Home » »
မကြန်(ဒေါ်ကြန်)

မကြန်(ဒေါ်ကြန်)




မွေးသက္ကရာဇ်                   ၁၉၁၉-ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့

အမည်ရင်း                        ဒေါ်ကြန်

မိဘအမည်                       ဦးကျော်ထွန်း + ဒေါ်ငွေနှစ်

နိုင်ငံ                                 မြန်မာ

ကိုးကွယ်သည့်ဘာသာ      ဗုဒ္ဓဘာသာ

မွေးဖွားရာဒေသ              သံတွဲမြို့

မကြန် (၁၉၁၉-) စာရေးဆရာမကြီး မကြန်ကို အဖ-ဦးကျော်ထွန်းနှင့် အမိ-ဒေါ်ငွေနှစ်တို့မှ ၁၉၁၉-ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင် တောင်ကုတ်မြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ ဒေါ်ကြန်ဖြစ်သည်။

ပညာရေး

၁၉၃၅ -သံတွဲမြို့ အစိုးရဟိုက်စကူးကျောင်းမှ ဟိုက်စကူးဖိုင်နယ်ခေါ် ဆယ်တန်းကို(က)အဆင့်မှ အောင်မြင် ခဲ့သည်။ သံတွဲမြို့ အစိုးရ ဟိုက်စကူးကျောင်းတွင်ပင် အလယ်တန်းပြ ဆရာမအဖြစ် ခေတ္တ ၀င်ရောက် လုပ်ကိုင်ခဲ့သည်။ ထို့နောက် ရခိုင်တိုင်းစာတိုက်ဌာန၊ သံတွဲစာတိုက်နှင့် စစ်တွေစာတိုက်တို့တွင် အထက် တန်းစာရေးအဖြစ် အမှုထမ်းခဲ့။ ၁၉၅၁ - ပညာဆက်လက်သင်ယူရန် အတွက် စာတိုက်အမှုထမ်း အလုပ်မှ ထွက်ခဲ့။ ထို့နောက် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်၍ ပညာဆက်လက်ဆည်းပူးခဲ့။ ၁၉၅၄ - S. Class ခေါ် အထူးတန်း အခွင့်အရေးရသဖြင့် (၃)နှစ်နှင့် ၀ိဇ္ဇာဘွဲ့ကိုရရှိခဲ့။ ထို့နောက် ရန်ကုန် တက္ကသိုလ် အင်္ဂလိပ် စာဌာနတွင် နည်းပြ(၂)နှစ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၅၆ -သမိုင်းကော်မရှင်(နောင် သမိုင်းသုတေသန ဦးစီးဌာန)တွင် ကျမ်းပြုအရာရှိအဖြစ် ခန့်ထားခြင်းခံရ။ အမှုထမ်းရင်း သမိုင်းမဟာဝိဇ္ဇာတန်းကို တက်ခဲ့။ ၁၉၅၇ - ၅၉ - နိုင်ငံသမိုင်းသုတေသန ဦးစီးဌာနတွင် အကြီးတန်းသုတေသနမှုးအဖြစ် အမှုထမ်းစဉ် မြန်မာ့ သမိုင်းအထောက်အထားများ ကူးယူစုဆောင်းရေးစီမံကိန်းအရ အင်္ဂလန်နိုင်ငံသို့ သွားရောက် တာဝန် ထမ်းဆောင်။

ပြုစုရေးသား ပုံနှိပ်ပြီး ကျမ်းများ

၁၉၅၉ - မဟာဝိဇ္ဇာ-သမိုင်းဘွဲ့ရရှိ။

၁၉၆၃ - ဘင်္ဂလားသွား စာတမ်း - တည်းဖြတ်

၁၉၆၈ - ရတနာသိင်္ခမြို့ထွက် ရဲတင်းမော်ကွန်း - တည်းဖြတ်

၁၉၇၈ - မြန်မာနိုင်ငံ အခြေအနေ (၁၈၈၅ - ၈၆)

၁၉၈၁ - ပဒေသရာဇ် မြန်မာနိုင်ငံ ဇာတ်သိမ်း

၂၀၀၂ - လက်ရွေးစင် သုတေသန စာတမ်း၊ ဆောင်းပါး အပုဒ် ၅၀ စုစည်း၍ သမိုင်း ရှာပုံတော် ခရီးနှင့် အခြား စာတမ်းများ စာအုပ်

၂၀၀၃ - မဟာ ဝန်ရှင်တော် မင်းကြီး အုပ်ချုပ်ရေး (၁၈၈၆ - ၉၇)

၂၀၀၄ - ကုန်းဘောင်၏ နောက်ဆုံး အားမာန်

၂၀၀၅ - ကိုလိုနီ ခေတ်ဦး ကျေးရွာ အုပ်ချုပ်ရေး (၁၈၈၆ - ၉၇)

၁၉၈၅ - ၁၉၉၀ - အမှတ် (၁) စက်မှု ဝန်ကြီး ဌာနတွင် မြန်မာနိုင်ငံ စက်မှု လက်မှု သမိုင်း ၆ အုပ်၊ အကြံပေး ပြုစု ရေးသားသည်။

