ရခိုင် မဟာရာဇဝင်တော်ကြီး ကျမ်းပြုစုသူ ဦးထွန်းရွှေခိုင် ( မဟာဝိဇ္ဇာ ) ကို
ရခိုင်ပြည်နယ် ၊ ရမ်းဗြဲမြို့ ၊ အဖ ကုန်သည်ကြီး ဦးလာဘ + အမိ ဒေါ်ငွေချိန်တို့မှ
၁၉၄၉ ခုနှစ်တွင် မွေးဖွားခဲ့ပါသည် ။ အမည်ရင်းမှာ ထွန်းရွှေခိုင်ပင်ဖြစ်သည် ။
၁၉၇၂ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှ ဝိဇ္ဇာ ( ပထဝီဝင် )ဘွဲ့
ကိုရရှိခဲ့သည် ။ ထိုနှစ်မှာပင် လုပ်သားများကောလိပ် ပထဝီဝင်ဌာနတွင် အချိန်
ပိုင်း နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ။ ၁၉၇၃ ခုနှစ်တွင် စစ်
တွေ ဒေသကောလိပ်၌ ပထဝီဝင်နည်းပြအဖြစ် ဆက်လက်တာဝန်ယူခဲ့သည် ။
၁၉၇၇ ခုနှစ်တွင် "" စစ်တွေမြို့မြေအသုံးချရေး "" စာတမ်းဖြင့် ရန်ကုန်
တက္ကသိုလ်မှ မဟာဝိဇ္ဇာတန်းကို ဖြေဆိုအောင်မြင်ပြီးနောက် စစ်တွေ ဒေသ
ကောလိပ်တွင် ပထဝီဝင်ဌာန လ/ထကထိက ၊ ဌာနမှူးအဖြစ် ခန့်အပ်ခြင်းခံ
ရပါသည် ။
၁၉၇၈ ခုနှစ်တွင် မော်ကွန်းထိန်းအဆင့် ( ၂ ) ဖြင့်လည်းကောင်း စစ်တွေ
ဒီဂရီကောလိပ်တွင် မော်ကွန်းထိန်း အဆင့် ( ၁ ) ဖြင့်လည်းကောင်း တာဝန်
ထမ်းဆောင်ခဲ့ပြီးနောက် ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့်နိုင်ငံခြာ
တက္ကသိုလ်တို့တွင်လည်း တာဝန်များကိုထမ်းဆောင်ခဲ့ပါသည် ။
ထို့နောက် ပါရဂူဘွဲ့ ( Ph.D ) အတွက် "" Evolution Of Rakhine
Ancient Capitals "" ရခိုင်သမိုင်းကိုကျမ်းပြုစု တင်သွင်းခဲ့ပါသည် ။ ထွန်းရွှေ
ခိုင် ( မဟာဝိဇ္ဇာ ) အမည်ဖြင့် ရခိုင်သမိုင်းစာအုပ်များနှင့်ရခိုင့်ယဉ်
သုတေသနစာတမ်း စာအုပ်များစွာတို့ကိုရေးသားပြုစု ထုတ်ဝေခဲ့ပါသည် ။
ထို့နောက် ရခိုင့်သမိုင်းများကိုကမ္ဘာကသိစေရန်အတွက် အင်္ဂလိပ်ဘာ
သာဖြင့်ထုတ်ဝေသော "" A Guide To Mrauk - U "" & "" A Guide
To Mahamuni "" ဟူသော စာအုပ် နှင့် ယခုထုတ်ဝေလိုက်သော "" ရခိုင်
မဟာရာဇဝင်ကြီး "" အပါအဝင် စာအုပ် ရေပေါင်း ၁၈ အုပ် ထုတ်ဝေခဲ့ပါသည် ။
ရခိုင် - မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်း ၊ ရခိုင်သမိုင်းသုတေသီ
ဆရာတော် အသျှင်စက္ကိန္ဒ ၊ ရခိုင်သမိုင်း စာပေပညာရှင် ညွှန်ကြားရေးမှူးချုပ်
ဦးစံသာအောင်တို့နှင့်တွဲဖက
ယဉ်ကျေးမှုများကိုလည်း ဖေါ်ထုတ်တင်ပြ ဆောင်ရွက်နေပါသည် ။
ယခုအခါ ဆရာကြီးသည် ဇနီးဖြစ်သူ ဒေါ်သန်းသန်းမြင့် ( စစ်တွေဇာတိ )
သား နေမျိုးထွန်း ။ မောင်သန့်ဇင်ထွန်းသမီး မဝါဝါဝင့်ခိုင်တို့နှင့်အတူ
တွင်နေထိုင်ရင်း ရခိုင်တို့၏ ထေရဝါဒကိုးကွယ်မှုဆိုင်ရာ အစဉ်အလာ သမိုင်း
နှင့်ရခိုင်သမိုင်းစာပေများ
ပြု စာတမ်းများစွာတို့ကို ရေးသားလျှက်ရှိနေပါသည် ။
ကိုးကား / ရခိုင် မဟာရာဇဝင်တော်ကြီး
ဦးထွန်းရွှေခိုင် ( မဟာဝိဇ္ဇာ )
0 blogger-facebook:
Post a Comment