သင်္ကြန်အစမဟာမြတ်မုနိက

သင်္ကြန်အစ ဇာကလဲ?


သင်္ကြန်ဆိုစွာ သူများတိပြောလို့ရီလောင်းရီကစပ်စွာလောက်ရာ သိနီကတ်ကေ အဓိပ္ပါယ်မသိ
လူတိကို လူဖြိုက်ရှုံးရေလို့ပြောကေ လွန်ဖို့မဟုတ်လို့ထင်ပါရေ.......

တစ်ချို့ကပုဂံခေတ်ကစရလို့ပြောကတ်တေ.....ပုဂံခေတ်မပေါ်ခင်ကပင် တစ်ခေတ်တစ်ခါက
ပုဂံဆိုစွာဇာနားမှာဟိမ့်စွာမသိရေအချိန်ခါကပါ သင်္ကြန်ဆိုစွာ ခေတ်အဆက်ဆက်ကပင် နှစ်
တစ်နှစ်၏ ကုန်လားခြင်းကို ဆီးပိုက်ပြီးကေ နှစ်သစ်ကိုကြိုဆိုခကတ်တေ။ပုဂံဆိုစွာ မပေါ်
ခင်ကပင်ဆိုကတ်စွာကို လူတိမိန့်နီကတ်တေ ထင်ပါယင့်။မိန့်နီကတ်တေဆိုကေလဲ သမိုင်း
ကိုမသိ အစဖော်ထုတ်ခွင့်မရခ  လူမျိုးတစ်မျိုးက တစ်မျိုးကိုနှိမ်ချင် နှိတ်ကွက်ချင်ကတ်တေ
အတွီးတိအတ္တတိကြောင်းလားဆိုစွာကို သမိုင်းအမှားသိရေလူတိအတွက်ကတော့ခါ အဟုတ်
ကြီးထင်နီကတ်လိမ့်မေ။သင်္ကြန်ဆိုစွာ ဒေပိုင်ပေါ်လာရေဆိုစွာကို ရခိုင်သူ/ရခိုင်သားတိသိ
အောင် တင်ပီးလိုက်ရပါရေ...........။


