at -Law ဖြစ်သည်။

မောင်အေးမောင်မှာထက်မြက်သောဥပဒေပညာရှင်ဖဆပလခေတ်တရားရေးဝန်ကြီး ဒေါက်တာ အေးမောင်
ဖြစ်သည်။ ဦးမေအောင်သည် ဗုဒ္ဓဘာသာ ဓမ္မသတ် ဥပဒေ စာအုပ်ဖြင့် ၁၉၂၂ ခုနှစ်တွင် ကိန်းဘရစ် တက္က သိုလ်မှ ဥပဒေ မဟာဝိဇ္ဇာဘွဲ့ (L.L.M) ထပ်မံ ချီးမြှင့် ခံရသည်။
ဦးမေအောင်၏ စွယ်စုံ ထက်မြက်သော အရည်အချင်းများကို ထောက်၍ ထိုခေတ် အုပ်ချုပ်သူ ဗြိတိသျှ ပညာတတ် အသိုင်းအဝိုင်း၊ အိုင်စီအက်စ် ဝန်ထမ်းများကပင် မြန်မာ တိုင်းရင်းသာတို့၏ ပင်ကိုဉာဏ် ထူးချွန် ထက်မြက်မှု၊ ယဉ်ကျေးမှု အဆင့်တန်း မြင့်မားမှုတို့ကို ဝန်ခံခဲ့ကြသည်။ပညာရေးနယ်ပယ်တွင် မြန်မာနိုင်ငံ၏ တခုတည်းသော သက်တမ်းရှည်ကြာ ကျန်ရစ်သည့် မြန်မာနိုင်ငံ သုတေသန အသင်း (၂၉ မတ် ၁၉၁ဝ) ကို တည်ထောင်ခဲ့သူများတွင် တဦး အပါအဝင် ဖြစ်သည်။ အသင်းကြီး၏ တိုးတက်ရာ တိုးတက်ကြောင်းကို အားသွန်ခွန်စိုက် တက်တက်ွ့ကွ့က အမြဲပါဝင် ဆောင်ရွက်ခဲ့သူ တဦး ဖြစ်သည်။ အသင်းကြီး၏ နှစ်ပတ်လည် အစည်းအဝေးများ၊ ဆပ်ကော်မတီ အစည်းအဝေးများတွင် အစဉ်အမြဲ ဆွေးနွေး အကြံပေးသော ပုဂ္ဂိုလ် တဦးလည်း ဖြစ်သည်။ စိတ်ဝင်စားဖွယ် အကြံကောင်း ဉာဏ်ကောင်းများကို ပေး၍ အသင်း လုပ်ငန်းများတွင် စိတ်ရောကိုယ်ပါ နှစ်မြုပ် ထားနိုင်သူ ဟုလည်း သတ်မှတ်ခံရသည်။ အထူးသဖြင့် စကားပြော ကောင်းသူ၊ သွက်လက်သူ၊ စွယ်စုံ ထူးချွန်သူဟု ထင်ရှားသည်။ ကျောက်စာဝန် မစ္စတာ တော်စိန်ခို သည် မြန်မာနိုင် ငံ ရှေးဟောင်း သုတေသန တွေ့ရှိချက် အထောက်အထားများနှင့် ပတ်သက်၍ တရုတ် ယဉ်ကျေးမှု သြဇာ အ လေးပေး တင်ပြတိုင်း ပွင့်ပွင့်လင်းလင်း ကန့်ကွက် ဆွေးနွေးလေ့ ရှိသူတဦး ဖြစ်သည်။ ထိုကန့်ကွက်ချက် များကို အသင်းမှ ထုတ်ဝေသော မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် တွေ့ရှိနိုင်ပါသည်။ ဦးမေ အောင်သည် မြန်မာနိုင်ငံ သုတေသန အသင်းကြီး၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် နှစ်ပေါင်များစွာ ရွေးချယ် ခံခဲ့ရရုံ မျှမက ဥက္ကဋ္ဌ၊ ဆပ်ကော်မတီဝင်၊ ဂုဏ်ထူးဆောင် သုတေသန ဂျာနယ် အယ်ဒီတာ တာဝန်များကိုပါ ထမ်း ဆောင်ခဲ့သည်။ အသင်းမှ ကြီးမှူး ကျင်းပသော မြန်မာစာပေ ပြိုင်ပွဲများတွင် အကဲဖြတ် လူကြီး၊ ဆုငွေအတွက် အလှူရှင်၊ မြန်မာကျမ်းများ ပုံနှိပ် တည်းဖြတ် ထုတ်ဝေရေး အဖွဲ့ သဘာပတိ တာဝန်များ ကိုလည်း ဆောင် ရွက်ခဲ့သည်။ အသင်းမှ ထုတ်ဝေသော မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် စာအုပ် ဝေဖန်ချက်၊ စုံစမ်း မေးမြန်းချက် မှတ်စုတို၊ အယ်ဒီတာ့ထံ ပေးစာနှင့် သုတေသန ဆောင်းပါး များ ရေးသာခဲ့ရာ ယင်းတို့မှာ -
   1. ‘Inaugural address.’ JBRS. Vol.1, (Jun 1911) P.2-9.
