ရခိုင်ရိုးရာသင်္ကြန်ပွဲကို
နှစ်စဉ်နှစ်တိုင်း ဧပြီလတွင်ကျင်းပပြုလုပ်ကြပါသည်။ ရခိင်ဒေသအလိုက်
သင်္ကြန်ပွဲတော်ရက်များကွဲပြားခြားနားပါသည်။ သင်္ကြန်ပွဲတော်ဆင်ယင်ကျင်းပ
ရာတွင် ရခိုင်လူမျိုးတို့မျာ အယင်ဆုံး နံသာသွေးပွဲဆင်ယင်ကျင်းပရသည်။
၎င်းကိုသင်္ကြန်အကြိုနေ့ တွင် ရပ်ကွက်၊ မြို့တိုင်းတွင် ပြုလုပ်ကြသည်။
နံသာသွေးရန်အတွက် ရခိုင်သူများသည် မိမိအိမ်မှ သနပ်ခါး ကျောက်ပျဉ်များ၊
နံသာဖြူ၊ နံသာနီစသည့် အမွေးနံသာ စသည်တို့ကိုယူဆောင်လာပြီး စုဝေးညီညွတ်
ပျော်ရွှင်စွာဖြင့်နံသာသွေးကြရပါသည်။ ကာလသားလူငယ်တို့မှာက
ရိုးသာသံစဉ်တီးမှုကခုန်ခြင်းများ၊ သံချပ်တိုင်ခြင်းများဖြင့်
သီဆိုဖျော်ဖြေမှုများပြုလုပ်ကြပါသည်။
နောက်တစ်နေ့ဘုရားရေသပ္ပါယ်(ဘုရားရီချိုး)ပွဲနေ့တွင်
မိမိတို့ရေသပ္ပါယ်ပွဲပြုလုပ်မည့် ဘုရားကျောင်းကန် တို့ကို စီတန်း၍ ခြေလျင်
(သို့မဟုတ်) ကားများဖြင့် စုဝေးသွားကြပါသည်။ ဘုရားကျောင်းကန်များသို့
ရောက်သောအခါ ဘုရားဆင်းတုတော်များအား နံသာရေများဖြင့် ရေသပ္ပါယ်ခြင်း၊
ဘုရားကျောင်းကန် ၀န်ကျင်များအား
အမှိုက်များလှဲကျင်းခြင်းတို့အားပြုလုပ်ကြပါသည်။
နောက်တစ်နေ့မှစ၍
သင်္ကြန်ရေကစားခြင်းကို နှစ်ဆန်းတစ်ရက်နေ့ထိ ဆင်ယင်ကျင်းပကြပါသည်။
ရခိုင်ရိုးရာရေလောင်းမဏ္ဍပ်တွင် ရခိုင်လှပျိုဖြူများက တူညီဝတ်စုံဝတ်ဆင်ပြီး
မဏ္ဍပ်ခုံပေါ်တွင် ငွေဖလား ကိုယ်စီကိုင်လျှက်ထိုင်နေကြပါသည်။ မဏ္ဍပ်ထဲတွင်
ရေအပြည့်ဖြည့်ထားသော လောင်းကြီးထားရှိပါသည်။ မဏ္ဍပ်တွင် မဏ္ဍပ်အုပ်ချုပ်သူ
(မဏ္ဍပ်ရှင်မ)ငါးဦးခန့်ရှိပါသည်။ ရေလောင်းသူများသည် မိမိ
ရေလောင်းချင်သည့်လှပျိုဖြူအားတွေ့လျှင် မဏ္ဍပ်ရှင်မထံတွင်ခွင့်တောင်းရပါသည်။
မဏ္ဍပ်ရှင်မက ခွင့်ပြုမှသာလျှင်ရေလောင်းရပါသည်။ ကာလသားလူပျိုအနေဖြင့်
မိမိကြိုက်နှစ်သက်သူအမျိုးသမီးငယ်အား ရွေးချယ်ပြီးရေလောင်းနိုင်ပါသည်။
လူပျို၏ရွေးချယ်မှုကိုငြင်းဆန်ခြင်းမပြုရပါ။
နှစ်ဆန်းတစ်ရက်နေ့တွင်
သက်ကြီးပူဇော်ပွဲကိုကျင်းပကြပါသည်။ သက်ကြီးပူဇော်ပွဲကျင်းပါရတွင် အဘိုး၊
အဘွားများကို လက်သည်းခြေသည်းများလှီးဖြတ်ပေးခြင်း၊
ခေါင်းလျှော်ပေးခြင်းများ ပစ္စည်းများနှင့်ငွေသားများ
လှူဒါန်းပေးခြင်းများပြုလုပ်လေ့ရှိပါသည်။ ၄င်းသက်ကြီးပူဇော်ပွဲတွင်
သက်ကြီးဘိုးဘွားများအား ရခိုင်ရိုးရာအကများဖြင့်ဖျော်ဖြေလေ့ရှိပါသည်။

















0 blogger-facebook:
Post a Comment