သင်္ကြန်ဆိုစွာ ရခိုင့်သမိုင်းမှာ ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစိုင် ရခိုင်ပြည် ဓည၀တီပြည့်
ရှင်စန္ဒသူရိယဘုရင်မင်းမြတ် (သက္ကရာဇ်၉၇-၁၄၉)ရခိုင်ပြည်ကို အုပ်ချုပ်ခရေအခါက ဗုဒ္ဓ
ရုပ်ထုတော်ကို သွန်းလုပ်ခရေလို့ သမိုင်းကျေက်စာအထောက်အထား အရ သိဟိမ့်ခပါရေ။
စန္ဒသူရိယဘုရင်မင်းမြတ်သည် ဗုဒ္ဓ၏ဟောကြားပြသမှုတို့၏ သတင်းကိုကြားသိခရပြီး
ဗုဒ္ဓကိုရိုသေကိုးကွယ်ချင်ရေဆန္ဒပြင်းပြလာခရေလို့ အဆိုဟိမ့်ခပါရေ။အိန္ဒိယနိုင်ငံ သာဝတ္တိ
ပြည်တွင် သီးတင်းသုံးနီထိုင်တော်မူသော ဂေါတမဗုဒ္ဓသည် ထိုအကြောင်းအရာကို သိဟိမ့်
လာရေအတွက်နန့် ဗုဒ္ဓက သူဧသာဝက အာနန္ဒာအား ပြောပြစွာမှာ "ကြောက်ဖို့ကောင်း
ရေ ရီနဂါးများအုပ်ချူပ်ထားရေ ကြီးမားကျယ်ပြန့်ရေ မြစ်ပင်လယ်သမုဒ္ဒရာကို ဖြတ်လို့လာ
 ရဖို့ဖြိုက်တေအတွက် ဒေပိုင်ခက်ခဲကြမ်းတမ်းစွာခရီးရေ စန္ဒသူရိယဘုရင်မင်းမြတ်အတွက်
အလွန်အန္တရယ်ဟိမ့်လိမ့်မေ။"ယင်းတွက်ကြောင့် တပည့်ရဟန္တာ(၅၀၀)နှင့်အတူ ဂေါတမဗုဒ
္ဓရေကောင်းကင်ခရီးနဲ့ကြွရောက်လာပြီးကေ ကျောက်တော်မြို့ဧ တဖက်ကမ်းဟိမ့် မောရပဗ္ဗတ
တောင်မှာ ဆင်းသက်ရပ်နားတော်မူခပါရေ။ ယင်းမှာ ဗုဒ္ဓဧ ရှေးရှေးဘ၀ပေါင်းများစွာက ကျင်
လည်တော်မူခရေနီရာမှာ ဗုဒ္ဓဧ ဓါတ်တော်တိကို ဌာပနာထည့်ဖို့ ဘုရားပုထိုးများကိုလဲ တိုင်း
ပြည်အနှံ့တည်ထားကိုးကွယ်လာကတ်လိမ့်မေလို့ ကြိုတင်ဟောကိန်းထုတ် ဗျာဒိတ်တော်
ပီးခပါရေ။ယင်းပိုင်ဗျာဒိတ်ပီးချိန်မှာ မဟာပထ၀ီမြီကြီးရေ တုန်လှုပ်ပြီးကေ ပင်လယ်သမုဒ္ဒရာ
တို့ရေ ရီပူအိုးတိဆူစွာပိုင် ဆူပါလတ်တေ။ စန္ဒသူရိယဘူရင်မင်းမြတ်ရေ ယင်းနိမိတ်လက္ခ
ဏာဧဆိုလိုရင်းကို သူဧဗေဒင်ဆရာ ၊ ဟူးရားဟတ်တို့ကို မီးမြန်းစုံစမ်းပီးကေ တုန်လှုပ်ထိတ်
လှန့်ခြင်းဖြစ်မိရေ။ ဂေါတမဗုဒ္ဓ ရခိုင်ပြည်ကို ရောက်ရှိလာရေအကြောင်းကို ဘုရင်မင်းမြတ်
သိဟိမ့်ခရေအခါ ရာပေါင်းများစွာသော အခြွေအရံ၊ သူဧမိဖရားခေါင်ကြီး စန္ဒရမာလာ၊သူဧ
မှူးမတ်တိုင်းသူပြည်သားတိနဲ့တတူ ပဗ္ဗတတောင်ထက်သို့တက်ပါလာတေ။ဘုရင်မင်းမြတ်
ရေဂေါတမဗုဒ္ဓကို အရိုအသေပီးပြီးကေဗုဒ္ဓက သူကိုပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတရားတော်ကို ဟော
ကြားသင်ပြခလီရေ။ ယပီးကေ မြို့တော်မှာ(၇)ရက်ကြာ သီတင်းသုံးနီထိုင်ဖို့စွာကို ဗုဒ္ဓက
သဘောတူလက်ခံခရေ။ မြို့တော်ကနီ ဗုဒ္ဓမထွက်ခွာခင် ဗုဒ္ဓပရိနိဗ္ဗာန် ပြုပီးကေနှစ်ပေါင်း
(၅၀၀၀)တိုင်ကြည်ညိုလေးစားခံရဖို့ဖြိုက်တေ ဆံတော်ဓါတ်နှင့် ဗုဒ္ဓဧရုပ်ထုကိုယ်ပွါးတော်
တစ်ဆူထားခမေလို့ ဗုဒ္ဓကသဘောတူလက်ခံပါရေ။ နန်းတော်ရာဧ အရှေ့မြောက်ဖက်
သီရီဂုတ္တတောင်ကုန်းပေါ်မှာ အလေးအမြတ်ထားရှိကာ ဗုဒ္ဓရုပ်ထုတော်ကို ကောင်းကင်ဘုံ
 ဗိသုကာပညာရှင် နတ်များဧဘုရင် သိကြားမင်းနှင့်အတူ စန္ဒသူရိယဘုရင်မင်းမြတ်အပါအ၀င်
တိုင်းသူပြည်သားတိက တည်ထားကိုးကွယ်ခကတ်ပါရေ။ ရုပ်ထုတော်အတွင်းပိုင်းသို့ဂေါတမ