  2. . ‘Shwe Zan Aung’s logic in Burmese (Myanmar)’ JBRS. Vol.1, Pt.1 (June 1911) P. 113-117
   3. ‘Note on Saya Thein’s Shin Sawbu.’ JBRS. Vol.1, Pt.2 (Dec 1911) P.16-18
  4. ‘Critical note on Mr.Taw Sein Ko’s paper on ‘The Chinese antiquities of Pagan.(Bagan).’ JBRS. Vol.1, Pt.2 (Dec 1911) P.43-46.
   5. ‘Shwe Nat-Taung Thamaing. ‘JBRS. Vol.1, Pt.2 (Dec 1911) P.56-57.
   6. ‘Name of Burmese(Myanmar)Kings.’ JBRS. Vol.1, Pt.1 (June 1911) P.83-84.
   7. ‘Garu and Lahu.’ JBRS. Vol.1, Pt.1 (June 1911) P.88-91
   8. ‘The chronology of Burma(Myanmar).’ JBRS. Vol.2, Pt1 (June 1912) P.8-29
   9. ‘Prome and Pyus’. JBRS. Vol.2, Pt.1 (June 1912) P.72-74
   10. ‘Origin of the world”Talaing”.’ JBRS. Vol.2, Pt.1 (June 1912) P. 73-74
  11. ‘To the editor,Rangoon (Yangon) Gazette’. JBRS. Vol.2, Pt.1 (June 1912) P. 80-81, 83-84, 86-87
  12. ‘Burmese(Myanmar) prosody’. JBRS. Vol.2, Pt.1 (June 1912) P.92-93
  13. ‘The Burmese (Myanmar)era.’ JBRS. Vol.2, Pt.2 (Dec 1912) P.197-203
  14. ‘Note to the legend of the Kyaukwaing Pagoda.’ JBRS. Vol.2, Pt.2 (Dec 1912) P.217
  15. ‘Burmese spelling’. JBRS. Vol.2, Pt.2 (Dec 1912) P. 260-262
  16. ‘Archaeology in Burma (Myanmar).’ JBRS. Vol.2, Pt.2 (Dec 1912) P. 267-269.
  17. ‘Burmese sketches.’ JBRS. Vol.3, Pt.2 (Dec 1913) P. 191-192.
  18. ‘The derivation of Ramanna.’ JBRS. Vol.4, Pt.2 (Dec 1914) P. 148.
  19. ‘Note on Saya Thein’s Let-we-thondara.’ JBRS. Vol.6, Pt.2 (Dec 1916) P.9.
  20. ‘Some Mon Place-names.’ JBRS. Vol.7, Pt.2 (Dec 1917) P. 143-145.
မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် ဦးမေအောင် ရေးသာခဲ့သော ဝေဖန်ချက်၊ မှတ်ချက်၊ ဆွေး နွေးချက်၊ သုတေသန စာတမ်းများ အနက် မွန်ဒေသ အမည်များ (Some Mon Place- name’s) နှင့် မြန်မာပြည် ရက်စွဲသမိုင်း (Chronology of Burma) တို့မှာ စိတ်ဝင်စားဖွယ် ကောင်းသည်နှင့် အမျှ ပညာရှင်များ၏ နှစ်သက် ခြင်း ခံရသည်။ မွန်ဒေသ အမည် အချို့တွင် အောက်မြန်မာနိုင်ငံရှိ ရန်ကုန်၊ ကမာရွတ်၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ကျိုက္ကဆံ၊ သင်္ဃန်းကျွန်း၊ ကော့ချဲ၊ ဓားပိန်၊ ပဲခူး၊ ဇိုင်ဂနိုင်၊ စစ်တောင်း၊ မုတ်ပလင်၊ ကျိုက်ကသာ၊ ကျိုက်ထို၊ သထုံ၊ ဇင်းကျိုက်၊ ပေါင်၊ မုတ္တမ၊ မော်လမြိုင်၊ ထားဝယ်၊ တနင်္သာရီ၊ မှော်ဘီ၊ သာယာဝတီ၊ တာပွန်၊ သံလျှင်၊ ဒလ၊ ခနောင်တို၊ တွံတေး၊ ဒေးဒရဲ၊ ဖျာပုံ၊ ညောင်တုန်း၊ ကျုံပျော်၊ ပုသိမ် ဒေသ အမည် ၃၃ မျိုး၏ မွန်ဝေါဟာရ ရင်းမြစ်များကို တင်ပြထားပါသည်။ မြန်မာပြည်ရက်စွဲ သမိုင်း သုတေသန စာတမ်းကို အင်္ဂလိပ်ဘာသာရေး ရည်ညွှန်းကျမ်း ၁၇ ကျမ်း၊ မြန်မာဘာသာရေး ရာဇဝင် သမိုင်းကျမ်း ၂၅ ကျမ်းကို စနစ်တကျ ကိုးကား၍ ဘီစီ ၈ ရာစုခန့် တကောင်းဒေသတွင် အဘိရာဇာ နန်းစိုက်သည်မှ အေဒီ ၁၇၅၂ ရွှေဘိုတွင် အလောင်းမင်းတရား ကုန်းဘောင်ဆက် စတင်သည် အထိ ရက်စွဲ သက္ကရာဇ်ဖြင့် မြန်မာ့သမိုင်းကို ရေးသားထားသည်။ ကိုးကား ရည်ညွှန်းရာ မြန်မာ ရာဇဝင်ကျမ်း ၂၅ ကျမ်းတွင် ဦးကုလား ရာဇဝင်၊ တွင်းသင်း ရာဇဝင်၊ ရာဇဝင်ကျော်၊ သံလျင်ရာဇဝင်၊ မဟာမုနိသမိုင်း၊ မဟာဇေယျ၏ ရခိုင် ရာဇဝင်၊ ရခိုင် မင်းသမီး ဧချင်း တို့မှာ ပုံနှိပ်မူ မထွက်သေး၍ ပေးမူများကို လေ့လာပြီး ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုကြောင့် ဦးမေအောင် ရုတ်တရက် ကွယ်လွန်ချန်တွင် ပါဠိ ပါမောက္ခ ဦးဖေတင်မောင်က သုတေသန ဂျာနယ်တွင် ဝမ်းနည်း မှတ်တမ်း ရေးသောအခါ “ဦးမေအောင်သည် သုတေသန နယ်ပယ်တွင် ဇောက်ချခဲ့လျှင် ပထမတန်းစား သုတေသန ပညာရှင် အဖြစ် တွေ့နိုင်ကြောင်း” The Chronology of Burma (Myanmar) စာတမ်းကို ထောက်၍ မှတ်ချက် ချခဲ့ပါသည်။
