
Auslogics BoostSpeed ဆိုတဲ့ စွယ်စုံသုံး Maintenance Tool ကိုတော့ တော်တော်များများ ရင်းနှီး ကြမယ်လို့ ထင်ပါတယ်ဗျာ။ မိမိရဲ့ ကွန်ပြူတာအတွက် အသုံးတည့်စေမယ့် Tools ပေါင်း 13မျိုးအထက် ပါဝင်ပါတယ်ဗျာ။ သူငယ်ချင်းတို့ရဲ့ကွန်ပြုတာနဲ့ အင်တာနက်ကိုမြန်ဆန်အောင်လုပ်ဖို့ အစွမ်းထက်တဲ့ optimizer ဆော့လ်ဝဲဖြစ် ပါတယ်၊ ကွန်ပြုတာကို သန့်ရှင်းပေးပြီး မြန်ဆန်အောင် လုပ်ပေးပါတယ်။ Startup မြန်ဆန်ခြင်း ၊ အင်တာ နက်မြန်နှုန်းမြှင့်ပေးခြင်း၊ Internet Explorer, Firefox တို့မှာမလိုအပ် တဲ့ဖိုင်များကိုလည်းရှင်းလင်းပေးဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။Registry နှင့် Disks ကမလိုအပ်တဲ့ junk files တွေကိုလည်းရှင်း ထုတ်ပေးပါတယ်။ Disk Defrag , Internet Optimizer , Tweak Manager , Duplicate File Finder , File Shredder , Disk Wiper , Startup Manager , Uninstall Manager , Service Manager , Task Manager , System Information , Rescue Center , Browser Manager စတဲ့ Tools တွေပါဝင်ပါတယ်။ ရင်းနှီးပြီးသားကတော့ အပေါ်မှာပြောပြခဲ့တဲ့ Feature တွေကိုသိနိုင် ပါတယ်။ မသိသေးသူများအတွက်လည်း Tools တစ်ခုချင်းရဲ့ လုပ်ဆောင်ချက်အသေး စိတ်ကိုရှင်းပြပေး ထားပါတယ်ဗျာ။ ဒီဆော့လ်ဝဲကို Windows XP / Vista /7 / 8 တင်ထားတဲစက်မှာအ သုံးပြုနိုင်ပါတယ်။
0 blogger-facebook:
Post a Comment