 ဗုဒ္ဓဧ ရင်ငွေ့တော်ထည့်လိုက်တေအခါ ဂေါတမဗုဒ္ဓနှစ်ဆူရှိလာစွာပိုင် ဖြိုက်လာပါရေ။အံသြ
ကြည်ညိုဖို့ကောင်းရေ လက္ခဏာတိပေါ်ထွက်လာပါရေ။ မဟာပထ၀ီမြီကြီး တုန်လှုပ်လာပြီး
ကေရုပ်ထုတော်ရေ တဖြည်းဖြည်း အသက်ဟိမ့်စွာပိုင် သူဧနောင်တော် ဂေါတမဗုဒ္ဓကိုကြို
ဆိုရေအနေအထားနှင့်မတ်တပ်ထရပ်ပါလတ်တေ။ ယင်းပြီးနောက် ဂေါတမဗုဒ္ဓရေ သူဧ
သာဝက ဗုဒ္ဓရဟန်းတော်တိနဲ့တတူ သံတွဲဖက်သို့ ကောင်းကင်ခရီးနဲ့ကြွလားခပါရေ။ယင်း
ပိုင်အချိန်မှာ ဘုရင်စန္ဒသူရိယမင်းမြတ်ရေ သူဧမူးမတ်သေနာပတိရို့နဲ့တတူ အကြောင်းကိစ္စ
တိကို တိုင်ပင်ပြီးကေ ဗုဒ္ဓဧစစ်မှန်ရေ ရုပ်ထုတော်ကို ကိုးကွယ်    ဆည်းကပ်ပြီးကေ ပွဲလမ်း
သဘင်တိ ကျင်းပလီပါရေ။ ရုပ်ထုတော် ဧထူးခြားချက်တိမှာ ရောင်ခြည်တော်ခြောက်သွယ်
ထွက်ဟိမ့်လာပါရေ။ ရိုသေကိုင်းချိုင်း လူများမှာ အနီးကပ် ဖူးမျှော်လာရေအခါရောင်ခြယ်
တော်များထွက်ဟိမ့်ပြီးကေ အယုံအကြည်မဟိမ့်ရေလူတိဖူးမျှော်ကတ်တေအခါ ရောင်ခြည်
တော်တိလဲမှေးမိန်ပျောက်လားလေ့ဟိမ့်ရေလို့ အဆိုဟိမ့်ပါရေ။ ရုပ်ထုတော်တည်ဟိမ့်ရေ
နီရာဧပတ်ဝန်းကျင်အရပ်လေးမျက်နှာတိမှာ အစောင့်အရှောက်ဖြိုက်တေ ကျောက်ရုပ်ထုများ
ထားဟိမ့်ပြီးကေ မကောင်းရေ အကြံအစည်တိရည်ရွယ်ချက်တိနဲ့ဗုဒ္ဓရုပ်ပွါးတော်အနားသို့
 လာရောက်ကတ်တေလူတိကို အ၀ီးသို့ရှောင်လားစီပါရေ။
ယင်းချိန်ကပင်စလို့ ရခိုင်ပြည်ကို ဗမာဘုရင်ဘိုးတော်မောင်ဝိုင်း သိမ်းပိုက်လိုက်တေအချိန်က
နီပနာရခိုင်မဟာမြတ်မုနိဘုရားကို ဘိုးတော်မောင်ဝိုင်း အမရပူရသို့ပင့်ဆောင်ပြီး ယူလားရေ
အချိန်ကနီစပြီးကေ ဘုရားရီသပ္ပါယ်ရေ ဓလေ့လဲ မဟာမြတ်မုနိဘုရားနဲ့တတူ အရှေ့ပြည်
ဗမာပြည်သို့ ပါဆောင်လားခပါရေ။ ယင်းကတစ်ဆင့် ပုဂံခေတ်ကိုရောက်လာရေခါ ရီကစပ်
စွာတိရီလောင်းကတ်စွာတိစွာ ပုဂံခေတ်နဲ့တတူ တစ်ဖန်ဆန်းသစ်ပြီးကေ  ရိုးရာဓလေ့တစ်ခု
ပိုင်ပေါ်ပေါက်လာရေဆိုစွာ ယုံမှားသံသယမဟိမ့်ပါ။ ..........
ရခိုင်မှာတော့ခါ အဂုထိတိတောင်ဘုရားရီသပ္ပါယ်ပြီးကေ တစ်ယောက်ကိုတစ်ယောက်
ရီလောင်းရီကစပ်ကတ်ပါရေအဂုဗမာပြည်မှာ ကတော့ခါ ယင်းပိုင်ဘုရားရီသပ္ပါယ်ရေဓလေ့
မဟိမ့်သလောကပါဗျယ်ယေ။ ရခိုင်တိဓလေ့မှာတော့ခါ ဘုရားရီသပ္ပါယ်ဖို့ နံသာသွီးရေဓလေ့
ကအယင်လုပ်ပြီးကေ နဲ့သာသွီးပွဲကြီးကို ရီမလောင်းခင် အရင်ပွဲကျင်းပပြီးခါမှ ရီလောင်းကတ်
ပါရေ။ ဘုရားရီမသပ္ပါယ်ပဲ ရီလောင်းကတ်တေလူတိကို အပြစ်ကြီးရေလို့ယူဆကတ်ပါရေ။
ဇာဖြိုက်လို့လဲဆိုကေ သင်္ကြန်ဆိုစွာဘုရားကိုအယင် ရီသပ္ပါယ်လို့ကျန်ခရေနံ့သာရီတိနဲ့
တစ်ယောက်ကိုတစ်ယောက် ဘေးရန်တိကင်းဝီးစီဖို့ နှစ်ဟောင်းကိုဆီးကြောပြီးကေ နှစ်သစ်ကို
ကြိုဆိုရေအနီနဲ့ ဆင်နွဲခကတ်စွာ ခေတ်အဆက်ဆက်ကနီ အဂုချိန်တိပါဗျယ်ယေ။
ယင်းတွက်ကြောင့် သင်္ကြန်ဆိုစွာ ဗုဒ္ဓဘုရားဆင်းထုတော် မဟာမြတ်မုနိဘုရားကစရေလို့ ရခိုင်
သမိုင်းမှာအထောက်အထားနှင့်တကွ အခိုင်အမာတွီ့ရပါရေ။ သင်္ကြန်ဆိုစွာမဟာမြတ်မုနိ
ဘုရားက စခစွာဆိုစွာကို ယုံမှားသံသယမဟိမ့်ခပါဗျယ်.....။