ဦးမေအောင်၏ အခြား ထင်ရှားသော ယဉ်ကျေးမှု စာတမ်းမှာ ၁၉၁ဝ ခုနှစ် လန်ဒန်မြို့ လွိုက်ကရိတ်တာ ဗြိ တိန် ပုံနှိပ်တိုက်မှ ထုတ်ဝေသည့် Twentieth Century Impression of Burma (Myanmar) ၂ဝ ရာစု မြန်မာ့ ပုံရိပ်တွင် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ဆိုင်ရာ ‘Burmese (Myanmar) Manners and Customes’ စာတမ်း ဖြစ် သည်။
ဦးမေအောင်ကို ၁၈၈ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တွင် စစ်တွေမြို့၌ အဖ ဦးသာဒိုးဖြူး၊ အမိ ဒေါ်နှောင်း ဒွေးတို့မှ ဖွားသည်။ မွေးချင်း ၄ ယောက်တွင် ဒုတိယမြောက် သားဖြစ်သည်။ ငယ်စဉ်ကပင် မိဘများ ကွယ် လွန်၍ အမေ့ဘက်မှ ဦးကြီး ဖြစ်သူ ဦးလှအောင်၊ ဒေါ်မြမေတို့က အိန္ဒိယသို့ ခေါ်ယူ၍ ကာလကတ္တားတွင် ပညာသင်ခဲ့ရသည်။ ဦးလှအောင်မှာ မြန်မာ တိုင်းရင်းသားများ ထဲမှ တဦးတည်းသော မဒရပ် ငွေတိုက် မင်းကြီး အဖြစ် အမှု ထမ်းရွက်ခဲ့ရ၍ ငွေစာရင်း မင်းကြီး ဦးလှအောင် အဖြစ် ထင်ရှားသည်။ ဒေါ်မြမေမှာ စစ်ကဲ ဦးထော်လေး၏ သမီးဖြစ်၍ မင်းကြီးကတော် ဒေါ်မြမေဟု လူသိများသည်။ ဦးမေအောင်မှာ စစ်ကဲ ဦးထော်လေး၏ ဒုတိယ အိမ်ထောင်မှ မွေးဖွားသည့် သမီး ဒေါ်မြမေ၏ ခင်ပွန်း ငွေတိုက်မင်းကြီး ဦးလှအောင် ၏ တူဖြစ်သည်။ ဦးမေအောင်သည် ကာလကတ္တားနှင့် ရန်ကုန် အစိုးရ အထက်တန်း ကျောင်းတွင် ပညာ သင်၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ မြန်မာစာနှင့် အင်္ဂလိပ်စာ ပထမရ သဖြင့် ရနောင်း ဘုရင်ခံဆု ချီးမြှင့် ခံရသည်။ ရန်ကုန် ကောလိပ် အက်ဖ်အေ (ဥပစာတန်း) တွင် ပထမရ၍ ဂျားဒင်းဆု ထပ်မံ ရရှိသည်။ ၁၈၉၈ ခုနှစ်၊ ဘီအေ နောက်ဆုံးတန်းတွင် ပညာ သင်နေစဉ် ကျန်းမာရေး ချို့ယွင်း၍ ကျောင်းမှ ထွက်ခဲ့ရသည်။ ၁၉ဝ၂ ခုနှစ်တွင် ဒုတိယတန်း ရှေ့နေ စာမေးပွဲ အောင်မြင်ခဲ့သည်။
၁၈၉၉ ခုနှစ်တွင် မော်လမြိုင်မြို့ ရမ္မာပူရ စာပုံနှိပ်တိုက် ဦးထွန်းဖြူ၊ ဒေါ်မေတို့၏ သမီး မသိန်းမြနှင့် လက်ထပ် ခဲ့သည်။ ဒေါ်မေမှာ အခွန်ဝန် ဦးအုန်းရွှေ၊ ဒေါ်မျှား၏ သမီး ဖြစ်သည်။ ဒေါ်မျှားမှာ စစ်ကဲကြီး ဦးထော်လေးနှင့် ပထမ အိမ်ထောင်ဆက် ဒေါ်မင်းလူတို့မှ ဖွားမြင်ရာ ဒေါ်သိန်းမြမှာ စစ်ကဲကြီး ဦးထော်လေး၏ မြစ်ဖြစ်သည်။

ဦးမေအောင်သည် မြိတ်မြို့ အထက်တန်းကျောင်း အထက်တန်းပြ၊ မော်လမြိုင်မြို့ ရှင်မဗုဒ္ဓဃောသ အထက် တန်း ကျောင်းအုပ်၊ ၁၉ဝဝ ပြည့်နှစ်တွင် ရန်ကုန် မော်တင်လမ်း ဦးရွှေအိုးရေခဲစက်နှင့် သစ်ဝါးရောင်းဝယ်ရေး မန်နေဂျာအဖြစ် ဆောင်ရွက်သည်။ ၁၉ဝ၂ ခုနှစ်တွင် ဒုတိယတန်း ရှေ့နေ စာမေးပွဲ အောင်မြင်ပြီးနောက် ညီအစ်ကိုဝမ်းကွဲ တော်စပ်သူ ဦးဘလှအောင် (ငွေစာရင်း မင်းကြီး ဦးလှအောင်၊ မင်းကြီးကတော် ဒေါ်မြမေ တို့၏ တဦးတည်းသောသား) နှင့်အတူ ‘အောင်နှင့် အောင်’ အမည်ဖြင့် ရှေ့နေလုပ်ငန်းကို လုပ်ကိုင်သည်။