၂၀၀၅ - မြန်မာသမိုင်းနှင့် ဆက်နွယ်သော အနောက်နိုင်ငံသားများ

၂၀၀၆ - Selected Writings of Daw Kyan

၂၀၀၆ - ကျမ်းသုတေသနပြုခြင်း

၂၀၀၆ - ကုန်းဘောင်ခေတ် မြန်မာ့ ရဲမက်တော်များ

၂၀၀၇ - ရွှေတိဂုံ စေတီတော်ကြီးမှ ကြေးအုတ်များ စာတမ်းကို ဒေါက်တာ ရီရီနှင့် ပူးတွဲ ပြုစုသည်။

၂၀၀၈ - သမိုင်းဟူသည်နှင့် အခြားစာတမ်းများ


လုပ်ဆောင်ခဲ့သော တာဝန်များ

၁၉၇၇ - Cultural Award Scheme ဖြင့် သြစတေးလျနိုင်ငံ မြို့ကြီးများသို့ သွားရောက်လေ့လာခဲ့။ ထို့နောက် သက်ပြည့် အငြိမ်းစားယူပြီး သမိုင်းသုတေသနဦးစီးဌာနမှာပင် အကြံပေးပုဂ္ဂိုလ်အဖြစ် (၄)နှစ်ဆက်လက်တာဝန် ထမ်းဆောင်။ အငြိမ်းစား ယူပြီးနောက်တွင်လည်း အမှတ်(၁)စက်မှုဝန်ကြီးဌာနတွင် မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်း (၆)အုပ်ကို အကြံပေးပုဂ္ဂိုလ်အဖြစ် ၀င်ရောက်ရေးသားပြုစုသည်။ ဆရာမ ကြီးသည် နိုင်ငံသမိုင်း သုတေသနစာတမ်း ကြီးငယ်များ၊ သမိုင်းဆောင်းပါးများနှင့် အင်္ဂလိပ် ဘာသာဖြင့်ရေး သားသော ဆောင်းပါးများကို များစွာရေးသား ခဲ့သည်။ မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ်၊ စာပေနှင့် လူမှုရေးသိပ္ပံဂျာနယ်၊ သမိုင်းတံခွန်၊ သမိုင်းသုတေသန စာစောင်၊ ပညာပဒေသာစာစောင်၊ ကလျာ၊ စစ်ပြန်၊ မြ၀တီ၊ ငွေတာရီ၊ မိုးဝေ၊ နိုင်ငံ့ဂုဏ်ရည်၊ ဂန္တ၀င်မဂ္ဂဇင်း တို့တွင် ဆောင်းပါးများ၊ စာတမ်းများရေးသား။

၁၉၇၈ - မြန်မာနိုင်ငံအခြေအနေ(၁၈၈၅-၈၆) စာအုပ်ထွက်ရှိ။ (ယင်းစာအုပ်ဖြင့် အမျိုးသားစာပေဆု(သုတ၀ိ ဇ္ဇာ)ဆုရရှိခဲ့)။ ၁၉၈၁ - ပဒေသရာဇ် မြန်မာနိုင်ငံဇာတ်သိမ်း စာအုပ်ပြုစုထွက်ရှိ။ ၂၀၀၂ - သမိုင်းရှာပုံတော် ခရီးနှင့် အခြားစာတမ်းများ စာအုပ်ထွက်ရှိ။ (ယင်းနှစ်အတွက် အမျိုးသားစာပေ(သုတ၀ိဇ္ဇာ)ဆုရရှိ။) ၂၀၀၃ - မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေး(၁၈၈၆-၁၈၉၇)စာအုပ်ထွက်ရှိ။ အမျိုးသားစာပေ(သုတ၀ိဇ္ဇာ)ဆုရရှိ။ ၂၀၀၄ - ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆု ချီးမြှင့်ခံရ။ ကုန်းဘောင်၏နောက်ဆုံးအားမာန် စာအုပ် ထွက်။ ဆရာမကြီးမကြန်သည် အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့ဝင် မြန်မာ့စွယ်စုံ ရည်ညွှန်းကျမ်း အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်လျှက်ရှိ။ မြန်မာစာအဖွဲ့ ဦးစီးဌာနတွင်လည်း အချိန်ပြည့် မြန်မာစာအဖွဲ့ ၀င်အဖြစ် တာဝန် ထမ်းဆောင်လျှက်ရှိ။

ရေးသားထုတ်ဝေပြီးစာအုပ်များ

၁။အင်္ဂလန်သွားစာတမ်း(တည်းဖြတ်)

၂။ရတနာသိင်္ခထွက်ရဲတင်းမော်ကွန်း(တည်းဖြတ်)

၃။မြန်မာနိုင်ငံ အခြေအနေ(၁၈၈၅-၈၆)

၎။ပဒေသရာဇ် မြန်မာနိုင်ငံ ဇာတ်သိမ်း

၅။ရွှေတိဂုံစေတီတော်ကြီး ကြေးအုပ်များစာတမ်း(ဒေါက်တာရီရီနှင့်တွဲဖက်ပြုစု)

၆။သမိုင်းရှာပုံတော်ခရီးနှင့် အခြားစာတမ်းများ

၇။မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်ရေး (၁၈၈၆-၁၈၉၇)

၈။ကုန်းဘောင်၏နောက်ဆုံးအားမာန်
http://www.arakanfolks.com မှကးယူဖော်ပြပါသည်

0 blogger-facebook:

Post a Comment