facebook တစ်ခုမှာစာကိုရခိုင်စာအဖြိုက်ပြန်လည်ရီးသားခြင်းဖြိုက်ပါရေ။


                 ဝန်ခံချက် ။ ကျွန်တော်၏ ဘလော့ တွင်ဖော်ပြထားသောအကြောင်းအရာများသည် 
                     ကျွန်တော်၏ ကိုင်ပိုင်စိတ်ကူး ကိုင်ပိုင်အိုင်တီ နဲ့ ဖန်တီးထားတာ မဟုတ်ပါကြောင်း ... 
                           ကျွန်တော်ရဲ့ ဘလော့ ဧည့်သည်များကိုအမြဲခင်မင်လျှက်ပါ။ 
                                                    ကျေးဇူးတင်ပါတယ်
                 

ရခိုင်သားဝေါဟာရကိုနားမလည်သောကျစွာမင်း


ရခိုင်သားတို့သည် ရှေးပဝေသဏီကပင်လျှင် ဝေါဟာရ စကားလုံး အသုံးအနှုံး အလွန်တော်တတ်
သော ကြွယ်ဝသော လူမျိုးများ ဖြစ်လေသည်။ လူတယောက်၏ ကေါင်းမှု မကေါင်းမှု အပေါ် မူတည်၍ သေဆုံးသည်ကို ပြောဆိုရာတွင် အလွန်ထိရောက်လှသည်။ သေသူသည် မည်သည့် အတွက်ကြောင့် သေသည်ကို ရုပ်လုံးပေါ်အောင် ကွက်ကွက် ကွင်းကွင်း မြင်အောင် ပြောနိုင်ပေသည်။

ဥပမာ။ စန့်သည်၊ လစန့်ကြောင်သည်၊ ပြောသည်နှင့် လူဆိုး သူခိုး အယုတ် သေသည်ဟု လူအများအ လွယ်တကူ နားလည်ကြလေသည်။
ထို့ပြင် မသာဖြစ်သည်၊ လုပ်တိုင်းသွားသည်၊ အသုဘဖြစ်သည်၊ အနိစ္စဖြစ်သည်၊ သဂြို င်္သည်၊  မြေမြုပ်
သည်၊ ခတ်နှင့်ပစ်သည်၊ ၀ဲပစ်သည်၊ မြုတ်နင်းပစ်သည်၊ တွင်းမှာထည့်သည်၊ တွင်းလုသည်၊တွင်းမှာ
နင်း သည်၊ တွင်းဆုံးကျသည်၊ သေနိစေ့သည်၊ ကံကုန်သည်၊ မပြန်ခရီး သွားသည်၊ အစိမ်းသေသည်၊စု
တေ သည်၊ နတ်ရွာစံသည်၊ ပျံလွန်သည်၊ စသည်ဖြင့် သေသူ၏ လုပ်ကိုင်ခဲ့သော အလုပ်အကိုင်
နှင့်သေပုံသေ သေပုံသေနည်း၏ ဘ၀အပေါ်တွင် မူတည်၍ သေဆုံးခြင်းကို ပြောဆိုလေ့ရှိသည်။