၁၉ဝ၄ ခုနှစ်တွင် ဦးဘလှအောင်နှင့် အတူ အင်္ဂလန်သို့ ဥပဒေ ပညာသင် ထွက်ခွာခဲ့သည်။ ၁၉ဝ၄ မှ ၁၉ဝ၇ ခုနှစ် အတွင်း အင်္ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်မှ ဥပဒေဘွဲ့ (LL.B)၊ မဟာဝိဇ္ဇာဘွဲ့ (M.A) နှင့် လင်ကွန်း အင်း ဥပဒေ ကျောင်းမှ ဘာရစ်စတာ အက်ထ်လော (Barrister-at-Law) ဝတ်လုံဘွဲ့များကို ထူးချွန် စွာ ရရှိခဲ့၍ မြန်မာနိုင်ငံ ပညာရေး ဆင်ဒီကိတ် အဖွဲ့၏ ဘက်စုံ ပညာ ထူးချွန်ဆု ဘီဂန်ဒက် ရွှေတံဆိပ် ချီးမြှင့်ခံရသည်။
၁၉ဝ၈ မှ ၁၉၂ဝ အတွင်း ဘိလပ်ပြန် ဝတ်လုံတော်ရ အဖြစ် အသက်မွေး ဝမ်းကျောင်းပြု၍ ဝိုင်အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီးတွင် ပါဝင် ဆောင်ရွက်ခဲ့သည်။ ဘိလပ်ပြန် ဝတ်လုံ တော်ရ ဦးပု (နန်းရင်းဝန် ဦးပု)၊ ပညာဝန် ဦးမုန်း၊ အငြိမ်းစားဝန်ထောက် ဦးဖေတို့နှင့် အတူ ဝိုင်အမ်ဘီအေ အသင်းများ ဖွဲ့စည်း တည်ထောင်ရေး အတွက် နယ်များသို့ ဆင်း၍ တရားဟောရာ ဝိုင်အမ်ဘီအေ အသင်း ကြီး၏ ရှေ့တန်း ဦးဆောင်သူ တဦး ဖြစ်လာသည်။ ၁၉၁၁ ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပသော အရပ်ရပ် ဝိုင်အမ်ဘီအေအသင်းများ အစည်းအဝေးကြီးတွင် ချယ်ရာမင် (သဘာပတိ) အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၁၆ ခုနှစ် ဟင်္သတမြို့တွင် ကျင်းပသော စတုတ္ထ အကြိမ် ညီလာခံတွင် အစည်းအဝေး သဘာပတိ အဖြစ် ဆောင်ရွက်သည်။ ၁၉၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ဦးဖေ၊ ဦးဘဘေ၊ ဝတ်လုံတော်ရ ဦးစု (မန္ဈလေး) တို့နှင့် အတူ အိန္ဒိယနိုင်ငံ ကာလကတ္တားသို့ သွားရောက်၍ အိန္ဒိယနိုင်ငံ ဆိုင်ရာ အတွင်းဝန် မွန်တေဂူကို တွေ့ဆုံပြီး ကိုယ်ပိုင် အုပ်ချုပ်ရေးကို တင်ပြခဲ့သည်။
