သမိုင်းဆိုစွာ၊ရှည်ကြာကာလ
ကြောင်းရာစုံစုံ၊ဖြစ်ပျက်ပုံကို
အာရုံမျက်မြင်၊မထင်မရှား
မူန်ဝါးဝါးနန့်၊ရွီးသားဖော်ထုတ်
ဟုတ်လိမ့်နိုးနိုး၊မှန်လိမ့်နိုးဟု
ကျမ်းကိုးတင်ပြ၊သက်သီပြကတ်
ငြင်းခုံကတ်နန့်၊ရပ်တန့်မနား
အမှန်တရားလျှင်၊ဘဝင်စွဲမိ
ဖြေမညှိနိုင်။
ကျမ်းပြုဆရာ၊ဘယ်ဝါဘယ်သူ
မည်သည့်သူက၊ကာလကြာညောင်း
အတိတ်ကြောင်းကို၊အဟောင်းအသစ်
မွှီနှောက်ပစ်လည်း၊ဇစ်မြစ်တိကျ
မသိရနိုင်၊သူနိုင်ကိုယ်နိုင်
ကိုယ်ပိုင်သလောက်၊ထောက်ထားရွီးသား
မှန်းဆအားပြု၊သုတေသန
မှန်လီစွာဟု၊စိတ်မှအထင်
သူ့အမြင်ရာ။
သမိုင်းကြောင်းကို၊ကိုယ်မြင်သူမြင်
ကိုယ်ထင်သူထင်၊ထင်မြင်ယူဆ
ရွီးသားကြ၏။သူကအမှန်
ငါအမှန်ဟု၊အမှန်အတ္တ
ယူဆကိုယ့်ဟန်၊ကိုယ်ကမှန်ဟု
သူ့ဟန်အမှား၊မထောက်ထားနှင့်
လေးစားဖွယ်ပင်၊ချစ်ကျွှန်းဝင်၍
ခရီးလမ်းပေါက်၊ပန်းဖူးရောက်လိမ့်။ ။
မောင်မင်းမာ(မြောက်ဦး)
0 blogger-facebook:
Post a Comment