ထိုထက်ထူးဆန်းသော ဝေါဟာရတခုမှာ ရွှေတောင် ငွေတောင် တက်သည် ဟူသော အသုံးပင် ဖြစ်သည်။ အမိ သို့မဟုတ် ဖခင် တဦးဦး သေဆုံးသွားသည့် လူတယောက်ကို မိတ်ဆွေ တဦးက မသိ၍ မေးမြန်းသောအခါ၊ အမိ ရွှေတောင် ငွေတောင် တက်လားစော် တလဟိယာ၊ ၄လ ဟိယာ၊ တနှစ်ဟိယာ၊( အမိသေဆုံးသည်မှာ တလရှိပြီ၊ ၄ လရှိပြီ၊ တနှစ်ရှိပြီ၊) စသည်ဖြင့် အမိ နှင့် အဘ သေသည်ကို သာလျှင် ရွှေတောင် ငွေတောင် တက်သည် ဟူ၍ ပြောဆိုလေ့ ရှိကြသည်။ အမိနှင့်အဖ သေသည်ကိုသာလျှင် သုံးရသည် တခြားလူ အဖိုး အဖီးတို့ကို ပင်လျှင်မပြောရ၊ မသုံးရ။ ဤရွှေတောင် ငွေတောင် တက်သည်ဟူသော စကါးလုံးသည် ရခိုင်သား တို့၏ အလွန်ရှေးကျသော ဝေါဟာရ စကါးလုံး တခုပင် ဖြစ်လေသည်။

ရခိုင်သားတို့ ပုဂံပြည်သို့ ရောက်သွားပြီးနောက် ဤရွှေတောင်တက်သည် ဟူသော ဝေါဟာရကို ပုဂံခေတ် စူဠာမဏိ လေးမျက်နှာ ဘုရားကျောက်စာ၌ ဤသို့ရေးထါးသည်။ သကရစ် ၅၉၇ ခု အာသိန်းနှစ် နံကါလ(မှတ်ချက်။ ရခိုင်လအခေါ်) ဆန်း ၄ ရက် ကြာသပတေးနေ့ ကျစွာမင်း ရွှေတောင်တက်ပြီ၊ ဟူ၍ နန်းစံရသည်ကို ရွှေတောင်တက်သည် ဟူ၍ရေးထါးလေသည်။ ဤကျောက်စာတခုလုံးကို လေ့လာပါက ရခိုင်ဝေါဟာရ များချည်း ဖြစ်နေသည်ကို တွေ့ရလေသည်။ ရခိုင်နှင့်ဗမာသည် ၃၅ နှစ်တာမျှ အနီးကပ် ဆက်ဆံနေထိုင် ခဲ့ကြသော်လည်း ဗမာတို့သည် ရခိုင်ဝေါဟာရ အားလုံးကို မရရှိခဲ့ခြင်းသာဖြစ်၍ ရွှေတောင်တက်သည် ဆိုသည်မှာ လူသေသည် ဟူ၍ မယူဆဘဲ နန်းတက်ရာတွင် သာလျှင် ကျစွာမင်း သုံးစွဲရေးသားခြင်း ဖြစ်လေသည်။

ဦးကျော်ခိုင်
ရခိုင်သားကြီးစာပီ စာကြည့်တိုက်မှာ ကူးယူဖော်ပြပါသည်။

            ဝန်ခံချက် ။ ကျွန်တော်၏ ဘလော့ တွင်ဖော်ပြထားသောအကြောင်းအရာများသည် 
              ကျွန်တော်၏ ကိုင်ပိုင်စိတ်ကူး ကိုင်ပိုင်အိုင်တီ နဲ့ ဖန်တီးထားတာ မဟုတ်ပါကြောင်း ... 
                     ကျွန်တော်ရဲ့ ဘလော့ ဧည့်သည်များကိုအမြဲခင်မင်လျှက်ပါ။ 
                                             ကျေးဇူးတင်ပါတယ်