ဝိုင်အမ်ဘီအေ အသင်းကြီးသည် မူလ ရည်မှန်းချက် ဖြစ်သော အမျိုး ဘာသာ သာသနာ ကိစ္စများတွင် သာမ က နိုင်ငံရေး ကိစ္စများကို ဝင်ရောက် ဆောင်ရွက်လာရာ နိုင်ငံရေး မဆောင်ရွက်လိုသူ လူကြီး အဖွဲ့နှင့် နိုင်ငံ ရေးကို ဆက်လက် ဆောင်ရွက်လိုသူ လူငယ် အဖွဲ့ ကွဲပြားလာသည်။ လူကြီး အဖွဲ့ကို ‘တူ သာ သင်း’ (ဦးဘ တူ၊ ဦးဖိုးသာ၊ ဦးသင်း) တို့က ဦးဆောင်ခဲ့ရာ ဦးမေအောင်သည် လူကြီး အဖွဲ့ဘက်သို့ ပါဝင်ခဲ့ရာမှ ၁၉၂ဝ ခုနှစ်တွင် အစိုးရ လက်ထောက် ရှေ့နေ၊ ဥပဒေ သုံးသပ်ရေး အရာရှိ၊ ဥပဒေအဖွဲ့ အတွင်းရေးမှူး၊ အစိုးရ ရှေ့နေ၊ ရန်ကုန် တက္ကသိုလ် ဥပဒေဌာန အချိန်ပိုင်း ပါမောက္ခ၊ ၁၉၂၂ ခုနှစ်တွင် တရားလွှတ်တော် တရား ဝန်ကြီး၊ ၁၉၂၄ တွင်ပြည်ထဲရေး ဝန်ကြီးချုပ် အဖြစ် ဗြိတိသျှ အစိုးရ၏ သူကောင်းပြုခြင်း ခံရသည်။ ပြည်ထဲ ရေး ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ၁၉၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ပြင်ဦး လွင်မြို့၌ ရုတ်တရက် ကွယ်လွန်ခဲ့သည်။
ဦးမေအောင်တွင် သားသမီး ၃ ဦး ထွန်းကား၍ သားကြီး သတိုးအောင်မှာ ရန်ကုန် တက္ကသိုလ် ဘီအေ နောက် ဆုံးနှစ်တွင် ပညာ သင်ကြားနေစဉ် ကွယ်လွန်ခဲ့သည်။ သတိုးအောင်မှာ ပညာထူးချွန်၍ တက္ကသိုလ်ဝင်တန်း အောင်စဉ်က ဖခင် ဦးမေအောင် ကဲ့သို့ ရနောင်း ဘုရင်ခံဆု ရရှိခဲ့သည်။ သားငယ် ထွန်းလှအောင်မှာ ကိုလိုနီခေတ် အုပ်ချုပ်ရေး လောကတွင် ထင်ရှား၍ လွတ်လပ်ရေး ခေတ်ဦးတွင် ရဲမင်းကြီး ဦးထွန်းလှအောင် ဖြစ်သည်။ သမီးငယ် မမြစိန်မှာ မြန်မာ အမျိုးသမီးများ ထဲမှ ပထမဦးဆုံး အမ်အေ (သုတေသန အထူးပြု) ဘွဲ့၊ အောက်စဖို့ဒ် တက္ကသိုလ်မှ ဘီလစ်ဘွဲ့များ ရခဲ့သော သမိုင်းပညာရှင်တဦး ဖြစ်သည်။ ဥပစာတန်းတွင် ပထမ ရ၍ ဖခင်ကဲ့သို့ ဂျားဒင်းဆု ချီးမြှင့်ခြင်း ခံရသည်။
ဦးမေအောင်သည် မြန်မာနိုင်ငံ ပညာရေး ဆင်ဒိကိတ် အဖွဲ့ဝင်၊ ရန်ကုန် တက္ကသိုလ် ကောင်စီဝင်၊ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် တဦး ဖြစ်၍ ကရက်ဒေါက် စီမံကိန်းတွင် ပါဝင်ခဲ့ရရာ အချို့ ပုဂ္ဂိုလ်များ၏ အထင်မှား အမြင်မှား ခံခဲ့ရပါသည်။ ထို့ကြောင့် ပြည်ထဲရေး ဝန်ကြီးချုပ် ဦးမေအောင် ကွယ်လွန်သည့် အခါ ဒီးဒုတ် ဂျာနယ်၊ ဒုတိယတွဲ နံပါတ် ၂ (၁၂ ဇွန် ၁၉၂၆ ) တွင် ဒီးဒုတ် ဂျာနယ် တည်းဖြတ်သူ ဒီးဒုတ် ဦးဘချိုက အောက်ပါအတိုင်း မှတ်ချက် ချခဲ့ပါသည်

အထူးဝမ်းနည်းဖွယ်