ရခိုင်ဖောင့်ထွက်ပါဖို့ဗျယ်လတ်

်အဂု facebook မှာတွီ့လာရရေ ရခိုင်သားတိုင်းအတွက်ဆိုပီးကေ မာရယု(ရခိုင်ဖောင့်)ထွက်ပါဖို့ဗျယ်
လို့ပြောသံတိကြားနီရပါဗျယ်။ ဓာတ်ပုံတိတင်ထားစွာကို ကျွန်တော်ရို့ထပ်တင်ပီးပါမေ။


           ဝန်ခံချက် ။ ကျွန်တော်၏ ဘလော့ တွင်ဖော်ပြထားသောအကြောင်းအရာများသည် 
             ကျွန်တော်၏ ကိုင်ပိုင်စိတ်ကူး ကိုင်ပိုင်အိုင်တီ နဲ့ ဖန်တီးထားတာ မဟုတ်ပါကြောင်း ... 
                  ကျွန်တော်ရဲ့ ဘလော့ ဧည့်သည်များကိုအမြဲခင်မင်လျှက်ပါ။ 
                                              ကျေးဇူးတင်ပါတယ်

ထုက္ကန့်သိမ်


ရခိုင့်ဂုဏ်ဆောင် ဗိသုကာလက်ရာတစ်ခုဖြစ်သည်။ မြောက်ဦးမြို့ ရှစ်သောင်း ဘုရားအနီး ပေ၁၂၀ ခန့်မြင့်သော ကုန်းပေါ်တွင် တည်ရှိသည်။ ကျောက်ဖြင့် တည်ထားသည်။ တောင် မြောက် ပေ ၁၁၀ ၊ အရှေ့အနောက် ၁၃၇ ပေရှိပြီး ပေ ၆၀ မျှမြင့်သည်။ အထက်ဝါတွင် အလယ်စေတီကြီး နှင့် အရံလေး

ဆူပါရှိသည်။ စေတီတိုင်းတွင် ကုဗပုံ ဓာတုဂဗ္ဘပေါ်၌ ထီးတင်ထားသည်။ ဂူဝလမ်းတစ်ခုတည်းသာရှိပြီး လက်ယာရစ် လိုဏ်နှစ်ထပ်ရှိသည်။ လိုဏ်နံရံတွင် ဂူကျောင်းငယ် ၁၄၆ ကျောင်း၌ ကုသိုလ်ရှင်များ က ပူဇော်နေဟန် ကျောက်ဆစ်ရုပ်လုံးကြွ ၃၃၀ ကျော်ပါရှိသည်။ မင်းဖလောင်းသည် မိမိအုပ်ချုပ်ရေး အသားတကျဖြစ်စေရန် ထုတ်ကန်သည့်အနေဖြင့် ၁၅၇၁ ခုတွင် တည်ခဲ့ခြင်းဖြစ်၍ ထုက္ကန့်သိမ်ဟုတွင် သည်။ သိမ်တော်၌ ဓမ္မသဘင်ပွဲများကျင်းပခဲ့ကြသည်။ လိုဏ်လမ်းအဆုံးတွင် အာရုံခံအဆောက်ရှိသည်။ ပုထိုးတော်၏ အနောက်တောင်ထောင့်တွင် ဥပုဒ်ဆောင်တော်ရှိသည်။

https://www.facebook.com/photo.php?fbid=477383975651414&set=a.476006252455853.106558.476001089123036&type=
1&theater  ကောက်နုတ်ဖော်ပြသည်။

           ဝန်ခံချက် ။ ကျွန်တော်၏ ဘလော့ တွင်ဖော်ပြထားသောအကြောင်းအရာများသည်  
            ကျွန်တော်၏ ကိုင်ပိုင်စိတ်ကူး ကိုင်ပိုင်အိုင်တီ နဲ့ ဖန်တီးထားတာ မဟုတ်ပါကြောင်း ... 
                    ကျွန်တော်ရဲ့ ဘလော့ ဧည့်သည်များကိုအမြဲခင်မင်လျှက်ပါ။ 
                                             ကျေးဇူးတင်ပါတယ်