ပြည်ထဲရေး ဌာန ဝန်ကြီးချုပ် ဦးမေအောင်သည် ဇွန်လ ၅ ရက်၊ စနေနေ့ ည ၈ နာရီ ၃၅ မိနစ်တွင်၊ မေမြို့ (ပြင်ဦးလွင်)ရှိ နေအိမ်၌ အနိစ္စရောက်ကြောင်း ကြားသိရသော ကျွန်ုပ်တို့မှာ။ အထူးဝမ်းနည်း နှစ်မြောမိသည် ဖြစ်ရာ။ ထိုသတင်းကို ကြားသိရသော တိုင်းရင်းသား မှန်သမျှတို့မှာ။ ကျွနိုပ်တို့ ကဲ့သို့ပင် ဝမ်းနည်းလိမ့်မည်ဟု မျှော်လင့်ပေကြောင်း။ သွားလေသူ ဦးမေအောင်မှာ။ အင်္ဂလိပ်ဘာသာ၌ သာလျှင် အထူး ပေါက်မြောက် ချီးမွမ်းလောက်သော ပဂ္ဂိုလ် မဟုတ်သေး။ မြန်မာဘာသာ – ပေါရာဏနှင့် ဝေါဟာရ စာဟောင်း စာမျဉ်း တို့ကိုလည်း။ အထူးလိုလား လိုက်စားသော ပုဂ္ဂိုလ်ကြီးဖြစ်သည့် အားလျော်စွာ။ ယခု နာမည် ထင်ရှားလျက် ရှိသော ပရိုဖက်ဆာ ဆရာလွန်း ထံ၌ တပည့် ခံခဲ့ဖူး၍။ ရှေးဧချင်းဟောင်း ၁၂ စောင်တွဲ စာအုပ် တအုပ်ကို ကိုယ်တိုင် တည်းဖြတ်၍ပင် ရိုက်နှိပ် ဖြန့်ချိ ခဲ့ဘူးလေသည်။ ဤကဲ့သို့ စွယ်စုံပညာဂုဏ် အရည်အချင်းဖြင့် ပြည့်စုံသဖြင့်။ မြန်မာပြည် တိုင်းရင်းသားတို့ ရရှိနိုင်သော ရာထူးများ အနက်။ အကြီးဆုံး ဖြစ်သော ပြည်ထဲရေး အမတ်ကြီး ရာထူးဖြင့်။ အစိုးရတို့၏ ချီးကြူး ခန့်အပ်ခြင်းကို ခံခဲ့ရသည် ဖြစ်ရာ။ အဆိုပါ ပုဂ္ဂိုလ်ကြီး၊ ထင်ရှား ရှိနေခြင်းသည်။ မြန်မာပြည်ကြီး၏ ကြက်သရေပင် ဖြစ်ရကာ။ ယခုကဲ့သို့။ သက်တန်း မစေ့မှီ။ ကွယ်လွန် အနိစ္စ ရောက်ရခြင်းအတွက်။ သာ၍ပင် ဝမ်းနည်းဘွယ် ဖြစ်ချေသည်။

အထင်မမှားအပ်ပေ
ဦးမေအောင် – ပြည်ထဲရေး ဝန်ကြီးချုပ် ရထူးကို ထမ်းရွက် နေခိုက်၌၊ တိုင်းသူ ပြည်သားတို့နှင့် တဘက် တလမ်း ပြုလုပ်သည်ဟု အချို့သော သတင်းစာများ၌ စွပ်စွဲချက် အရ။ သွားလေသူ ဦးမေအောင် အပေါ်၌ အထင် မမှားအပ်ပေ။ ဦးမေအောင်သည်။ အစိုးရ အမှုထမ်း အဖြစ်သို့ မရောက်မှီ။ ဝိုင်အမ်ဘီအေ အသင်း၌။ ဥက္ကဋ္ဌ အဖြစ်ဖြင့်ပင် အတော်ကြာ ဆောင်ရွက် ခဲ့သည့်ပြင်။ ဝတ်လုံ အတတ်ကို။ အင်္ဂလန်ပြည်သို့ သွားရောက် သင်ကြားပြီးနောက်။ မြန်မာပြည်သို့ ပြန်၍ ရောက်ရှိသော ဝတ်လုံများ အနက်။ မိမိတို့ မျိုးရိုးဇာတိ အဝတ် အစားကို မပြောင်းလဲဘဲ။ အမြဲဝတ်ဆင်လေ့ ရှိသူမှာ။ ဦးမေအောင်ပင် ဖြစ်ရကာ။ ဤကဲ့သို့ မျိုးရိုး ဇာတိကို ရိုသေသော ပညာရှိ တယောက်သည်။ မိမိ အလိုအလျောက်အားဖြင့်။ တိုင်းသူပြည်သားတို့ ဆန့်ကျင်၍။ တိုင်းပြည် ပျက်စီးအောင် ပြုလိမ့်မည်ဟု မမျှော်လင့်အပ်ပေ။ မိမိထမ်းရသော ရာထူး၏ အခွင့် ရှိသလောက် သာလျှင် ဆောင်ရွက်နိုင်သည် ဖြစ်ရာ၊ ဦးမေအောင်၏ စီမံခန့်ခွဲခြင်းတို့သည်။ တိုင်းသူ ပြည်သားတို့၏ အလို နှင့် ဆန့်ကျင်ခဲ့သော။ အုပ်ချုပ်ခြင်း စည်းစနစ် ဖြစ်သော ဒိုင်အာကီကို သာလျှင် အပြစ်တင် ထိုက်ပေသည်။ (မူရင်းသတ်ပုံ အတိုင်း ဖော်ပြပါသည်။)
” . . . အင်္ဂလိပ်ဘာသာ၌ သာလျှင် အထူး ပေါက်မြောက် ချီးမွမ်းလောက်သော ပုဂ္ဂိုလ် မဟုတ်သေး။ မြန်မာ ဘာသာ – ပေါရာဏနှင့် ဝေါဟာရ စာဟောင်း စာမျဉ်း တို့ကိုလည်း။ အထူးလိုလား လိုက်စားသော ပုဂ္ဂိုလ် ကြီးဖြစ်သည့် အားလျော်စွာ။ ယခု နာမည် ထင်ရှားလျက် ရှိသော ပရိုဖက်ဆာ ဆရာလွန်း ထံ၌ တပည့် ခံခဲ့ ဖူး၍။ ရှေးဧချင်းဟောင်း ၁၂ စောင်တွဲ စာအုပ် တအုပ်ကို ကိုယ်တိုင် တည်းဖြတ်၍ပင် ရိုက်နှိပ် ဖြန့်ချိ ခဲ့ဘူး လေသည်။ ဤကဲ့သို့ စွယ်စုံပညာဂုဏ် အရည်အချင်းဖြင့် ပြည့်စုံသဖြင့်။ မြန်မာပြည် တိုင်းရင်းသားတို့ ရရှိနိုင် သော ရာထူးများ အနက်။ အကြီးဆုံး ဖြစ်သော ပြည်ထဲရေး အမတ်ကြီး ရာထူးဖြင့်။ အစိုးရတို့၏ ချီးကြူး ခန့် အပ်ခြင်းကို ခံခဲ့ရသည် ဖြစ်ရာ။ အဆိုပါ ပုဂ္ဂိုလ်ကြီး၊ ထင်ရှား ရှိနေခြင်းသည်။ မြန်မာပြည်ကြီး၏ ကြက် သရေ ပင် ဖြစ်ရကာ။ ယခုကဲ့သို့။ သက်တန်း မစေ့မှီ။ ကွယ်လွန် အနိစ္စ ရောက်ရခြင်းအတွက်။ သာ၍ပင် ဝမ်းနည်း ဘွယ် ဖြစ်ချေသည်။ . . . ” . [၂ဝဝ၇ ခုနှစ်၊ နိုဝင်ဘာလမှာ Unity စာပေက ပထမအကြိမ် အဖြစ်ထုတ်ဝေ ဖြန့်ချိ ခဲ့တဲ့ မောင်ဇေယျာရဲ့ 'ကမ္ဘာသိ မြန်မာများနှင့် ကမ္ဘာသိ မြန်မာ စာအုပ်များ' ကနေ "စွယ်စုံပညာရှင် ဦးမေ အောင်" အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။]

အညွှန်း။
   1. ဇော်ဂျီ၊ သခင် ကိုယ်တော်မှိုင်း ဋီကာ၊ ဒု-နှိပ်၊ ရန်ကုန်၊ ၁၉၆၉၊ စာ ၄၇။
   2. ၂၅ နှစ်မြောက် ဓမ္မဗျူဟာ ငွေရတုစာစောင်။ ရန်ကုန်၊ ဓမ္မဗျူဟာ စာစောင်တိုက်၊ ၁၉၈၆။
   3. ဝိုင်အမ်ဘီအေ ၇၅ နှစ် ခရီး၊ ရန်ကုန်၊ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း၊ ၁၉၈၂။
   4. ‘အထူးဝမ်းနည်းဖွယ်’၊ ဒီဒုတ်ဂျာနယ် အတွဲ၂၊ အမှတ်၂ (၁၂ဇွန် ၁၉၂၆ ) စနေ၊ စာ ၁။
   5. Twentieth Century Impressions of Burma. London: Lloy’ds Greater Britain Publishing
   6. Pe Maung Tin, U. ‘The late U May Oung, obituary notice’ JBRS.Vol.16, Pt.2(Dec 1926) P.158.
   7. Who’s who in Burma (Myanmar).
   8. Calcutta: Indo-Burma Publishing Agency, 1926.P.172
[မိုးဂျာနယ်၊ အမှတ် ၂၊ ဖေဖော်ဝါရီ ၂ဝဝ၅]
 http://www.arakanfolks.com  မှကူးယူဖော်ပြပါသည်။